Happy Water မူးယစ်ဆေးရည်ကြောင့် ကာလိမြို့တွင် အမျိုးသမီး ထပ်မံသေဆုံးမှုဖြစ်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ကေတီဗွီ (KTV) တစ်ခုတွင် အသက် ၂၅ အရွယ်ရှိ အမျိုးသမီးတစ်ဉီး Happy Water သောက်သုံးပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ အသက် ၂၅ နှစ်အရွယ်ရှိ နန်းဆိုင်ခမ်းသည် ၎င်း၏ သူငယ်ချင်းများနှင့် အတူ KTV သွားပြီး မူးယစ်ဆေးရည် တစ်မျိုးဖြစ်သော Happy Water ကို အလွန်အကျွံ သောက်သုံးခဲ့သည်ဟု ဖြစ်စဉ်သိရှိသူများက ပြောဆိုသည်။

ထိုသို့ Happy Water အလွန်အကျွံ သောက်သုံးလိုက်မှုကြောင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ပြီး ၎င်း၏ သူငယ်ချင်းများက ဇူလိုင်လ ၁၆ ရက်တွင် ဆေးရုံသို့ ခေါ်ဆောင်သွားသော်လည်း အဆိုပါနေ့ရက် နေ့လယ် ၂ နာရီတွင် သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမ သိရသလောက်ကတော့ Happy Water ကို အလွန်အကျွံသောက်ပြီး ကာလိဆေးရုံ ရောက်တော့ အသက်မမီတော့ဘူး၊ ဆုံးသွားတယ်” ဟု ဖြစ်စဉ်ကို သိထားသည့် အမျိုးသမီးတစ်ဉီးက ပြောသည်။

ကာလိမြို့ရှိ KTV ဆိုင်များတွင် မူးယစ်ဆေး တစ်မျိုးဖြစ်သည့် Happy Water ကို အလွယ်တကူ ရရှိနိုင်ပြီး၊ ဆယ်ကျော်သက် လူငယ်များကအစ စမ်းသပ်သောက်သုံးကာ လက်ရှိတွင် Happy Water သောက်သုံးသူ အများအပြား ရှိကြောင်းလည်း ၎င်းအမျိုးသမီးက ပြောသည်။

“ဒီမှာက အသက် ၁၄ နှစ်က စသုံးနေကြပြီ၊ အဲ့Happy Water က အလွယ်တကူ ဝယ်လို့ရတယ်။ KTV ဆိုင်တိုင်းမှာ ရောင်းနေတာပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

ကာလိမြို့ရှိ KTV ဆိုင်ထဲ တစ်ကြိမ်ဝင်လျှင် ကျပ်သိန်း ၂၀ မှ သိန်း ၃၀ ထိ ကုန်ကျကြောင်း၊ ထိုအထဲတွင် K ဟုခေါ်သည့် Ketamine မူးယစ်ဆေးတစ်မျိုးနှင့် Happy Water ကိုပါ ရောင်းချနေပြီး၊ Happy Water တစ်ထုတ်လျှင် အရက်ခွက် အသေးစား (၆)ခွက်ရရှိကြောင်း၊ ၂ ခွက်ထက် ကျော်လွန်ပြီး သောက်သုံးလျှင် ဆိုးကျိုးဖြစ်နိုင်ကြောင်း သောက်သုံးသူများက ပြောသည်။

ကာလိမြို့တွင် ယမန်နှစ် ၂၀၂၄ ခုနှစ်မှ စပြီး KTV ဆိုင်များ ပိုမိုပေါများလာပြီး Happy Water မူးယစ်ဆေး သောက်သုံးပြီး သေဆုံးမှုလည်း များလာကြောင်း ကာလိဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။

“ကာလိမှာ Happy Water သောက်ပြီး သေဆုံးတာ မဆန်းတော့ဘူး။ မေလတုန်းက အသက် ၁၆ နှစ် အမျိုးသမီးတစ်ဦး သေတယ်။ Happy Water သောက်ပြီး ကာလိဆေးရုံရောက်တာ သေဆုံးတာ အမျိုးသမီးတွေက ပုံမှန်လို ဖြစ်နေပြီ” ဟု ၎င်းဒေသခံ အမျိုးသားတစ်ဉီးက ဆိုပြန်သည်။

ကွန်ဟိန်းမြို့နယ် ကာလိဒေသသည် ကာလိပြည်သူ့စစ် တပ်မဟာ အမှတ် (၇) ထိန်းချုပ်ရာဒေသ ဖြစ်သည်။

အလားတူ ဇွန်လ ၂၁ ရက်တွင်လည်း မိုင်းပန်မြို့နယ်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် G-12 ကျောင်းသူ နန်းဟျိုးငင်းသည် KTVတစ်ခုတွင် Happy Water ငါးခွက်သောက်ပြီး ၎င်း KTV တွင် ရုတ်တရက် သေဆုံးသွားခဲ့သည်။

Happy Water ဆိုသည်မှာ MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါးများဖြင့် အမှုန့်ကြိတ် အရည်ဖျော်စပ်ထားသည့် စိတ်ကြွဆေးရည်ဖြစ်သည်။

ထိုစိတ်ကြွဆေးရည်ကို ကော့တေးလ်ခွက်ဖြင့် ရေ၊ အချိုရည်၊ အရက် စသည့်ဖြင့် ရောကာ သောက်သုံးပြီးလျှင် လူကိုမပင်ပန်းစေဘဲ ပျော်ရွှင်မြူးတူး ကခုန်စေနိုင်သည့်အပြင် လူကို တက်ကြွစေသည့် အရည်တစ်မျိုးဖြစ်သည်။

သို့သော် ထိုစိတ်ကြွဆေးရည်ကို သောက်ပြီး ကခုန်ခြင်းမပြုပါက အရိုးအဆစ်များ အေးခဲလာပြီး ကြွက်သား၊ အကြောများ တောင့်တင်းလာကာ နောက်ဆုံးတွင် အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်သည်ဟု သုံးစွဲသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...