Thursday, April 25, 2024

လားရှိုးမြို့တွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု ၆ မိုင်ကျေးရွာတွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားကြောင်း သတင်းသိရသည်။

လားရှိုးလူသတ်မှု

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် အီနိုင်းကျေးရွာအုပ်စုတွင် သားအရင်းမှ မိခင် ဖြစ်သူကို ဓားဖြင့် ခုတ်သတ်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ အလောင်းကို သွားသယ် ပေးခဲ့ရကြောင်း လားရှိုးမြို့ အခြေစိုက် ပရဟိတအသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သားဖြစ်သူက မူးယစ်ဆေးကြောင်တယ်လို့ ဒေသခံတွေပြောကြတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ အသေးစိတ် မသိရဘူး၊ အလောင်းသယ်ဖို့ ကျနော်တို့ ရောက်သွား တဲ့အချိန်မှာ အလောင်းက တစ်စစီဖြစ်နေတယ်၊ တချို့ အပိုင်းအစတွေ ရှာမတွေ့တော့ဘူး၊ တစ်ကိုယ်လုံးက ဓားဒဏ်ရာတွေချည်းပဲ” ဟု အထက်ပါ ပရဟိတက ပြောသည်။

မိခင်ဖြစ်သူကို ခုတ်သတ်သွားသည့် သားဖြစ်သူကို ဖြစ်စဥ် ဖြစ်ပြီးပြီးချင်း နာရီဝက်ခန့်အကြာတွင် လက်နက်ကိုင် တပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်းလည်း သိရပြောသည်။

“သားအမိနှစ်ဦးတည်း နေကြတာတဲ့၊ သူ့မိခင်ကို သတ်ပြီး နာရီဝက်အကြာမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လာဖမ်းခေါ်သွားတယ်၊ ဘယ်လက်နက်ကိုင် တပ်ဖွဲ့လည်းတော့ မသိရဘူး၊ အလောင်းကိုတော့ ပြည်သူ့ ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့လိုက်တယ်” ဟု အထက်ပါ ပရဟိတ သမားက ဆက်ပြောသည်။

လက်ရှိ လားရှိုးမြို့နယ်အတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာသလို ခိုးဆိုးလုနှိုက်မှု / ဓါးပြတိုက်မှုများ လည်း များပြားလာပြီး သက်ဆိုင်ရာဘက်မှ ဖြေရှင်းပေးမှု အားနည်းကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြ သည်။

Leave a Comments

- Advertisement -spot_img

Latest article