စစ်ကောင်စီ ဦးစီးပြီး ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒေသခံများက စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ ဦးစီးပြီး တန်ဆောင်တိုင်ပွဲတော်ကို ပြုလုပ်မည်ဟု ဆိုသဖြင့် ပွဲတွင်းကာလတွင် ပဋိပက္ခဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။

တန်ဆောင်တိုင်ပွဲတော်

လာမည့် နိုဝင်ဘာလ ၇ ရက်တွင် စတင်ပြီး မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ သင်္ကန်းယက်လုပ် ပူဇော်ပွဲ၊ စိန်နားပန် မီးပုံးပျံ ၂ လုံးလွှတ်တင်ခြင်း၊ မီးပုံးငယ်များ လွှတ်တင်ခြင်းနှင့် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း ကြေငြာထားသည်။

“ လောလောဆယ်တော့ မီးပုံးပျံပွဲထဲမှာ ဗုံးခွဲမှာကို စိုးရိမ်နေတယ်။ ကလောမြို့မှာလည်း မီးချောတိုင်ပွဲ လုပ်မယ်လို့ ပြောတယ်။ လားရှိုး၊ မေမြို့ တွေမှာ စစ်ကောင်စီက တစ်နိုင်ငံ လုံးလုပ်ခိုင်းနေတယ်လို့ ကြားတယ်။ အဲ့တော့ ဘယ်မြို့က ပွဲကြီးကြီးမားမား ဖြစ်မယ်တော့ မသိဘူး။ ပွဲကတော့ ဖြစ်မှာတော့ဖြစ်တယ် “ ဟု တောင်ကြီးမြို့ ဒေသခံ အသက် (၃၀) ကျော်အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကစပြီး တောင်ကြီးမြို့ရိုးရာ တန်ဆောင်တိုင်ပွဲတော်ကို မပြုလုပ်လာခဲ့သည်မှာ ၃ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

“ တန်ဆောင်တိုင်ပွဲဆိုတာ ပျော်ပွဲ၊ ရွှင်ပွဲ ပဲလေ။ ဒီပွဲကိုတော့ ရိုးရာဓလေ့ထုံးစံပွဲဆိုပြီး ခေါင်းစဉ်တပ်တာတော့ မကောင်းဘူးလေ။ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်တို့ဘက်မှာ ဒီလောက်ဖြစ်နေ၊ ပျက်နေတဲ့ ခေတ်မှာကို ကိုယ့်မှာက ဒီမှာကို ပျော်ပွဲ၊ ရွှင်ပွဲ လုပ်မယ်ဆိုတော့ တရားမမျှတဘူး။ ကျနော်အနေနဲ့ ပြောရရင်တော့ ဒီပွဲကို လုပ်ကိုမလုပ်စေချင်ဘူး “ဟု ၎င်း အထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် အောက်တိုဘာလ ၇ ရက်မှစပြီး ၉ ရက်ထိ စစ်ကောင်စီ ဦးစီးပြီး တန်ဆောင်တိုင်ပွဲတော်ကို ၃ ရက် ဆက်တိုက် ပြုလုပ်ကျင်းပ သွားမည်ဖြစ်သော်လည်း တောင်ကြီး မီးပုံးပျံ အဖွဲ့အစည်းများက လှုပ်ရှားပြီး ပါဝင်ပူးပေါင်းခြင်း မရှိသေးကြောင်း တောင်ကြီးမြို့ ဒေသခံ အသက် (၂၀) နှစ်ကျော် လူငယ်တစ်ဦးက ပြောသည်။

“ မလုပ်ရတာ ၂ နှစ်ရှိပြီဆိုပေမယ့် ဒီနှစ်တော့ ပွဲစည်မယ်မထင်ဘူး။ ပွဲရက်ကလည်း ၃ ရက် ပဲဆိုတော့လေ၊ ကျနော်တို့ ကြည့်ရသလောက်တော့ ကျနော်တို့ လူငယ်အဖွဲ့၊ မီးပုံးပျံ အဖွဲ့အစည်းတွေက ပါဝင်ပူးပေါင်းတာ မရှိဘူး။ အရင်နှစ်တွေတုန်းကဆိုရင် တန်ဆောင်တိုင်ပွဲမရောက် ရှေ့ (၃-၄) လ အချိန်လောက်က စပြီး မီးပုံးပျံတွေ လုပ်နေတာတွေ တွေ့ရတယ်။ ဒီချိန်မှာ ပွဲလုပ်မယ့်ချိန် မဟုတ်ဘူး “ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

လာမည့် နိုဝင်ဘာ ၄ ရက်မှစပြီး နိုဝင်ဘာ ၇ ရက်ထိ လားရှိုးမြို့အဝင် ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ ဦးစေတော်ကြီးတွင် စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲကြီးကို ၄ ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လားရှိုးမြို့ တန်ဆောင်တိုင်ပွဲတွင် တေးသံရှင် အဆိုတော် ဖြစ်တဲ့ နောနော်၊ လားရှိုး မောင်ဝင်း၊ ဖော့ကိုင်၊ မိုးအောင်ရင်၊ ချောစုခင်၊ L ဆိုင်းဇီ၊ ရွှေရူပါဉီး နှင့် A မီစျာန် စတဲ့ အဆိုများက လာရောက် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း ကြေငြာထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...