ကျောက်မဲစစ်ရှောင် (၄၀၀)ကျော် ရပ်စောက်မြို့နယ်သို့ ပြောင်းရွှေ့

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စစ်ရှောင်(၄၀၀) ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ်သို့ ထပ်မံပြောင်းရွှေ့ တိမ်းရှောင်သွားကြောင်း သတင်းသိရသည်။

ဇန်နဝါရီလ ၂ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင် (၄၀၀)ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“တချို့က ရပ်စောက်ဘက်ကို ပြောင်းသွားတယ်၊ အဓိကတော့ နေရပ်ပြန်ဖို့က စိတ်မချလို့၊ သူတို့အတွက် လုံခြုံမှု မရှိဘူးလို့ ပြောတာပဲ၊ စစ်ရှောင်စခန်းမှာ အလုပ်မရှိပဲ ရေရှည် နေမယ်ဆိုရင်လည်း အဆင်မပြေဘူး၊ နောက်တစ်ချက်က ကိုဗစ်ရောဂါကို ကြောက်တာပေါ့၊ လူအများစုဝေးပြီး နေရတာဆိုတော့ စိုးရိမ်ရတယ်လေ” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို စစ်ရှောင်များသည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းရှိ ဧက ၅၀၀ ခန့် ရှိသည့် မြေကွက်ပေါ်တွင် ယာယီတဲထိုးပြီး စုပေါင်း နေထိုင်နေတာဖြစ်ကြောင်း စိုင်းအောင်မြင့် က ဆိုသည်။

“နေရာသစ်ပြောင်းချင်တဲ့သူတွေ ရှိတယ် ဆိုတော့ ဝိုင်းဝန်းပြီးကူညီပေးလိုက်တာပါ၊ နေရာ ယာယီပြောင်းလိုက်တဲ့ သဘောပါပဲ၊ သူတို့ လုပ်ကိုင်စားသောက်ဖို့ လွယ်သွားတာပေါ့၊ ဆရာတော်တွေ ဦးဆောင်ပြီး တခြားတာဝန်ရှိသူတွေ ပူးပေါင်း ကူညီပေးတာပါ၊ ယာယီနေဖို့ နေရာနဲ့ စိုက်ပျိုးဖို့ရော နေရာတချို့တော့ ရှိတယ်၊ ရေရှည်နေဖို့အတွက်တော့ မဟုတ်ဘူး၊ ခုက ယာယီနေဖို့ တဲတွေ ထိုးထားပေးတယ်လို့တော့ သိရတယ်” ဟု စစ်ရှောင်များကို ကူညီပေးသူ စိုင်းအောင်မြင့် က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သျှမ်းပြည် သံဃာနှင့်ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုမြေနေရာတွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“သွားတွေ့တာ ဟုတ်ပါတယ်၊ တွေ့ပြီးတော့ သူတို့ ဘယ်လိုဖြစ်ချင်လဲ ဆိုတာတွေကို ဆွေးနွေးကြတာပါ၊ နေရပ်ပြန်ချင်ရင်လည်း ပြန်နိုင်အောင် ကူညီပေးမယ်၊ နောက်တစ်ခုက တစ်ခြားနေရာသစ်မှာ သွားနေမယ် ဆိုရင်လည်း တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြောခဲ့တယ်၊ ဘယ်နေရာကို ပြောင်းပါ၊ ဘယ်မှာနေပါ ဆိုတာတွေကိုတော့ မပြောခဲ့ရဘူး၊ ခု ရပ်စောက်ဘက် ပြောင်းတယ် ဆိုတာလည်း အခြေနေ အသေးစိတ်ကို မသိရသေးဘူး” ဟု သျှမ်းပြည် သံဃာနှင့်ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ အရှင် ခေမိဿရ က မိန့်ပါတယ်။

ထိုပြောင်းရွှေ့သွားသည့် စစ်ရှောင်များမှာ ကျောက်မဲမြို့နယ် ဟူးဆွန်နှင့် ပုံးလုံကျေးရွာအုပ်စုမှ ဒေသခံအများစု ဖြစ်ပြီး ထပ်မံပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် စစ်ရှောင်များလည်း ရှိသေးကြောင်း သိရသည်။

“ဖြစ်နိုင်ရင်တော့ တိုက်ပွဲကို မဖြစ်စေချင်တော့ဘူး၊ ထိုးစစ်ဆင်နေတာတွေ၊ ပစ်ခတ်နေတာတွေကို မလုပ်စေချင်တော့ပါဘူး၊ ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ကို စဉ်းစားပေးစေချင်တယ်၊ ပြည်သူကို စောင့်ရှောက်ပေးကြဖို့ လေးလေးနက်နက်တောင်းဆိုပါတယ်” ဟု အရှင် ခေမိဿရ က မိန့်ကြားလိုက်သည်။

လက်ရှိ ကျောက်မဲမြို့ပေါ်တွင် စစ်ဘေးရှောင် ၄၀၀ ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...