လားရှိုးမြို့ အမျိုးသား တစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅ အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းအချိန်တွင် ရပ်ကွက် ၅ အတွင်း မန်ကောင်းကျောင်းလမ်း နှင့် ၄၃ လမ်းအနီးမှာ ဓားဖြင့်ခုတ်ခံရပြီး ဒဏ်ရာများစွာရရှိသော လူနာတစ်ဦးကို တွေ့ရှိခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လည်ကုတ်မှာတစ်ချက်၊ ကြောကုန်းမှာ သုံးချက်၊ လက်မှာ နှစ်ချက် ပြီးတော့ လက်မပြတ်တယ်။ အားလုံး ၇ ချက်လောက် ခုတ်ခံထားရတယ်။ ဒဏ်ရာကတော့ တော်တော်ဆိုးဆိုးဝါးဝါးတော့ ရထားတယ် “ ဟု ၎င်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသော အမျိုးသားကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။

အလားတူ လားရှိုးမြို့ ရပ်ကွက် (၇) အတွင်းရှိ အလောင်းစည်သူလမ်းတွင်လည်း ယနေ့ အောက်တိုဘာ (၂၅) ရက် မနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦးက ထိခိုက်ဒဏ်ရာများစွာဖြင့် လဲနေသော အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဆိုသည်။

“မျက်စိ ဖုရောင်ပြီး နဖူးကွဲတယ်၊ ပါးစောင်ဖုရောင်ပြီး ဦးခေါင်းလည်းကွဲတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာတော့ ရထားတယ်။ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ် “ ဟု သိရသည်။

ထို့အပြင် ရပ်ကွက် (၅) ထဲရှိ ရေကန်တောင်ဘက်တွင် ယနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားအလောင်းကို ထပ်မံတွေ့ရှိပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅) အတွင်း ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...