လားရှိုးမြို့ အိမ်ခြေမဲ့ နေထိုင်သူများ သေဆုံးမှုများလာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်ခြေမဲ့ နေထိုင်သူများ ယခု အောက်တိုဘာလ အတွင်း ၅ ဦးထက် မနည်း သေဆုံးကြောင်း စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများ၊သူခိုး ဓားပြ များပြားခြင်း၊ အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ခြေမဲ့ နေထိုင်သူများလည်း ပေါများလာရာ အစာအာဟာရပြတ်၍ နေစဉ်ဆက်တိုက် သေဆုံးလာနေကြောင်း လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်း ကတော့ ရှိတယ်ဆိုပေမယ့် အခုလိုတော့ မများဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အဲ့လိုလူတွေ အရမ်းများလာတယ်။ ဘာကြောင့် သေဆုံးမှုများလည်းဆိုရင် ခုက ဆောင်းဝင်ခါစမှာ အရမ်းအေးလာပြီဆိုတော့ နွေးနွေးထွေးထွေး မနေရတာတွေ ပြီးတော့ အစာအာဟာရ ပြတ်တာတွေ ဖြစ်နိုင်တယ်။ ပြီးခဲ့ပတ်က ရပ်ကွက် ၅ ထဲမှာ ၃ လောင်း တွေ့ရတယ်။ ရပ်ကွက် ၇ မှာက ၂ လောင်း၊ အခုလ ထဲမှာ သေဆုံးမှုကတော့ ဆက်နေတာပဲ“ ဟု ၎င်းက ထပ်လောင်း ပြောသည်။

အိမ်ခြေမဲ့ သေဆုံးသူများ

ထို့အပြင် အိမ်ခြေမဲ့ နေထိုင်သူများအပြင် မူးယစ်ဆေးဝါးသုံးစွဲ၍ ဆေးကြောင်နေသူများလည်း ပေါများလာသဖြင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း လားရှိုးဒေသခံ တစ်ဦး ကပြောသည်။

“မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေတော့ အရမ်းများတယ်။ ခေတ်ပျက်ကြီးထဲမှာဆိုတော့ ဘယ်သူမှလည်း အရေးမယူဘူး။ ရပ်ကွက်လမ်းတွေမှာ ဖြတ်သွားရင် အရမ်းကြောက်နေရတယ်။ မူးယစ်ဆေးဝါး ကြောင်နေတဲ့သူက ဓားကိုင်ပြီး လျှောက်သွားနေကြတာ“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်တွင် လားရှိုးမြို့ရှိ ရပ်ကွက် (၅) နှင့် (၇) ထဲတွင် အမျိုးသား နှစ်ဦး ဓားဖြင့် ခုတ်ခံရပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

သျှမ်းပြည်အတွင်း လားရှိုးမြို့အပြင် တာချီလိတ်၊ မူဆယ်၊ နမ့်ခန်း စသည့် မြို့နယ်များတွင်လည်း အိမ်ခြေမဲ့ နေထိုင်သူများ နေ့စဉ်နီးပါး သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...