ရပ်စောက်မြို့နယ်
ရပ်စောက်မြို့နယ် ရဲများကို အခွန်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချနေ
သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာတွင် တာဝန်ရှိ ရဲများကို အခွန်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိသည်။ စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် နီးပါးတွင် ရပ်စောက်မြို့နယ် ကျေးရွာများထဲတွင် မူးယစ်ဆေးဝါးကို ပေါ်တင် ရောင်းဝယ်နေကြကြောင်း သိရသည် ။ “ကျနော်တို့ ကျေးရွာမှာ ရဲတွေကို ပိုက်ဆံပေးပြီး...
ရပ်စောက်မြို့နယ် ဘုန်းကြီးကျောင်းဝင်းထဲ စစ်ကောင်စီ နေရာယူပြီး တဖက်သတ် ပစ်ခတ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်စုံကျေးရွာမှ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ နေရာယူထားပြီး တဖက်သတ် သေနတ် ပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁၇) ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ စတင်ကာ ကျောက်စုံကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် နောင်လုံကျေးရွာအုပ်စု တောအုပ်အတွင်းသို့...
ရပ်စောက်မြို့နယ် မူးယစ်ဆေးသုံးစွဲသူဟု စွပ်စွဲသူတစ်ဦး PNO ရိုက်နှက်မှုကြောင့် သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု မြို့ဆိုးကျေးရွာတွင်နေထိုင်သည့် အမျိုးသား (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသူဟု ပအိုဝ်းပြည်သူ့စစ် PNO မှ စွပ်စွဲပြီး ဖမ်းဆီးကာ ရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထို ဖမ်းဆီးရိုက်နှက်မှုကြောင့် အမျိုးသား (၃) ဦးထဲမှ အသက် ၂၃ နှစ် အရွယ်ရှိ...
ရွေးကောက်ပွဲ မဲစားရင်းအတွက် ရပ်စောက်မြို့နယ် အသက်မပြည့်ကလေး စာရင်းတွေပါကောက်နေ
SHAN -
အာဏာသိမ်းစစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအတွက် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အမည်စာရင်းကို ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ ယခုလ (သြဂုတ်) တတိယပတ်မှစတင်ကာ ရပ်စောက်မြို့နယ် တပ်ဦးရွာအတွင်းရှိအိမ်ခြေများကို အလှည့်ကျဖြင့် နေ့စဥ် အိမ်ထောင်စုဦးရေ စားရင်းကောက်ယူနေရာ အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အမည်စာရင်းကိုလည်း စစ်ကောင်စီ အုပ်စုက...
ရပ်စောက်မြို့နယ် အမျိုးသားတစ်ဦး ကျားကိုက်ခံရ၊ ဒဏ်ရာပြင်းထန်
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အမျိုးသားတစ်ဦးသည် ကျားကိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် အသက် ၃၅ နှစ်ရှိ စိုင်းစံအောင်သည် ရပ်စောက်မြို့နယ် ပန်ဆေးကျေးရွာအုပ်စု ကွန်ကောက် ကျေးရွာ အရှေ့ဘက်ရှိ တောထဲတွင် မျှစ်နှင့် ဟင်းစားရှာထွက်စဥ်...
ကျောက်ဂူဘက်တွင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွား
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင် (၁၅) ရက် မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု လွိုင်ငင်းတောင်ဘက်တွင် ပစ်ခတ်သံများ ကြားရခြင်းဖြစ်ပြီး...
ရပ်စောက်မြို့နယ် တိုက်ပွဲဖြစ်ပွားမည်ကို ပြည်သူများ စိုးရိမ်နေ
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်များက သျှမ်းတပ် (၂) တပ် တို့ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ထွက်ပြေးရန် အဝတ်ထုတ်ပြင်ဆင်နေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လမှ စတင်ပြီး ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု၊ နောင်လုံကျေးရွာအုပ်စု နှင့် ကျောက်ဂူကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ် အပါအဝင် SSPP/SSA နှင့် RCSS/SSA...
ရပ်စောက်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ စစ်ရေးလှုပ်ရှားမှုရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင် ရပ်စောက်မြို့နယ် အတွင်းရှိ ကျောက်ဂူကျေးရွာအုပ်စု၊ နောင်လုံ ကျေးရွာအုပ်စု နှင့် နောင်ဝိုးကျေးရွာအုပ်စုဘက် သို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)...
ရပ်စောက်မြို့နယ် စစ်ကောင်စီမှ သေနတ်ရမ်းသမ်း ပစ်ခတ်ခြိမ်းခြောက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့တွင် ရဲကင်းစောင့် စစ်ကောင်စီတပ်သားများမှ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင်လ ၈ ရက်နေ့ အာရုဏ်တက်ချိန် ၃ နာရီဝန်းကျင်တွင် ရပ်စောက်မြို့ အတွင်း သေနတ်သံ ၅ ချက် ဆက်တိုက် ထွက်လာကြောင်း ဒေသခံအမျိုးသားတစ်ဦးက...
ရပ်စောက်မြို့ ညအချိန် စစ်ကောင်စီ သေနတ်ပစ်ခတ်သံကြားရ
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက်သည့်သံများ ကြားရသဖြင့် ပြည်သူများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။လွန်ခဲ့သည့် မေ (၃၁) ရက် နှင့် ဇွန် (၁) ရက် ည (၈) နာရီဝန်းကျင်တွင် ရပ်စောက်မြို့ အခြေစိုက် တပ်မ...