လားရှိုးမြို့တွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု ၆ မိုင်ကျေးရွာတွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားကြောင်း သတင်းသိရသည်။

လားရှိုးလူသတ်မှု

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် အီနိုင်းကျေးရွာအုပ်စုတွင် သားအရင်းမှ မိခင် ဖြစ်သူကို ဓားဖြင့် ခုတ်သတ်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ အလောင်းကို သွားသယ် ပေးခဲ့ရကြောင်း လားရှိုးမြို့ အခြေစိုက် ပရဟိတအသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သားဖြစ်သူက မူးယစ်ဆေးကြောင်တယ်လို့ ဒေသခံတွေပြောကြတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ အသေးစိတ် မသိရဘူး၊ အလောင်းသယ်ဖို့ ကျနော်တို့ ရောက်သွား တဲ့အချိန်မှာ အလောင်းက တစ်စစီဖြစ်နေတယ်၊ တချို့ အပိုင်းအစတွေ ရှာမတွေ့တော့ဘူး၊ တစ်ကိုယ်လုံးက ဓားဒဏ်ရာတွေချည်းပဲ” ဟု အထက်ပါ ပရဟိတက ပြောသည်။

မိခင်ဖြစ်သူကို ခုတ်သတ်သွားသည့် သားဖြစ်သူကို ဖြစ်စဥ် ဖြစ်ပြီးပြီးချင်း နာရီဝက်ခန့်အကြာတွင် လက်နက်ကိုင် တပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်းလည်း သိရပြောသည်။

“သားအမိနှစ်ဦးတည်း နေကြတာတဲ့၊ သူ့မိခင်ကို သတ်ပြီး နာရီဝက်အကြာမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လာဖမ်းခေါ်သွားတယ်၊ ဘယ်လက်နက်ကိုင် တပ်ဖွဲ့လည်းတော့ မသိရဘူး၊ အလောင်းကိုတော့ ပြည်သူ့ ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့လိုက်တယ်” ဟု အထက်ပါ ပရဟိတ သမားက ဆက်ပြောသည်။

လက်ရှိ လားရှိုးမြို့နယ်အတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာသလို ခိုးဆိုးလုနှိုက်မှု / ဓါးပြတိုက်မှုများ လည်း များပြားလာပြီး သက်ဆိုင်ရာဘက်မှ ဖြေရှင်းပေးမှု အားနည်းကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...