ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို တိမ်းရှောင်ခိုင်း

သျှမ်းပြည် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း စုံစမ်းသိရသည်။

ဇွန်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် အင်တောမြို့အနီး ကျောက်ဂူကျေးရွာအုပ်စုရှိ လွိုင်ဟောင်နှင့် ပုန်းအင်းကျေးရွာများသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြည်သူများကို ဘုန်းကြီးကျောင်းနှင့် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း အင်တောမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အနောက်ဘက်မှာ လေယာဉ်နဲ့ ဗုံးတွေနဲ့ ကြဲနေတော့ ရှောင်ခိုင်းတာ၊ အခု ရွာသားတွေတော့ ပြေးနေကြပြီ။ လွိုင်ဟောင်နဲ့ ပုန်းအင်း အဲ့နှစ်ရွာက အသက်ကြီးတဲ့ လူတွေတော့ ဘုန်းကြီးကျောင်းမှာ ထားထားတယ်။ ရွာထဲမှာ မနေနဲ့ ရှောင်ထားပေးလို့ စစ်တပ်က ပြောတာ၊ သူတို့ ပစ်ခတ်လို့ ထိမယ်လို့ ပြောတာ။ စစ်ကောင်စီတပ်ကတော့ ရွာထဲမှာ နေရာယူထားတယ်”ဟု အင်တောမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်မှ ကျေးရွာထဲ ဝင်ရောက်နေရာယူ တပ်စွဲထားသည့် လွိုင်ဟောင်နှင့် ပုန်းအင်းရွာမှ ဒေသခံများသည် လွိုင်ဟောင်ဘုန်းကြီးကျောင်းနှင့် ကျောက်ဂူ၊ အင်တောမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် လွိုင်ဟောင်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဒေသခံများကို စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ ရိက္ခာပြန်ယူခွင့် မပေးဘဲ ပစ်ခတ်မှု ဖြစ်ပွားပါက မသင်္ကာသူကို ခေါ်ယူစစ်ဆေးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများက ပြောသည်။

“ပုန်းအင်းကတော့ ရှောင်ခိုင်းတာ ကြာပြီ၊ ဆယ်ရက်လောက် ရှိပြီ။ လွိုင်ဟောင်ကတော့ ၅ ရက်လောက် ရှိပြီ။ ဘုန်းကြီးကျောင်းမှာ နေတဲ့လူလည်း ကိုယ့်ဟာကိုယ် ချက်စားပြီး အဲ့မှာပဲ နေကြ၊ ရွာထဲမသွားနဲ့ဦးလို့ ပြောထားတယ်။ ပစ်လို့ ခတ်လို့ မသင်္ကာရင် ခေါ်စစ်မယ်လို့ ပြောတယ်”ဟု အင်တောမြို့ခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများ ရှိရာသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက် နေရာယူခြင်း နှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (War Crimes) ပြစ်မှုမြောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း စာပိုဒ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို အကာအကွယ်ပေးရမည့် စာချုပ်ကိုလည်း ကျူးလွန်ရာ ဖြစ်နေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း ကျောက်ဂူကျေးရွာအုပ်စုရှိ လွိုင်ဟောင်ရွာ အနောက်ဘက် ၄ မိုင်ခန့်အကွာ တောထဲသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အင်တောမြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

အလားတူ မေလ ၂၀ ရက်နေ့ကလည်း ကျောက်ဂူတိုက်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ DPLA လှုပ်ရှားနေရာများသို့ ဓာတုအဆိပ်ငွေ့ဗုံးများကို လေကြောင်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း DPLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ၂၀၂၅ ဇန်နဝါရီလမှ စတင်ပြီး ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ကျောက်ဂူတိုက်နယ်အတွင်း နေထိုင်သည့် ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေရသည်။

TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုမြို့နယ် တောင်းခမ်းဒေသနှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသသည် မိုင် ၃၀ ခန့်သာ ကွာဝေးပြီး စစ်ကောင်စီ စစ်ကြောင်းများကို DPLA က ကြားဖြတ် တိုက်ခိုက်နေသည့် နေရာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...