စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ ကျပ်သိန်းရာဂဏန်းပေးပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများထံ တစ်လ ကျပ်သိန်းပေါင်းများစွာပေးပြီး ဖွင့်လှစ်နေကြသည်ဟု စုံစမ်းသိရှိ ရသည်။

ကျောက်မဲမြို့မှ သီပေါမြို့ အဝင် ပြည်ထောင်စုလမ်းမ ပေါ်ရှိ စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ရွာမ တွင်ဖွင့်လှစ် ထားသည့် လောင်းကစားဝိုင်း၊ ကျောက်မဲမြို့နယ် ပိန္နဲကုန်းအုပ်စု ကုန်းသာကျေးရွာ တွင်ဖွင့်သည့် လောင်းကစား ဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်များထံ တစ်လ ကျပ်သိန်း ၁၅၀ ပေးဆောင်ပြီး ဖွင့်လှစ် ထားသည်ဟု ဆိုသည်။

“အကုန်လုံးက အခွန်ဆောင်ပြီး ဖွင်ႉနေကြတာပဲ။ လာပိတ်ပေးဖို့ ကျနော်တို့ သွားတိုင်လည်း ဘာမှလာမပိတ် ပေးဘူး။ ပြောတာတော့ လာလုပ်ပေးမယ်လို့ပြောတယ်။ တကယ်တော့ ဖွင့်ထားတဲ့ နေရာကို လာမပိတ်ဘူး။ သူတို့က အခွန်ရထားတော့ အေးဆေးနေကြတာ” ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။

သီပေါမြို့ စံဖိတ်တွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းသည် ကျောက်မဲမြို့က တရုတ်အမျိုးသား ဉီးအားတီ ဆိုသူဖြစ်ပြီး ကျောက်မဲမြို့မှာ ဖွင့်လှစ်သည့် လောင်းကစားဝိုင်းတွင် တောင်နောက်(ဝ့်) ရွာက ဉီးဝင်းထွန်း ဆိုသူဖြစ် သည် ဟု ဒေသခံများက ပြောသည်။

သျှမ်းပြည်တွင်း လောင်းကစားဝိုင်း

အောက်တိုဘာလ ပထမပတ်အတွင်း သီပေါမြို့တွင် လူကြီးခရီးစဉ်ကြောင့် စံဖိတ်ဘုန်းကြီးကျောင်း လောင်းကစားကို ခေတ္တပိတ်ပြီး စရဖ ရုံးထဲ နှစ်ရက်ကြာ ပြောင်းလှဲ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်းကြောင်ႉ ဒေသတွင်း ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများ ယခင်ကထက် ပိုများလာသောကြောင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သိရသည်။

“သူခိုးတွေလည်း များလာတယ်။ ပြီးတော့ ဓားပြတွေလည်းရှိလာတယ်လေ။ အဲ့လောင်းကစားဝိုင်းက သူတွေလည်း ရန်တွေဖြစ်ကြတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်လာတယ်” – ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မြို့တော် တောင်ကြီးအပါအဝင် မြို့ကြီးများဖြစ်သည့် လားရှိုးမြို့၊ ကျိုင်းတုံမြို့အပြင် နယ်မြို့များလည်း လောင်းကစားဝိုင်းများ နေ့စဉ်ရက်ဆက် တိုးများလာနေသည် ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။ တချို့လောင်းကစားဝိုင်းများသည် ဒေသအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များထံလည်း အခွန်အခ ပေးဆောင်ရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...