Tuesday, January 27, 2026

ရပ်စောက်မြို့နယ်ရှိ ဒေသခံများ နိုင်ငံရေး နှင့် ပတ်သက်သည်ဟုဆိုကာ PNO မှ ဖမ်းဆီးရိုက်နှိက်

သျှမ်းပြည် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ ဒေသခံများကို PDF နှင့် နိုင်ငံရေးအကြောင်း ဆက်စပ်ပတ်သက်မှုရှိသည်ဟုဆိုပြီး ပအိုဝ်းပြည်သူ့စစ် ( PNO) မှ ဖမ်းဆီးရိုက်နှိက်ကာ ငွေတောင်းခံမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

PNO

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO သည် အင်အား ၂၀ ခန့်ရှိ စစ်ဝတ်စုံ နှင့် လက်နက်ကိုင်ဆောင်ထားပြီး ကျေးရွာအတွင်းရှိ လူငယ်များကို PDF နှင့် ဆက်စပ် ပတ်သက်မှုရှိသည်ဟု ဆို၍ ဖမ်းဆီး ရိုက်နှိက်မှု ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ KhamHti Radio ကိုပြောပြချက်အရ ကိုးကားထားသည်။

“ PNO ပြည်သူ့စစ်လို့ ပြောရတာက PNO အဖွဲ့ထဲကို ဝင်ထားတဲ့ ပအိုဝ်း မဟုတ်တဲ့သူတွေပါ နေလို့ပါ။ တချို့ ကျေးရွာတွေမှာ PNO အဖွဲ့ထဲ ဝင်ထားတဲ့သူ တွေရှိပါတယ်။ သူတို့ကို ယူနီဖောင်း နဲ့ လက်နက် တပ်ဆင်ပေးထားတယ်။ အဲ့ဒီ လက်နက်အားကိုးနဲ့ပဲ မထင်ရင် မထင်သလို ကျေးရွာထဲကို လိုက်ဝင်ပြီး ကလေးတွေကို ဖမ်းဆီးရိုက်နှိက်တာမျိုးတွေ လုပ်တယ်။ အကြောင်းက ဖုန်းထဲမှာ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ ပုံတွေတွေ့လိုတဲ့။ ပြီးတော့ လက်နက်တွေတွေ့လို့ပါဆိုပြီး ဖမ်းခေါ်သွားတာမျိုးလည်း ရှိတယ်။ သူတို့ဆီလိုက်သွားပြီးတော့ ညှိနိူင်းပြီး ပိုက်ဆံနဲ့ ပြန်ထုတ်ရတာပေါ့ “ ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ PNO မှ ဖမ်းဆီးရိုက်နှိက်သည့် ကျေးရွာထဲ၌ တော်လှန်ရေး နှင့် ပတ်သက်ပြီး ပါဝင်သည့်သူများ မရှိသလောက် နည်းပါးနေပြီး အမြဲတမ်းလိုပင် မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘောလုံးပွဲများ စည်ကားနေကြောင်း သိရသည်။

ထို့အပြင် ပအိုဝ်းပြည်သူ့စစ် PNO သည် ခေတ်ပျက်နေသည့် ကာလ၌ အခွင့်ကောင်းယူပြီး လက်နက် အားကိုးကာ ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေခြင်းဟာ အတော်ကိုရုပ်ဆိုး အကျည်းတန်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...