ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။

“နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ တိုင်းရင်းသားပေါင်းစုံ ရိုးရာအကများ၊ ပြိုင်ပွဲများနှင့် ဈေးဆိုင်ခန်းများဖြင့် တစ်လတိတိ စည်စည်ကားကား ကျင်းပသွားမည်ဖြစ်ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇန်နဝါရီ (၂၄) ရက်က ထုတ်ပြန်လာသည်။

“မောဝ်စတား ဟိုတယ်၊ ရန်တိုင်းအောင် ဘုရားဝင်းနဲ့ ပန်းခြံတွေမှာ ပွဲလုပ်တယ်။ လောင်းကစားဝိုင်း၊ ဂုံးဂင်းဝိုင်းတွေ အများစု ပါတယ်။ လက်ရှိမှာ အများစုကတော့ နေရပ်ပြန်လာကြတယ်။ ဈေးလည်း ပြန်စည်နေတယ်၊ ဈေးဆိုင်တွေလည်း ပြန်များလာတယ်။ လမ်းပေါ်မှာလည်း ကား၊ ဆိုင်ကယ် များလာတယ်”ဟု လားရှိုးမြို့ဒေသခံ ဈေးသည်တစ်ဦးဖြစ်သည့် နန်းအေးထွေးက ပြောသည်။

ဇန်နဝါရီလ (၂၀) ရက်တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် MNDAA နှင့် စစ်ကောင်စီအကြား ကူမင်းမြို့၌ (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် တရားဝင် အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းအပစ်ရပ် သဘောတူညီမှုတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ၂၀၂၅ ခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း မြန်မာနောင်း သတင်းဌာနမှ ဇန်နဝါရီ (၂၀) ရက်နေ့တွင် ရှေးဦးစွာ သတင်းဖော်ပြခဲ့သည်။

ကာယကံရှင်ဖြစ်သည့် စစ်ကောင်စီနှင့် MNDAA တို့မှ တရုတ်ဘက်က စတင် ထုတ်ဖော်ပြောဆိုခဲ့သော အပစ်ရပ် သဘောတူညီချက်နှင့် ပတ်သက်ပြီး တရုတ်နှစ်သစ်ကူး မတိုင်မီ ကာလအထိ မည်သည့် ထုတ်ပြန်ကြေညာချက် သို့မဟုတ် ပြောဆိုချက်မျှ မရှိခဲ့ပေ။

“အံ့ဩတာက နှစ်ဦးနှစ်ဘက် လက်မှတ်ထိုးခဲ့တဲ့ ကာယကံရှင် နှစ်ဘက်က တစုံတရာ ထုတ်ဖော်တာ မရှိခဲ့ဘူး။ ထုတ်ပြန်ကြေညာချက် လုပ်တာလည်း မတွေ့ခဲ့ရဘူး။ အတည်ပြုဖို့က တော်တော်ခက်ခဲတယ် တရုတ်နှစ်သစ်ကူးအပြီး ၆ လအတွင်း လားရှိုးမြို့ကနေ ဆုတ်ပေးရမယ်ဆိုတာ”ဟု သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေးကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။

လောက်ကိုင်မြို့ တရုတ်နှစ်သစ်ကူးကျင်းပနေသည့်ပုံ

ဇန်နဝါရီလ (၂၅) ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကူညီပေးသည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ တရုတ်နိုင်ငံတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကြောင်း သတင်းထွက်ပေါ်ခဲ့သည့် MNDAA ခေါင်းဆောင် ဖုန်တာ့ရွင်ကလည်း တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် တရုတ်နိုင်ငံ၏ မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းပေးမှု အပေါ် နှစ်သက်ဖွယ်ကောင်းကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ယခုကဲ့သို့သော ပြောဆိုချက်များသည် စစ်ကောင်စီတပ်နှင့် MNDAA အကြား အပစ်ရပ် သဘောတူညီချက်နှင့် ပတ်သက်၍ ပြည်သူလူထု စိတ်အေးရပြီး အားကိုးလောက်သည့် ထုတ်ပြန်ပြောဆိုမှုများ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

သို့သော် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲ အခမ်းအနားတစ်ခုတွင် MNDAA အရာရှိတစ်ဦးမှ စစ်ကောင်စီနှင့် ကိုးကန့်တပ်အကြား တရားဝင်အပစ်ရပ် သဘောတူညီချက်မှ အဓိက အကြောင်းအရာများကို ပြောဆိုနေသော ရုပ်သံဖိုင်မှာ ဇန်နဝါရီ ၂၉ ရက်တွင် စတင်ပျံ့နှံ့လာခဲ့သည်။

MNDAA နှစ်ချုပ်အစည်းအဝေးပုံ

၎င်းရုပ်သံထဲတွင် ဇန်နဝါရီလ (၁၇) ရက်နေ့က စစ်ကောင်စီနဲ့ တရားဝင် အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ကိုးကန့်ဒေသအတွင်း စစ်ပွဲ မရှိတော့ဘဲ ကွတ်ခိုင်အပါအဝင် ခရိုင် (၄)ခုနှင့် လောက်ကိုင်မြို့တို့ကို စစ်ကောင်စီမှ အထူးဒေသ(၁)အဖြစ် အသိအမှတ်ပြုကာ MNDAA အုပ်ချုပ်ခွင့် ရမည်ဖြစ်ကြောင်း ၎င်းအရာရှိက ပြောဆိုသည်။

အပေးအယူအဖြစ် ၂၀၂၅ ခုနှစ်တွင် လားရှိုးမြို့မှ MNDAA တပ်များ တစ်သုတ်ပြီးတစ်သုတ် အပြီးဆုတ်ခွာရမည်ဖြစ်ပြီး ဇွန်လအထိ တပ်သားသစ် စုဆောင်းမည် မဟုတ်ဘဲ ပြည်သူများ နေရပ်ပြန်လာရန် ရုပ်သံထဲတွင် ပြောဆိုထားသည်။

ယခုပျံ့နှံ့နေသည့် ရုပ်သံဗွီဒီယိုသည် တာမိုးညဲမြို့တွင် ကျင်းပပြုလုပ်နေသည့် တရုတ်နှစ်သစ်ကူး အခမ်းအနားတွင် MNDAA အရာရှိတစ်ဦးက ပြောဆိုခဲ့ကြောင်း ဒေသခံများ ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်မပြုနိုင်သေးပါ။

အလားတူ လားရှိုးမြို့တွင် ကိုးကန့်တပ် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲသို့ တရုတ်နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်တစ်ဦး ရောက်လာပြီး ကိုးကန့်တပ်များ လားရှိုးမှ ဆုတ်ခွာရမည့် အခြေအနေအကြောင်း ဒေသခံများကို တရုတ်ဘာသာဖြင့် ရှင်းပြပြောဆိုခဲ့ကြောင်း မြန်မာနောင်း သတင်းဌာနတွင် ဇန်နဝါရီလ (၃၀) ရက်၌ ထပ်မံဖော်ပြထားသည်။

“လားရှိုးမြို့ကို သိမ်းတယ်ဆိုတာ MNDAA တစ်တပ်ထဲ သိမ်းတာ မဟုတ်ဘူး။ PDF နွေဦးတော်လှန်ရေးတပ်တွေ အများအပြား သေကျေတယ်၊ အများအပြား ရင်းနှီးမြှုပ်နှံတယ်။ တကယ်တမ်း ကိုးကန့်တပ်က ထွက်သွားရင်တောင်မှ ဒီနွေဦးတော်လှန်ရေး တပ်တွေက လားရှိုးမြို့က ထွက်မလား၊ ဒါစဉ်းစားစရာ တစ်ချက်”ဟု သျှမ်းပြည် စစ်ရေးကျွမ်းကျင်သူက သုံးသပ်ပြောဆိုသည်။

အထူးဒေသ(၁) ကို လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် မုံးကိုးခရိုင်အဖြစ် အုပ်ချုပ်ရေးယန္တရားကို (၄) ခရိုင်နှင့် တစ်မြို့အဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖွဲ့စည်းထားပြီး လက်ရှိထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့မှာ မည်သို့ ပါဝင်သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

လားရှိုးမြို့တဝိုက် အရေးပါသည့် အထင်ကရ နေရာများနှင့် လမ်းမကြီးတလျှောက်တွင် အထူးအုပ်ချုပ်ရေးဒေသ(၁) ကိုယ်စားပြုအလံများ စိုက်ထူထားပြီး MNDAA ထိန်းချုပ်မှုအောက် လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အမည်ဖြင့် အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ရန် လုပ်ဆောင်နေသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်စဉ် ကျားဖြန့် တိုက်ဖျက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် MNDAA အနေဖြင့် လားရှိုးမြို့မှ တပ်ဆုတ်ခွာပါက စစ်ကောင်စီတပ်နှင့် လားရှိုးမြို့ပေါ်ရှိ နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် PDF တပ်များအကြား တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ကိုးကန့်တပ်ဆုတ်မယ်ဆိုတာ ပြည်သူကတော့ ဘာမှ မသိရဘူး၊ သတင်းမှာပဲ တွေ့တာ။ ကိုးကန့်ဘက်က ဆုတ်ပေးမယ်လို့ ပြောတယ်၊ PDF ဘက်ကျတော့ မဆုတ်ပေးဘူး။ နောက်ပိုင်း စိတ်ပူတာက PDF နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲထပ်ဖြစ်မှာ စိုးရိမ်တာ။ နောက်တစ်ခါ တိုက်ပွဲထပ်ဖြစ်ရင်တော့ ပြည်သူက ရိက္ခာနဲ့ သွားရေးလာရေး ဒုက္ခရောက်မယ်။ ကျန်းမာရေး ပညာရေး အကုန်ဆုံးရှုံးနိုင်တယ်”ဟု စစ်ဘေးရှောင်ပြီး မကြာမီက နေရပ်ပြန်ခဲ့သည့် နန်းအေးထွေးက စိုးရိမ်စိတ်ဖြင့် ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...