Monday, February 2, 2026

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်လေယာဉ်ဗုံးကြဲနေ

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် လမှစတင်၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေရာ ကျောက်ဂူတိုက်နယ် အတွင်း နေထိုင်သည့် ဒေသခံများ ထွက်ပြေးနေရစဥ် ယခုကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်သည်။

“၅ ခါ ၆ ခါရှိပြီ ဆက်တိုက်ချနေတာ။ အခုလည်း လေယာဉ် ဝဲနေသေးတယ်။ ဘယ်နေရာကျလဲ သေချာ မသိဘူးလေ၊ ကျောက်ဂူတဝိုက်ပဲ ချတာက၊ ဟိုးအရင်ရက်ကတည်းက အကုန်ပြေးနေရတာလေ” ဟု ဒေသခံတစ်ဉီးက ယနေ့ မွန်းလွဲ တနာရီ ဝန်းကျင်တွင် ပြောသည်။

လက်ရှိ စစ်လေယာဉ်ပေါ်မှ ဗုံးကြဲချမှုကြောင်း ပေါက်ကွဲသံများ ကြားနေရသကဲ့သို့ လက်နက်ငယ် ပစ်ခတ်သံများလည်း ကြားနေရကြောင်း ၎င်းကဆက်ပြောသည်။

လေကြောင်း ဗုံးကြဲမှုကြောင့်ထိခိုက် ပျက်စီးမှု အခြေအနေများကိုမူ မေးမြန်းစုံစမ်းနေဆဲ ဖြစ်သည်။

ကျောက်ဂူဒေသတွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ဆက်စပ်ဒေသဖြစ်သည့် ရေအားလျှပ်စစ် စက်ရုံ တည်ရှိရာ ကျိုင်းခမ်းဒေသတွင်မူ တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးဘဲ တည်ငြိမ်နေကြောင်း တခြား ဒေသခံတစ်ဉီးက ဆိုသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီ အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှု ရှိခဲ့ကြောင်း ဓနုတပ် (DPLA) က ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်း ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်၍ ရွာသားတဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်၍ ခဲကြားရွာနှင့် ဖက်ရင်းကုန်းရွာတွင်း ကျရောက် ပေါက်ကွဲပြီး နေအိမ် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း DPLA က ဆိုသည်။

နာမည်ကျော် တောင်ခမ်း တိုက်ပွဲ ဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် ကျောက်ဂူဒေသတွင် စစ်ကောင်စီ စစ်ကြောင်းများကို DPLA က ကြားဖြတ် တိုက်ခိုက်နေရာ တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဉီး ဒလန်ဟု စွပ်စွဲခံရပြီး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြိုင်ကျေးရွာတွင် အမျိုးသားတစ်ဉီးကို ဒလန်ဟုဆိုကာ အမည်မသိ လက်နက်ကိုင်မှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်းသတင်းရရှိသည်။

ရွာငံ-PDF ချိုးဖြူတပ်သည် တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီး DPLA နှင့်ပူးပေါင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အခြေစိုက် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) သည် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/ DPLA နှင့် ပူးပေါင်းကာ လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။ ရွာငံ-PDF ခေါ် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ အနေဖြင့် တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီး တော်လှန်ရေး အရွေ့တစ်ခု...

နောင်ချို နေရပ်ပြန်စစ်ရှောင်အချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးမှုရှိ၊ ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ဟုဆို

0
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်‌ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA...

“ငြိမ်းချမ်းရေးဖိုရမ်”ကျင်းပ ကာလ TNLAထိန်းချုပ်ဒေသ စစ်ကောင်စီ လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်

0
နေပြည်တော်တွင် “ ငြိမ်းချမ်းရေး ဖိုရမ်” “ Peace Forum” ကျင်းပနေသည့်ကာလ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သော နယ်မြေများကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေသည်။ ယခုရက်ပိုင်း စစ်ကောင်စီလေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း...

နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော

0
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) မနက်ပိုင်းမှစ၍ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...