စစ်အာဏာရှင်ကြောင့် လူငယ်တွေ ပြည်ပထွက်အလုပ်ရှာရ

ချမ်းအေးလွန်းတဲ့ တောင်ပေါ်ဒေသရဲ့ ဆောင်းရာသီရဲ့ ဒဏ်ကို အံတုပြီး လက်ထဲမှာ စာရွက်စာတမ်းအပြည့်အစုံနဲ့ တန်းစီနေကြပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး

အချိန်ဟာ မနက် ၁ နာရီ ဖြစ်ပြီး သျှမ်းပြည်ရဲ့ ဆောင်းရာသီ မြူနှင်းတွေကိုတောင် ဂရုမစိုက်အားဘဲ မျှော်လင့်ချက် ကိုယ်စီနဲ့သာ တန်းစီနေကြတာပါ။

အဲ့ တန်းစီစောင့်ဆိုင်းနေတဲ့သူတွေဟာ ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ် Passport စာအုပ်ရရှိဖို့ အတွက် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရဲ့ Passport ရုံးရှေ့မှာ လာစောင့်ဆိုင်းနေကြသူတွေပါ။

အဲ့ဒီ လူအုပ်ကြီးဟာ စစ်ကောင်စီ မှ လားရှိုးမြို့မှာ ထုတ်ပြန်ထားတဲ့ မာရှယ်လော ည ၁၂ နာရီမှ မနက် ၄ နာရီထိ အပြင်မထွက်ရ အမိန့်ကို ကြောက်ရွံ့မှု မရှိတော့ဘဲ Passport စာအုပ်ရရှိဖို့သာ အားခဲနေကြပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး

မြန်မာနိုင်ငံဟာ ကိုဗစ် – ၁၉ ကူးစက်ရောဂါ နဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးဟာ ကမောက်ကမ ဖြစ်လာပြီး ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံသို့ ထွက်ခွာပြီး အလုပ်လုပ်ရန် ကြိုးစားနေကြရပါတယ်။

“Passport စာအုပ်ရချင်လို့သာ စွန့်စားရတာပါ၊ လုံခြုံရေးအရဆို စိုးရိမ်ကြောက်လန့်နေရတယ်၊ ၁ နာရီ ၂ နာရီ အချိန်ဆိုတာ မိုးမလင်းခင် မနက်စောကြီး ဖြစ်နေတယ်၊ ကာဖျူး လည်းရှိနေပေမဲ့ Passport စာအုပ် ရဖို့ အတွက် ပွဲစားခ မတတ်နိုင်တဲ့သူတွေက လူကိုယ်တိုင် သွားတန်းစီရတာပေါ့” လို့ အိုက်စိုင်းက ပြောပါတယ်။

အိုက်စိုင်းဟာ တောင်ပေါ်ရွာလေး တစ်ရွာကနေ နိုင်ငံကူး လက်မှတ်ရဖို့အတွက် လားရှိုးမြို့က Passport ရုံးရှေ့မှာ လာရောက်စောင့်ဆိုင်းသူ ဖြစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးမှာ နေ့စဉ်တန်းစီတဲ့သူတွေ များတာကြောင့် မနက် မိုးမလင်းခင်ကတည်းက တန်းစီပြီး စောင့်ဆိုင်းနေကြရတာလို့ အိုက်စိုင်းက တန်းစီးရတဲ့ အတွေ့အကြုံကို ပြောပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး

ကိုဗစ် ကပ်ရောဂါ ပြန့်ပွားမှု အန္တရာယ်ကြောင့် ပြည်ပနိုင်ငံတွေက ပြည်ဝင်ခွင့် ကန့်သတ်လိုက်တာတွေရှိသလို၊ အာဏာသိမ်း စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်တာတွေလည်း ရှိနေပါတယ်။

အဲ့ဒီလို စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့်လည်း လားရှိုးမြို့ Passport ရုံးရှေ့မှာ နိုင်ငံကူးလက်မှတ် ရဖို့ တန်းစီစောင့်ဆိုင်း သူတွေဟာ နေ့စဉ် လူတစ်ရာ နီးပါး ရှိနေပြီး ဒါဟာ အရင်ကထက် ပိုများလာတာဖြစ်ကြောင်း လားရှိုးဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

“ကျနော်တို့ဆို ရွာကနေ တဆင့်လာရတော့ တည်းခိုခန်းခ ကုန်တယ်၊ ပြီးတော့ မနက်အစာကြီး ၅ နာရီလောက်ကစ ထပြီး တန်းစီရတယ်။ လုပ်ကိုင်စားသောက်ဖို့က ရှိပြီးသား အလုပ်တွေတောင် မလုပ်ဖြစ်တော့အောင် ဖြစ်နေတယ်၊ ဒါတွေကြောင့်မို့ပဲ စားဝတ်နေရေး အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ Passport ရအောင် ကြိုးစားရတယ်” လို့ အိုက်စိုင်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်တွင်းကနေ တဖြည်းဖြည်း ထွက်ခွာ သွားကြသလို သာမာန်ပြည်သူတွေအတွက် အကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။

နိုင်ငံကူးလက်မှတ် ရဖို့ ကြိုးစားနေတဲ့ လားရှိုးမြို့နေ အသက် ၂၀ ကျော် စိုင်းပီးကလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှု တွေက အလုပ်အကိုင်အတွက် ပြည်ပကို ထွက်ခွာဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

“ပြည်တွင်းမှာ လုပ်စားဖို့ အဆင်မပြေတော့ဘူး။ ဒီမှာနေရင်လည်း သူတို့ မျက်လုံးထဲမှာ လူငယ်တွေကို PDF လိုပဲ မြင်လိုမြင် စစ်လိုစစ် ဖြစ်နေကြတော့ နိုင်ငံခြားသွားပြီး အလုပ်လုပ်တာ ပိုကောင်းမယ်လို့ ထင်တယ်” လို့ စိုင်းပီး က ပြောပါတယ်။

Passport

စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာ ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်တွေကို ပိုပြီး တင်းကြပ်လာပါ တယ်။ အလုပ်လုပ်ခွင့်အတွက် စောင့်ဆိုင်းရတဲ့ အချိန် ကြာလာတာနဲ့အမျှ သက်ဆိုင်ရာ ဌာနတွေကို ငွေပေးသွင်းဖို့ အိမ်၊ ခြံ၊ မြေတွေ ပေါင်နှံရောင်းချခဲ့ရသူတွေ အခက်တွေ့နေကြပါတယ်။

အလားတူပင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာလည်း နိုင်ငံကူး လက်မှတ် (Passport) စာအုပ် တစ်အုပ် ကို ငွေကျပ် ၃ သိန်းထိ ပေါက်စျေး ရှိနေပြီး အမြန်လိုချင်လည်း လိုသလို ပွဲစားမှ တောင်းသလောက် ငွေကြေး အများကြီး ပေးဆောင်နေရပါတယ်။

အခုလို စစ်ကောင်စီက တင်းကြပ်နေတာနဲ့ပတ်သက်ပြီး ပြည်ပထွက်ဖို့ စောင့်နေသူ တစ်ဦးဖြစ်တဲ့ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ နန်းယွန်းချယ်ရီခိုင် က သူ့ရဲ့ အခက်အခဲကို အခုလို ပြောပြပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး

“အခုချိန်မှာ နိုင်ငံကူး လက်မှတ်လုပ်တာ အရမ်းကြာတယ်။ အလုပ်လည်းပျက်တယ်။ သွားရ လာရလည်း အရမ်း ခက်ခဲတယ်။ Passport လာလုပ်တဲ့ အယောက် ၇၀ မှာ ၄၅ ယောက်က ပွဲစားတွေ ဖြစ်နေတယ်။ နိုင်ငံကူး လက်မှတ် က တကယ်တမ်း လုပ်ရင် (၃) သောင်း လောက်ပဲကုန်တယ်။ ကျမက ပွဲစားနဲ့လုပ်ပြီး အချိန်မြန်မြန်လိုချင်တော့ ၃ သိန်းကျော်လောက် ကုန်သွားတယ်၊ ဒါတောင်တစ်ပတ် လောက်စောင့်ရသေးတယ်” လို့ နန်းယွန်းချယ်ရီခိုင်က ပြောပါတယ်။


လက်ရှိအချိန်မှာ Passport ကိုယ်တိုင်လုပ်ယူပါက တိုကင် နံပါတ်ရရန်အချိန် ၁ လ ကျော်ကြာစောင့် ယူရပြီး စာအုပ် ရရန်အတွက် အချိန် ၃ လကျော်အထိ ထပ်မံစောင့်ယူရတယ်လို့ မယွန်းချယ်ရီခိုင်က ဆက်လက်ပြောဆို ထားပါတယ်။

ဒါ့အပြင် Passport ရုံးမှာ စောင့်ဆိုင်းရတာကလည်း စိတ်လုံခြုံမှု မရှိဘူးလို့ သူက ဆက်လက် ပြောဆို ထားပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး

“အခု နိုင်ငံရေး အခြေအနေက ဘယ်လိုမှ ခန့်မှန်းပြောဆိုလို့ မရဖြစ်နေတော့ ဟိုနား ဗုံးပေါက် ဒီနားဗုံးပေါက်နဲ့ ကျမဆို Passport ရုံးထဲမှာ ရှိတဲ့အချိန်လည်း ဘယ်အချိန်က ဗုံးထပေါက်မလဲ၊ အပစ်ခံရမလား ဆိုတာတွေ တွေးကြောက်နေရတာ၊ လမ်းပိုင်းတစ်လျှောက်လည်း စစ်ဆေးမေးမြန်းတာတွေရှိနေတော့ သွားလာ ဖို့တွေက မကြာသင့်ပဲ ကြာနေရတယ်” လို့ နန်းယွန်းချယ်ရီခိုင် က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှု ကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ တစ်သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး

ဒါ့အပြင် မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ ပြည်တွင်း (ဒါမှမဟုတ်) ပြည်ပမှာ ရွှေ့ပြောင်းသွား လာ နေထိုင်သူတွေ ဖြစ်တယ်လို့ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM-Myanmar) ကလည်း ထုတ်ပြန်ထားပါတယ်။

သျှမ်းပြည်ရဲ့ ဆောင်းရာသီ မြူနှင်းတွေကြားမှာ နိုင်ငံကူး လက်မှတ်စာအုပ် လက်မှတ်ရရှိဖို့ ကြိုးစားနေတဲ့ သျှမ်းပြည်သူ /သားတွေကတော့ အအေးဒဏ်ကို အံတုရင်း ပြည်ပ ထွက်ခွာခွင့်ရဖို့ မျှော်လင့်နေကြဆဲပါ။

“ကျနော်တို့ စစ်အာဏာရှင် ဆက်ရှိနေရင် ဘာမှလုပ်စားလို့မရဘူး။ ရှာစားရတာ ပိုခက်လာတယ်။ ကျနော်တို့ ထွက်ပေါက်က အခုလောဆယ် ထိုင်းနိုင်ငံကို သွားလုပ်ဖို့ပါပဲ” လို့ အိုက်စိုင်းက ဝမ်းနည်းစွာနဲ့ ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...