ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင်ချင်း စစ်ရေး တင်းမာနေဆဲ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း စစ်ရေးတင်းမာနေသေးသဖြင့် ကျိုင်းခမ်းဒေသခံများက တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်စိတ်ကြောင့် ကြိုတင် စစ်ရှောင်နေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၉) ရက်တွင် ကျောက်ဂူကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးသည် ပွဲရုံများကို ထိမှန်ခဲ့သဖြင့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်း စစ်မီးကူးစက်လာမည်ကို စိုးရိမ်သဖြင့် ကျိုင်းခမ်းဒေသခံများက ကြိုတင် စစ်ရှောင်နေကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၉)ရက်က ကျောက်ဂူကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ပွဲရုံများကိုလည်း လက်နက်ကြီး ထိမှန်ခဲ့သဖြင့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ ရွာမှာ လက်နက်သံတွေတော့ မကြားရဘူး။ မနေ့က ကျောက်ဂူ၊ အင်တောဘက် တိုက်ပွဲတွေဖြစ်လို့ ကျနော်တို့နဲ့ တအားနီးနေပြီပေါ့။ ဒီနေ့မှာတော့ ဒေသခံ ပြည်သူတွေလဲ ကြိုတင်ပြီး ထွက်ပြေးတိမ်းရှောင်ထားတယ်။ စစ်တပ်က သူတို့ မိသားစု အသိုင်းအဝိုင်းတွေ ကြိုတင်ရှောင်ထားခိုင်းတယ်။ ဖြစ်လာရင် မထွက်ပြေးနိုင်မှာ ကြောက်တယ်ဆိုပြီး ပြောကြတယ်။ ကြိုတင် သတိထားဖို့” ဟု ကျိုင်းခမ်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ကျောက်ဂူတိုက်နယ်နှင့် ကျိုင်းခမ်းကျေးရွာအုပ်စုသည် မိုင်အားဖြင့် (၄၀)မိုင်ခန့်သာရှိပြီး မော်တော်ကားဖြင့် သွားလျှင် (၁)နာရီခွဲခန့်သာ ကြာမြင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ပြောရမယ်ဆိုရင် အခု အများစု ထွက်ပြေးတိမ်းရှောင်နေပြီ။ ရွာလဲ တိတ်ဆိတ်နေပြီ။ အိမ်စောင့်တဲ့သူတွေပဲ ကျန်တော့တယ်။ မနေ့က ဖြစ်တဲ့ တိုက်ပွဲကတော့ ကျနော်တို့ ဒေသမှာတော့ မကြားရဘူး။ အဲ့လို သတင်းကြားလို့ ဒေသခံတွေ ကြိုတင်တိမ်းရှောင်ကြတာ” ဟု ကျိုင်းခမ်းဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၄)ရက်နေ့ကစပြီး သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရသည်။

“တိုက်ပွဲက မိုင်းကိုင်မြို့နယ်ထဲလည်း ဖြစ်တယ်။ မိုင်းကိုင်အနောက်ဘက် ကျောက်ဂူ၊ အင်တော၊ ရပ်စောက်ဘက်မှာလည်း ဖြစ်တယ်။ ကျောက်မဲ နဲ့ သီပေါဘက်မှာလည်း ဖြစ်တယ်ဆိုတော့ စစ်မျက်နှာက ကျယ်ပြန့်တယ်လေ။ ကျနော်တို့ အသေးစိတ်မသိရဘူးခင်ဗျာ” ဟု RCSS ၏ အတွင်းရေးမှူး ဒု ဗိုလ်မှူး ခမ်းစံ က ပြောသည်။

ထိုတိုက်ပွဲအတွင်း ပစ်ခတ်ကြသည့် လက်နက်ကြီးကျည်များကြောင့် ဆောက်လုပ်ဆဲ ဘုန်းကြီးကျောင်းနှင့် ပွဲရုံကို ထိမှန်ခဲ့သည့်အပြင် စကစ မှ လေကြောင်းလိုင်းဖြင့် လာရောက် ပစ်ခတ်ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း တည်ရှိရာမြို့ဖြစ်ပြီး သင်တန်းကျောင်းများ နှင့် ခြေလျင် တိုက်ခိုက်ရေး တပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်နေရာ နေရာတစ်ခု ဖြစ်သည်။ ရပ်စောက်မြို့ နှင့် ကျိုင်းခမ်းကျေးရွာအုပ်စုသည် မိုင် (၃၀)ခန့်သာ အကွာအဝေးရှိကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...