NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် RCSS တပ်သားများအား မြန်မာစစ်တပ်တရားစွဲ

သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA )တပ်ဖွဲ့ဝင် ၄ဦး နှင့် အရပ်သား ၂ဦး ကို မြန်မာတပ်မတော် တပ်သား တဦး က တရားလို အဖြစ် တရား စွဲဆိုထားကြောင်းသိရသည်။

 

အဆိုပါ ၆ ဦးကို လက်နက်မှု ကိုင် နှင့် ဓားမြမှု ဖြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မှ တရားလို ပြုကာ တရားစွဲဆိုထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ လကုန်ပိုင်းတွင် RCSS/SSA တပ်ဖွဲ့ဝင် ၄ဦး နှင့် အရပ်သား ၂ဦးသည် သျှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက် နှင့် နောင်ချို ကားလမ်းပေါ်ရှိ တဲတွင် ညအိပ်ကာ မြန်မာတပ်မတော်မှ ဝင်ရောက် ဖမ်းဆီး ခဲ့ကြောင်း ဖမ်းဆီးခံရသူ ၆ ဦးအား ရှေ့နေလိုက်ပေးနေသည့် စဝ်မြဝတီ က သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“ အဖမ်းခံရတာတော့ ဒီဇင်ဘာ လကုန်လောက်ကပါ။ ဒါပေမယ့် တရားရုံးတင်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၂ လ မှ။ အခု သူတို့ကို လက်နက်မှုနဲ့ဓားမြမှု တောင်ကြီး ခရိုင် တရားရုံးမှာ စွဲချက်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တောင်ကြီး ခရိုင်ရုံးက ဆုံးဖြတ်ချက် ချလိုက်တဲ့ စွဲချက်တင်ဖို့ကိစ္စကို ကျမ ကတော့ စွဲချက်ပြယ်ဖို့အတွက် သျှမ်းပြည် လွှတ်တော် ကို တက်မယ်” ဟု စဝ်မြဝတီက ဆိုသည်။

ဖမ်းဆီးခံထားရသည့် သူများထံတွင် သေနတ်များ၊ ကျည်များ၊ ဖုန်းများ၊ ကွန်ပျူတာနှင့် အလှူငွေကောက်ခံသည့် ပြေစာများ ပါတွေ့ရှိကြောင်းလည်း စဝ်မြဝတီက ပြောသည်။

ထို့အပြင် ဖမ်းခံရသည့် အရပ်သား၂ ဦးမှာ တဦးသည် မျက်မမြင်ဖြစ်ပြီး၊ နောက်တဦးမှာ စျေးသည်ဖြစ်ကြောင်း၊ စျေးသည်မှာ ဆိုင်ကယ်ဘီးပေါက်သဖြင့် တဲ ထဲသို့ဝင်ရောက် အိပ်ရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ အဖမ်းဆီးခံရသည့် RCSS/SSA တပ်သား ၄ ဦး နှင့် အရပ်သား ၂ ဦးကို တောင်ကြီးမြို့ အမှတ်(၂) ရဲစခန်းတွင် ထားရှိထားကြောင်းသိရသည်။

လက်နက်မှု အနေဖြင့် ထောင်ဒဏ် ရ နှစ် ထိ ချနိုင်ပြီး၊ ဓားမြမှု အနေဖြင့်ထောင်ဒဏ် ၁၀နှစ်မှ တသက်တကျွန်း ကျနိုင်ကြောင်းလည်း သိရသည်။

RCSS /SSA တပ်ဖွဲ့အနေနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် ( NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင် တခုဖြစ်ပြီး၊ နယ်မြေများတွင် လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း RCSS/SSA တောင်ကြီး မြို့ဆက်ဆံရေး ရုံး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။

“ တပ်ဖွဲ့ရှိတဲ့နေရာ သွားဝိုင်းတာ သွားဖမ်းတာတွေက NCA ချိုးဖောက်ရာ ရောက်ပါတယ်။ လက်ရှိ ရပ်စောက်မှာ အဖမ်းခံရတာ တပ်ဖွဲ့ဝင် ၄ဦး အရပ်သား ၂ဦးပါ။ ဒီတပ်သားတွေ ဖမ်းဆီးတဲ့ ကိစ္စကို JMC မှာ ဆက်ဆွေးနွေးဖို့ ရှိပါတယ်” ဟ ဒုထိယ ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ တပ်မတော် တို့ ယုံကြည်မှု တည်ဆောက်နေချိန်ကာလ တွင် ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်တွေကို ဖမ်းဆီးမှု မပြုလုပ်သင့်ကြောင်း၊ ယုံကြည်မှုကို ပျက်ပြယ်စေနိုင်ကြောင်းလည်း စိုင်းဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လတွင်လည်း သျှမ်းပြည် အရှေ့ပိုင်း ဟိုပုံးမြို့နယ် တွင် RCSS/SSA နှင့် ဆက်သွယ်သည့် အရပ်သား ၈ဦး ကိုလည်း ထောင်ဒဏ် တနှစ် မှ ၁၀ နှစ်ထိ ချလိုက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...