လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် ကိုးကန့်တပ်သား နှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိစ္စကြောင့် ရန်ဖြစ်ကြပြီး အချင်းချင်း သေနတ်ပစ်သတ်ခဲ့ရာ တစ်ဦးသေဆုံးသွားခဲ့သည်။

၎င်းတစ်ရက်တည်းတွင် နေ့လယ်ခင်း (၂) နာရီခန့်၌ မိုင်းယော်တိုက်နယ်ရှိ နားပင်းကျေးရွာ ရှင်လောင်းပွဲသို့ ကိုးကန့်တပ်သားများ ရောက်ရှိလာပြီး အသက် (၁၅) နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို သမီးရည်းစားကိစ္စဖြင့် အချင်းချင်း ပြန်ပစ်သတ်ခဲ့သည့် ကိုးကန့်တပ်သားများနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုင်းယော်ဘက် လုံမွန်းဘုန်းကြီးကျောင်းမှာ ကိုးကန့်စစ်သား ၂ ယောက်က ကောင်မလေး တစ်ယောက်တည်းကို ကြိုက်မိတော့ သဝန်တိုပြီး အချင်းချင်း ပစ်သတ်ကြတာ။ နေ့လယ်ပိုင်းကျတော့ နားပင်းရွာ ရှင်လောင်းပွဲမှာ စစ်သားနှစ်ယောက် ကြိုက်နေတဲ့ ကောင်မလေးကို ကိုးကန့်စစ်သားတွေက ပွဲခင်းထဲထိ ဝင်ဖမ်းသွားတယ်။ အခုထိ ပြန်မလွှတ်သေးဘူး”ဟု ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းယော်တိုက်နယ် လုံမွန်းရွာ ဘုန်းကြီးကျောင်းတွင် MNDAA ဖမ်းဆီးခံထားရသည့် မိန်းကလေးမှာ အသက် (၁၅) နှစ်အရွယ်ရှိ နန်းယိင်းဟွမ် ဖြစ်ပြီး မိုင်းယော်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

ကိုးကန့်တပ်သားများ

နားပင်းရွာ ရှင်ပြုပွဲအကြို သွားရောက်နေသည့် ၎င်းမိန်းကလေးကို ကိုးကန့်တပ်သားများမှ ဝင်ရောက်ဖမ်းဆီးခဲ့စဉ် ဖခင်နှင့် အခြားမိန်းကလေးတစ်ဦးလည်း အတူရှိနေပြီး လိုက်သွားရန် ပြောဆိုခဲ့သော်လည်း ခွင့်မပြုကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။

ရပ်မိရပ်ဖနှင့် ရွာလူကြီးများမှ ဖေဖော်ဝါရီ (၈) ရက်တွင် ကိုးကန့်တပ်ဖွဲ့ စခန်းချနေရာသို့ သွားရောက်၍ ဖမ်းဆီးခံထားရသည့် မိန်းကလေးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းတို့ကိုးကန့်တပ်သား အချင်းချင်း ပစ်သတ်သည့် ဖြစ်စဉ်နှင့် ဆက်စပ်နေ၍ အထက်လူကြီးမှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ကောင်မလေးရဲ့ အမေ ပြောတာတော့ သူ့သမီးက မိုင်းယော်မှာရှိတဲ့ ဖုန်းဆိုင်မှာ အလုပ်လုပ်နေတာ။ အဲ့စစ်သား ၂ ယောက်ကလည်း သွားသွားလာလာနဲ့ ကောင်မလေးကို စနှောက်တာမျိုး လုပ်တယ်။ စစ်သားတစ်ယောက်ယောက်နဲ့ ပြန်ကြိုက်တာ၊ ချိန်းတွေ့ပြီး စကားပြောတာမျိုးလည်း မရှိဘူး မလုပ်ရဘူးလို့ ပြောတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မိသားစုဝင်များမှ လားရှိုးမြို့ရှိ MNDAA ဆက်ဆံရေးရုံးသို့ သွားရောက်ကာ အသက်မပြည့်သေးသည့် ၎င်းတို့သမီးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း နှစ်ပတ်ကျော် ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

လားရှိုးမြို့အဝင်

အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို သမီးရည်းစားကိစ္စ အကြောင်းပြကာ MNDAA တပ်စခန်းတွင် ဥပဒေမဲ့ ထိန်းသိမ်းခံထားရခြင်းကြောင့် ၎င်းအတွက် ကျန်းမာရေး၊ လုံခြုံရေး အဘက်ဘက်က စိုးရိမ်ရပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်း ပန်ဆိုင်းမြို့တွင် အသက် (၃)နှစ်အရွယ်ခန့် ကလေးကို မုဒိမ်းပြုကျင့်ခဲ့သည့် ကိုးကန့်တပ်အရာရှိတစ်ဦးကို MNDAA မှ ဇန်နဝါရီ တတိယပတ်အတွင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ငွေဒဏ် ချမှတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း ကိုးကန့်တပ် MNDAA အပြင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့လည်း သွားလာလှုပ်ရှားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...