လားရှိူးမြို့ ရွှေမိုင်းရင် ပြောင်းဖူးပွဲရုံ ဓားပြတိုက်ခံရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိူးမြို့နယ် အီနိုင်းကျေးရွာအုပ်စုရှိ ခြောက်မိုင်ကျေးရွာမှ ပြောင်းဖူးပွဲရုံတစ်ခု ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။

ဓားပြတိုက်ခံရသည့် ပွဲရုံ

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက် ည ၇ နာရီ အချိန်တွင် ခြောက်မိုင်ကျေးရွာရှိ ရွှေမိုင်းရင် ပြောင်းဖူးပွဲရုံထဲသို့ အိမ်စီးကား ၂ စီးနှင့် အမျိုးသား ၆ ဦးတို့သည် ပစ္စတိုသေနတ်ကိုယ်စီဖြင့် ရောက်လာကာ ဓားပြတိုက်သွားကြောင်း နီးစပ်သူ အမျိုးသား တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“Crown အမျိုးအစား ကားနှစ်စီး ပွဲရုံရှေ့ကို ရောက်လာတယ်၊ လူတချို့က ကားထဲမှာ နေခဲ့ပြီး အမျိုးသား ၆ ဦးက ပွဲရုံထဲကို ဝင်လာပြီး အိမ်သားတွေကို သေနတ်နဲ့ ထောက်ပြီး မွှေနှောက်တော့တာပဲ၊ မွှေနှောက်ပြီး ဖုန်းတွေ ငွေတွေ ရွှေထည် ပစ္စည်း တွေယူပြီး လားရှိုးဘက်ကို ပြန်ထွက်သွား တယ်လို့” ဓားပြတိုက်ခံရသည့် မိသားစု အသိုင်းအဝိုင်းမှ နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရသည့် အချိန်သည် အိမ်ရှင် မိသားစုဝင် ၅ ဦးရှိနေပြီး ငွေကျပ်သိန်း ၁၀၀ ကျပ်၊ ဖုန်း ၈ လုံး နှင့် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဆုံးရှုံးလိုက်ရကြောင်းလည်း သိရသည်။

ဓားပြလာတိုက်သည့် လူတစ်စုသည် Crown အမျိုးအစား ကားအဖြူရောင် တစ်စီးနှင့် အနက်ရောင် တစ်စီးဖြင့် ရောက်လာပြီး စုစုပေါင်း ၁၀ ဦးနီးပါး ခန့်ရှိနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“သေနတ်နဲ့ထောက်ပြီး ပစ္စည်းတွေကို ယူသွားတာ၊ အလုပ်သမားတွေကလည်း အိမ်ပြန်သွားကြပြီဆိုတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး၊ လူကိုတော့ အန္တရာယ် မပြုသွားဘူး၊ သူတို့ပြောတဲ့ စကားက ဗမာလိုပဲ ပြောတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် တရား ဥပဒေ စိုးမိုးမှု မရှိသည့်အတွက် ဒေသခံပြည်သူများသည် မကြာခဏ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု များကြုံတွေ့နေရသည်။

ထို့အပြင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် သျှမ်းပြည် အပါအဝင် နိုင်ငံတဝှမ်းလုံး၌ ခိုးဆိုးလုယက်မှု များပြားလာပြီး တာဝန်ရှိသည့် ရဲ နှင့် လုံခြုံရေးပိုင်းဆိုင်ရာ ဝာာဝန်ရှိသူများက အဆိုပါ ခိုးဆိုးလုယက်ကျူးလွန်သူများကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...