Friday, April 19, 2024

ရပ်စောက်မြို့နယ်

ကျောက်မဲစစ်ရှောင် (၄၀၀)ကျော် ရပ်စောက်မြို့နယ်သို့ ပြောင်းရွှေ့

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စစ်ရှောင်(၄၀၀) ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ်သို့ ထပ်မံပြောင်းရွှေ့ တိမ်းရှောင်သွားကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင် (၄၀၀)ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “တချို့က ရပ်စောက်ဘက်ကို ပြောင်းသွားတယ်၊...

ရပ်စောက်မြို့နယ် အာဏာာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူများ ထောင်ဒဏ် ၂ နှစ်ချမှတ်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်တပ်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်)၌ ဖမ်းဆီးထိန်းသိမ်း ခံရသော ရပ်စောက်မြို့နယ်မှ ပြည်သူ ၆ ဦးကို ထောင်တွင်းတရားရုံးမှ...

ရပ်စောက်မြို့ ပြည်သူများ အပြင်ထွက်ပါက ဖုန်းမပါလျှင် စစ်ကောင်စီက ငွေ ဒဏ်ရိုက်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတို့သည် နေအိမ်အပြင်ထွက်သည့် ပြည်သူတချို့ ကို စစ်ဆေးမှုပြုလုပ်ရာ ဖုန်းမပါလာပါက ငွေဒဏ်ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဈေးဝယ်ထွက်ရန်နှင့် အပြင်ထွက်လာသည့် ပြည်သူများကို စစ်ကောင်စီတပ်သားတို့သည် ဗထူးတပ် ဝင်ပေါက်အနီး နှင့် တချို့သော လမ်းနေရာများတွင် စောင့်ဆိုင်းကာ စစ်ဆေးမှုပြုလုပ်နေပြီး ဖုန်းမတွေ့ပါက ငွေဒဏ် ၅၀၀၀ ကျပ်...

စစ်ကောင်စီများက ဧည့်စာရင်းစစ်အသွင်ယူပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတို့သည် ဧည့်စာရင်းစစ်သည့် အသွင်ယူပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီကျော်ဝန်းကျင် အချိန်တွင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေး ရွာ အနီးတွင် ယမန်နေ့ (စက်တင်ဘာ...

ရပ်စောက်မြို့နယ်တွင် ဒေသခံအမျိုးသမီးတဦးအား သေနတ်သမားတဦးဝင်ရောက်ပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် အမျိုးသမီးတဦးအား သေနတ်သမားတဦးက နေအိမ်အထိ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ နိုဝင်ဘာလ ၁၀ ရက်  ညနေပိုင်းက ရပ်စောက်မြို့နယ် နောင်ဝိုးရွာနေ နန်းခမ်းစိန် အသက် ၄၃ နှစ်သည်လယ်တောမှ နေအိမ်ပြန်အရောက်တွက် အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမျိုးသားတဦးက ဆိုင်ကယ်ဖြစ်အိမ်ဝင်းအတွင်းဝင်ရောက်ကာ ပစ်ခတ်ခဲ့သဖြင့် ကျည် ၄ ချက်ထိမှန်ပြီးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။ “သူ့ရဲ့...

NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် RCSS တပ်သားများအား မြန်မာစစ်တပ်တရားစွဲ

သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA )တပ်ဖွဲ့ဝင် ၄ဦး နှင့် အရပ်သား ၂ဦး ကို မြန်မာတပ်မတော် တပ်သား တဦး က တရားလို အဖြစ် တရား စွဲဆိုထားကြောင်းသိရသည်။   အဆိုပါ ၆ ဦးကို လက်နက်မှု ကိုင် နှင့် ဓားမြမှု ဖြင့်...

သျှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်လူငယ် ၂၀၀ ကျော် ရပ်စောက်မြို့တွင်းသန့်ရှင်းရေးပြုလုပ်

သျှမ်းလူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော်သည် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်ကြောင်းသိရသည်။ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရပ်စောက်မြို့နယ် ၊ တောင်ကြီး၊ ကျောက်မဲ၊ သီပေါနှင့်နမ့်လန်တို့မှ သျှမ်းလူငယ်ကွန်ယက်မှ လူငယ်အင်အား ၂၀၀ ကျော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတခုအဖြစ် ရပ်စောက်မြို့နယ်...

Latest news