Wednesday, October 4, 2023

လားရှိုးမြို့

လားရှိုးမြို့ မကြာခဏ ပေါက်ကွဲမှုဖြစ် ဈေးဆိုင် ဆိုင်းဘုတ် အချို့ဖြုတ်သိမ်းထားရ

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားသောကြောင့် ဈေးဆိုင်၊ စတိုင်းဆိုင်များရှိ ဆိုင်းဘုတ်အချို့ ဖြုတ်သိမ်းထားရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင် ဗုံးပေါက်ကွဲ မီးလောင်မှုကြောင့် လားရှိုးမြို့တွင်းရှိ စတိုင်းဆိုင်၊ ကုန်စုံဆိုင်...

လားရှိုးမြို့ DENKO ဆီဆိုင် ဗုံးပေါက်ကွဲ၊ ၂ ဦးထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရသူများပြား

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးထက် မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားနေကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီ ၅၅ မိနစ်တွင် လားရှိုးမြို့ပြင် ခိုဆန်တန် ကျေးရွာ...

လားရှိုးမြို့ ယာဥ်ထိန်းရဲတစ်ဦး အရပ်သား သေနတ်ပစ်ခတ် သေဆုံး

သျှမ်းပြည် လားရှိုးမြို့ အမှတ် (၄) ရပ်ကွက် မီးပွိုင့်အနားရှိနေသည့် ယာဥ်ထိန်းရဲ တစ်ဦးကို အရပ်ဝတ် အမျိုးသားတစ်ဦး မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၂၂) ရက် မနက် (၁၀) နာရီခွဲဝန်းကျင်အချိန်တွင် လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်တွင်ရှိသည့်...

လားရှိုးမြို့ CS Hotel အနီး ပေါက်ကွဲမှု အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ် အမှတ် (၂) ရပ်ကွက်ရှိ CS Hotel အနီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၄) ဦးထဲမှ အမျိုးသမီး တစ်ဦး ဆေးကုသမှု ခံယူနေစဥ် ထပ်မံသေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ်...

လားရှိုးမြို့နယ် ပြည်သူပိုင် လယ်ယာဧကများကို  ပြည်သူ့စစ် နှင့် ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို  ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို  ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။ လယ်ယာမြေများသည်...

လားရှိုးမြို့ပေါ်ရှိ ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်၊ (၅) ဦးထက်မနည်းဒဏ်ရာရ၊ (၁) ဦးသေဆုံး

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ် အမှတ်( ၂) ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၅) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသည့်အပြင် (၁) ဦးသေဆုံးသွားကြောင်း သတင်းသိရသည်။ . ယနေ့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း ၅ နာရီ ၂၅ မိနစ်အချိန်တွင် လားရှိုးမြို့...

လားရှိုးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ်တွင် ယနေ့ (စက်တင်ဘာလ ၁၄) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး အုတ်တံတိုင်း ပြိုကျခြင်းကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၄) ရက် နံနက် ၂ နာရီအချိန်မှစပြီး...

လားရှိုးမြို့နယ် စစ်ကောင်စီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ . ယနေ့ (စက်တင်ဘာလ ၆ ) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး၌ ပစ်ခတ်သံများ စတင်ကြားရပြီး ၁၅ မိနစ်အကြာ၌ ပြန်လည်...

လားရှိုးမြို့ တစ်ရက်အတွင်း ယာဉ်တိုက်မှု ၃ ကြိမ်ဆက်တိုက်ဖြစ်ပွား

သျှမ်းပြည် လားရှိုးမြို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (သြဂုတ် ၁၈ ) ရက် ၁၁ နာရီဝန်းကျင်မှစပြီး လားရှိုး - သိန္နီပြည်ထောင်စု ကားလမ်းမကြီး နမ့်တွန်းရွာ ၁၆...

လားရှိုးမြို့ အမျိုးသားတစ်ဦး ထပ်မံဓားခုတ်ခံရ

သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းရှိ လားရှိုးကြီးဈေးလမ်းတွင် အမျိုးသားတစ်ဦး ထပ်မံ ဓားခုတ်ခံခဲ့ရကြောင်း စုံစမ်း သိရသည်။ . သြဂုတ် ၁၃ ရက် ညနေ ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းရှိ လားရှိုးကြီးဈေးလမ်းတွင် အမျိုးသားတစ်ဦး ထပ်မံ ဓားခုတ်ခံရပြီး...

Latest news