ရပ်စောက်မြို့နယ်ရှိ ဒေသခံများ နိုင်ငံရေး နှင့် ပတ်သက်သည်ဟုဆိုကာ PNO မှ ဖမ်းဆီးရိုက်နှိက်

သျှမ်းပြည် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ ဒေသခံများကို PDF နှင့် နိုင်ငံရေးအကြောင်း ဆက်စပ်ပတ်သက်မှုရှိသည်ဟုဆိုပြီး ပအိုဝ်းပြည်သူ့စစ် ( PNO) မှ ဖမ်းဆီးရိုက်နှိက်ကာ ငွေတောင်းခံမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

PNO

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO သည် အင်အား ၂၀ ခန့်ရှိ စစ်ဝတ်စုံ နှင့် လက်နက်ကိုင်ဆောင်ထားပြီး ကျေးရွာအတွင်းရှိ လူငယ်များကို PDF နှင့် ဆက်စပ် ပတ်သက်မှုရှိသည်ဟု ဆို၍ ဖမ်းဆီး ရိုက်နှိက်မှု ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ KhamHti Radio ကိုပြောပြချက်အရ ကိုးကားထားသည်။

“ PNO ပြည်သူ့စစ်လို့ ပြောရတာက PNO အဖွဲ့ထဲကို ဝင်ထားတဲ့ ပအိုဝ်း မဟုတ်တဲ့သူတွေပါ နေလို့ပါ။ တချို့ ကျေးရွာတွေမှာ PNO အဖွဲ့ထဲ ဝင်ထားတဲ့သူ တွေရှိပါတယ်။ သူတို့ကို ယူနီဖောင်း နဲ့ လက်နက် တပ်ဆင်ပေးထားတယ်။ အဲ့ဒီ လက်နက်အားကိုးနဲ့ပဲ မထင်ရင် မထင်သလို ကျေးရွာထဲကို လိုက်ဝင်ပြီး ကလေးတွေကို ဖမ်းဆီးရိုက်နှိက်တာမျိုးတွေ လုပ်တယ်။ အကြောင်းက ဖုန်းထဲမှာ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ ပုံတွေတွေ့လိုတဲ့။ ပြီးတော့ လက်နက်တွေတွေ့လို့ပါဆိုပြီး ဖမ်းခေါ်သွားတာမျိုးလည်း ရှိတယ်။ သူတို့ဆီလိုက်သွားပြီးတော့ ညှိနိူင်းပြီး ပိုက်ဆံနဲ့ ပြန်ထုတ်ရတာပေါ့ “ ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ PNO မှ ဖမ်းဆီးရိုက်နှိက်သည့် ကျေးရွာထဲ၌ တော်လှန်ရေး နှင့် ပတ်သက်ပြီး ပါဝင်သည့်သူများ မရှိသလောက် နည်းပါးနေပြီး အမြဲတမ်းလိုပင် မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘောလုံးပွဲများ စည်ကားနေကြောင်း သိရသည်။

ထို့အပြင် ပအိုဝ်းပြည်သူ့စစ် PNO သည် ခေတ်ပျက်နေသည့် ကာလ၌ အခွင့်ကောင်းယူပြီး လက်နက် အားကိုးကာ ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေခြင်းဟာ အတော်ကိုရုပ်ဆိုး အကျည်းတန်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...