လားရှိုးမြို့

ယာဥ်မောင်းမကျွမ်းကျင်မှုကြောင့် လားရှိုး အမျိုးသမီးငယ် ယာဥ်တိုက်သေဆုံးမှုဖြစ်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့တွင် ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် ညနေ ၃ နာရီတွင် ကားတစ်စီးသည် ရပ်တန့်ရန်အတွက် ဘရိတ်နှင့် လီဘာ မှားနင်းမိရာ အမျိုးသမီး (၂) ဦးကို တိုက်မိခဲ့ပြီး ထိုထဲမှ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း...

စစ်အာဏာရှင်ကြောင့် လူငယ်တွေ ပြည်ပထွက်အလုပ်ရှာရ

ချမ်းအေးလွန်းတဲ့ တောင်ပေါ်ဒေသရဲ့ ဆောင်းရာသီရဲ့ ဒဏ်ကို အံတုပြီး လက်ထဲမှာ စာရွက်စာတမ်းအပြည့်အစုံနဲ့ တန်းစီနေကြပါတယ်။ အချိန်ဟာ မနက် ၁ နာရီ ဖြစ်ပြီး သျှမ်းပြည်ရဲ့ ဆောင်းရာသီ မြူနှင်းတွေကိုတောင် ဂရုမစိုက်အားဘဲ မျှော်လင့်ချက် ကိုယ်စီနဲ့သာ တန်းစီနေကြတာပါ။ အဲ့ တန်းစီစောင့်ဆိုင်းနေတဲ့သူတွေဟာ ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ် Passport စာအုပ်ရရှိဖို့...

လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းဝင်ထဲ မရှိသူ စစ်တပ်က စစ်ဆေးတင်းကြပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းထဲ မရှိသူများ မြို့နယ်မှူးထံသို့ အကြောင်းကြားရမည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းအချိန်က လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းတွင် နေထိုင်သည့် ဒေသခံများ အိမ်ထောင်စုစာရင်း ဝင်ထားခြင်းရှိ၊ မရှိ စစ်ဆေးပြီး၊ အိမ်ထောင်စု...

နမ္မတူ-လားရှိုး ကားလမ်းကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၈ တွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် ၆ ရက်မြောက်ကြာ အဆက်သွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ အဆိုပါပျောက်ဆုံးသွားသူသည် အသက် (၃၅)နှစ်အရွယ်ရှိ စိုင်းလှသိန်းဖြစ်သည် နိုဝင်ဘာ ၅ရက် မနက် (၉)နာရီခွဲတွင် ဆိုင်ကယ် အနီရောင်ဖြင့် နမ္မတူမြို့ နေအိမ်မှ လားရှိုးနေအိမ်သို့ ပြန်သွားသည့် လမ်းတွင်...

လားရှိုးမြို့တွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု ၆ မိုင်ကျေးရွာတွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် အီနိုင်းကျေးရွာအုပ်စုတွင် သားအရင်းမှ မိခင် ဖြစ်သူကို ဓားဖြင့် ခုတ်သတ်သွားကြောင်း ဒေသခံများ၏...

စစ်ကောင်စီ ဦးစီးပြီး ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒေသခံများက စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ ဦးစီးပြီး တန်ဆောင်တိုင်ပွဲတော်ကို ပြုလုပ်မည်ဟု ဆိုသဖြင့် ပွဲတွင်းကာလတွင် ပဋိပက္ခဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။ လာမည့် နိုဝင်ဘာလ ၇ ရက်တွင် စတင်ပြီး မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ သင်္ကန်းယက်လုပ် ပူဇော်ပွဲ၊ စိန်နားပန် မီးပုံးပျံ ၂...

လားရှိုးမြို့တွင်း ရေချောင်းထဲ ရေအနီရောင်အဖြစ် ပြောင်းလဲ စီးဆင်းနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်း ရေနုတ်ချောင်းထဲတွင် ချောင်းရေများ အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းလာနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၉ ရက် နေ့လည် ၁၂ ခွဲအချိန်မှ စတင်ပြီး ကောက်ကွေ့ချောင်းမှ စီးဆင်းလာသော ချောင်းရေသည် အနီရောင်အဖြစ် ပြောင်းလဲပြီး...

လားရှိုးမြို့ အိမ်ခြေမဲ့ နေထိုင်သူများ သေဆုံးမှုများလာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်ခြေမဲ့ နေထိုင်သူများ ယခု အောက်တိုဘာလ အတွင်း ၅ ဦးထက် မနည်း သေဆုံးကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများ၊သူခိုး ဓားပြ များပြားခြင်း၊ အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ခြေမဲ့ နေထိုင်သူများလည်း...

လားရှိုးမြို့ အမျိုးသား တစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅ အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းအချိန်တွင် ရပ်ကွက် ၅ အတွင်း မန်ကောင်းကျောင်းလမ်း နှင့် ၄၃ လမ်းအနီးမှာ ဓားဖြင့်ခုတ်ခံရပြီး...

လားရှိုး လောင်းကစားဝိုင်းထဲ လာဆော့သူများ ဒိုင်က ထမင်းကျွေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၆) တွင်းရှိ လောင်းကစားဝိုင်းအတွင်း လာရောက် ဆော့ကစားသူများကို ထမင်းခေါ်ကျွေးနေကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာလတွင်းမှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ မန်နားပြည်သူ့စစ်ခေါင်း ဦးဆောင်ကာ လောင်းကစားဝိုင်းထဲသို့ လာရောက် ဆော့ကစားသူများတိုင်း အိမ်ပြန်စရာမလိုရန် ဒိုင်မှ ထမင်းခေါ်ကျွေးနေကြောင်း လားရှိုးမြို့ဒေသခံ...

Latest news