Monday, January 26, 2026

ရပ်စောက်မြို့နယ်တွင် ဒေသခံအမျိုးသမီးတဦးအား သေနတ်သမားတဦးဝင်ရောက်ပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် အမျိုးသမီးတဦးအား သေနတ်သမားတဦးက နေအိမ်အထိ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

Photo Credit to Yort Han- နိုဝင်ဘာလ ၁၀ ရက် ၂၀၁၉ က သေနတ်သမားတဦး၏ပစ်ခတ်ခံရသော ရပ်စောက်မြို့ဒေသခံ နန်းခမ်းစိန်

နိုဝင်ဘာလ ၁၀ ရက်  ညနေပိုင်းက ရပ်စောက်မြို့နယ် နောင်ဝိုးရွာနေ နန်းခမ်းစိန် အသက် ၄၃ နှစ်သည်လယ်တောမှ နေအိမ်ပြန်အရောက်တွက် အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမျိုးသားတဦးက ဆိုင်ကယ်ဖြစ်အိမ်ဝင်းအတွင်းဝင်ရောက်ကာ ပစ်ခတ်ခဲ့သဖြင့် ကျည် ၄ ချက်ထိမှန်ပြီးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

“သူ့ရဲ့ ရင်ဘတ်မှာတချက်၊ ညာဘက်လက်မှာတချက်၊ ပေါင်မှာတချက်နဲ့ ဗိုက်မှာတချက် ကျည်ဆံဝင်သွားတယ်။ နေအိမ်မှာဘဲ ပွဲချင်းပြီးသေသွားတယ်။ သူ့ရဲ့အလောင်းကိုတော့ ရပ်စောက်ဆေးရုံမှာဘဲရင်ခွဲစစ်ဆေးပြီးတော့ မနေ့က ညနေ ၄ နာရီလောက်မှာ သဂြိုဟ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတာတော့ကျနော်တို့မသိပါဘူး။ အမျိုးတွေကြားမှာ ထင်မြင်ချက်ပေးနေတာတခုကတော့ ငွေရေးကြေးရေးကိစ္စဘဲရှိမယ်ထင်တယ်လို့ပြောပါတယ်။ ” – ဟု ဆွေမျိုးတော်စပ်သူ စိုင်းနောင့်ကပြောသည်။

ပစ်ခတ်ခံရသည့်ကျည်ခွံအား ရဲများစစ်ဆေးရာတွင် မြန်မာအစိုးရ၏ ကာကွယ်ရေးဌာနမှ ထုတ်ပေးသောကျည်မဟုတ်ကြောင်း၊ နယ်စပ်မှ ရောင်းဝယ်သည့်ကျည်ခွံဖြစ်ကြောင်း ၊ ပစ်ခတ်မှု တရားခံကိုလည်း ရှာဖွေနေကြောင်း ပြောဆိုနေကြသည်။

“သေနတ်သမားတွေက ခုတလော လူထုပါပစ်ခတ်လာတယ်၊ သံဃာတော်တွေပါမကျန် ပစ်ခတ် လာတယ် ဆိုတော့ စိုးရိမ်ရတဲ့အနေအခြေအနေပေါ့။ မလုံခြုံဘူးလို့ခံစားရတယ် ” – ဟု ရပ်စောက် ဒေသခံ စိုင်းသန်း ကလည်းပြောသည်။

နန်းခမ်းစိန်သည် ရပ်စောက်မြို့နေ လုံးဆန်နုတ်၊ ပါလိတ် တို့၏သမီးဖြစ်ပြီးမွေးချင်းညီအကိုမောင်နှမ ၄ ဦးရှိကြောင်းသိရသည်။ လက်ရှိတွင်ခင်ပွန်းဖြစ်သူ စိုင်းဘသိန်းနှင့်သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို တိမ်းရှောင်ခိုင်း

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဇွန်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် အင်တောမြို့အနီး ကျောက်ဂူကျေးရွာအုပ်စုရှိ လွိုင်ဟောင်နှင့် ပုန်းအင်းကျေးရွာများသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြည်သူများကို ဘုန်းကြီးကျောင်းနှင့် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း အင်တောမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ကျောက်ဂူဒေသ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေပြီး မကြာခဏထိုးစစ်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေပြီး မကြာခဏထိုးစစ်ဆင်နေကြောင်း DPLFက ယမန်နေ့ မေလ (၂၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေလ (၂၀)ရက်နေ့ နေ့လည် (၁၂)နာရီမှ ညနေ (၃)နာရီအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၄)လုံးနှင့် လက်နက်ကြီး (၂)လုံးဖြင့် ကျောက်ဂူဒေသ လွယ်ဟောင်ရွာနှင့်...

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်လေယာဉ်ဗုံးကြဲနေ

0
သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် လမှစတင်၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)...

မူဆယ်မြို့ အတွင်း ပြည်သူ့ စစ်နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်) နေ့လည် ၁၂ နာရီခွဲဝန်းကျင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းတွင် မြို့မပြည်သူ့စစ် အဖွဲ့ နှင့် နမ့်ဖတ်ကာပြည်သူ့ စစ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွဲခဲ့ကြောင်း...

လောက်ကိုင်မြို့အတွင်း ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုမှ လေယာဥ်ဗုံးကြဲသည်အထိ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် လောက်ကိုင်မြို့အတွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထို့တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင်...