ယာဥ်မောင်းမကျွမ်းကျင်မှုကြောင့် လားရှိုး အမျိုးသမီးငယ် ယာဥ်တိုက်သေဆုံးမှုဖြစ်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့တွင် ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် ညနေ ၃ နာရီတွင် ကားတစ်စီးသည် ရပ်တန့်ရန်အတွက် ဘရိတ်နှင့် လီဘာ မှားနင်းမိရာ အမျိုးသမီး (၂) ဦးကို တိုက်မိခဲ့ပြီး ထိုထဲမှ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

လားရှိုးယာဥ်မောင်းမကျွမ်းကျင်မှုကြောင့်အမျိုးသမီး သေဆုံး

ဖြစ်စဥ်မှာ ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် ညနေ ၃ နာရီ တွင် လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့တွင် ကားတစ်စီး ရပ်တန့်ရန်အတွက် ဘရိတ် နှင့် လီဘာ မှားနင်းမိရာ ထိုအနီးရှိ အမျိုးသမီး (၂) ဦး ကို တိုက်မိခဲ့ပြီး၊ ဆေးရုံပို့ဆောင် လိုက်ရာ ညပိုင်းတွင် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စိတ်မကောင်းဘူး။ ဆေးရုံပို့ပြီး နာရီဝက်လောက်မှာ ဆုံးသွားတယ်။ ကျန် အမျိုးသမီးတယောက် တော့ ဆေးရုံမှာပဲရှိသေးတယ်။ သေဆုံးသွားတဲ့ ကလေးမ က အသက် ငယ်သေးတယ်” ဟု လားရှိုးဒေသခံ အမျိုးသားက ဆိုသည်။

အဆိုပါ ယာဥ်တိုက်မှု ကျူးလွန်သည့် အမျိုးသားကို လက်ရှိမှာ ဖမ်းဆီးရမိထားကြောင်း လည်းသိရသည်။

ယာဥ်မောင်းမကျွမ်းကျင်မှုကြောင့် အမျိုးသမီးသေဆုံးမှုဖြစ်

ထိုဖြစ်စဥ် နှင့် ပတ်သက်ပြီး အထက်ပါ ပုဂ္ဂိုလ် က “ကားမောင်းတဲ့သူက အခုမှ ကားမောင်းတတ်တဲ့ သူဖြစ်မယ်ထင်တယ်။ လီဘာ နဲ့ ဘရိတ်နဲ့က မှားစရာမဟုတ်ဘူးလေ။ အခုတော့ လူ့အသက် ဆုံးရှုံးရပြီ” ဟု ဆက်လက်ပြောသည်။

လားရှိုးမြို့တွင် ယာဥ်မောင်းများသည် ယာဥ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု နည်းကြောင်း၊ မြို့လယ်ခေါင်တွင်လည်း အရှိန်မြှင့်ပြီး ယာဥ်ကို မဆင်မခြေ မောင်းမှုကြောင့် မကြာခဏ ယာဥ်တိုက်မှု ဖြစ်ပွားကာ သေဆုံးမှုများလည်း နေ့စဥ်ဆက်တိုက် ကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

Happy Water မူးယစ်ဆေးရည်ကြောင့် ကာလိမြို့တွင် အမျိုးသမီး ထပ်မံသေဆုံးမှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ကေတီဗွီ (KTV) တစ်ခုတွင် အသက် ၂၅ အရွယ်ရှိ အမျိုးသမီးတစ်ဉီး Happy Water သောက်သုံးပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ အသက် ၂၅ နှစ်အရွယ်ရှိ...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...