Wednesday, January 28, 2026

ယာဥ်မောင်းမကျွမ်းကျင်မှုကြောင့် လားရှိုး အမျိုးသမီးငယ် ယာဥ်တိုက်သေဆုံးမှုဖြစ်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့တွင် ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် ညနေ ၃ နာရီတွင် ကားတစ်စီးသည် ရပ်တန့်ရန်အတွက် ဘရိတ်နှင့် လီဘာ မှားနင်းမိရာ အမျိုးသမီး (၂) ဦးကို တိုက်မိခဲ့ပြီး ထိုထဲမှ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

လားရှိုးယာဥ်မောင်းမကျွမ်းကျင်မှုကြောင့်အမျိုးသမီး သေဆုံး

ဖြစ်စဥ်မှာ ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် ညနေ ၃ နာရီ တွင် လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့တွင် ကားတစ်စီး ရပ်တန့်ရန်အတွက် ဘရိတ် နှင့် လီဘာ မှားနင်းမိရာ ထိုအနီးရှိ အမျိုးသမီး (၂) ဦး ကို တိုက်မိခဲ့ပြီး၊ ဆေးရုံပို့ဆောင် လိုက်ရာ ညပိုင်းတွင် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စိတ်မကောင်းဘူး။ ဆေးရုံပို့ပြီး နာရီဝက်လောက်မှာ ဆုံးသွားတယ်။ ကျန် အမျိုးသမီးတယောက် တော့ ဆေးရုံမှာပဲရှိသေးတယ်။ သေဆုံးသွားတဲ့ ကလေးမ က အသက် ငယ်သေးတယ်” ဟု လားရှိုးဒေသခံ အမျိုးသားက ဆိုသည်။

အဆိုပါ ယာဥ်တိုက်မှု ကျူးလွန်သည့် အမျိုးသားကို လက်ရှိမှာ ဖမ်းဆီးရမိထားကြောင်း လည်းသိရသည်။

ယာဥ်မောင်းမကျွမ်းကျင်မှုကြောင့် အမျိုးသမီးသေဆုံးမှုဖြစ်

ထိုဖြစ်စဥ် နှင့် ပတ်သက်ပြီး အထက်ပါ ပုဂ္ဂိုလ် က “ကားမောင်းတဲ့သူက အခုမှ ကားမောင်းတတ်တဲ့ သူဖြစ်မယ်ထင်တယ်။ လီဘာ နဲ့ ဘရိတ်နဲ့က မှားစရာမဟုတ်ဘူးလေ။ အခုတော့ လူ့အသက် ဆုံးရှုံးရပြီ” ဟု ဆက်လက်ပြောသည်။

လားရှိုးမြို့တွင် ယာဥ်မောင်းများသည် ယာဥ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု နည်းကြောင်း၊ မြို့လယ်ခေါင်တွင်လည်း အရှိန်မြှင့်ပြီး ယာဥ်ကို မဆင်မခြေ မောင်းမှုကြောင့် မကြာခဏ ယာဥ်တိုက်မှု ဖြစ်ပွားကာ သေဆုံးမှုများလည်း နေ့စဥ်ဆက်တိုက် ကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Happy Water မူးယစ်ဆေးရည်ကြောင့် ကာလိမြို့တွင် အမျိုးသမီး ထပ်မံသေဆုံးမှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ကေတီဗွီ (KTV) တစ်ခုတွင် အသက် ၂၅ အရွယ်ရှိ အမျိုးသမီးတစ်ဉီး Happy Water သောက်သုံးပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ အသက် ၂၅ နှစ်အရွယ်ရှိ...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...