ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဉီး ဒလန်ဟု စွပ်စွဲခံရပြီး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြိုင်ကျေးရွာတွင် အမျိုးသားတစ်ဉီးကို ဒလန်ဟုဆိုကာ အမည်မသိ လက်နက်ကိုင်မှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် ညပိုင်းတွင် ရွာငံမြို့နယ် မြိုင်ကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ ၎င်း၏ အမျိုးသမီး ရှေ့မှောက်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ရွာငံဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမျိုးသမီးကို ဒူးထောက်ခိုင်းပြီး အမျိုးသားကိုတော့ သူ့ရဲ့ရှေ့မှာပဲ လည်ပင်းကို ဓားနဲ့ ထိုးသတ်သွားတာ။ အမျိုးသမီးကိုတော့ မသတ်ဘူး။ ဒလန်ဆိုပြီး သတ်သွားတာပဲ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

အဆိုပါ အသတ်ခံရသည့် အမျိုးသားသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပြီး၊ မိသားစုကို ရှာဖွေကျွေးမွေးနေသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရွာငံမြို့နယ်အတွင်း လွန်ခဲ့သည့် ၂၀၂၄ ခုနစ်မှ ယခုနှစ် ၂၀၂၅ ခုနစ် နိုဝင်ဘာလတွင်း ဒလန်ဟုစွပ်စွဲကာ အသတ်ခံရသည့် အရပ်သားနှင့် အုပ်ချုပ်ရေးမှူး ၁၃ ဦး အထိ ရှိလာပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူး တာဝန်ယူသူများ၊ စစ်ကော်မရှင်နှင့် ပူးပေါင်းသူများ မကြာခဏ လုပ်ကြံခံနေရသဖြင့် ဒေသခံများလည်း စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသည်။

“စစ်တပ်လည်း ကြောက်ရ၊ PDF ကိုလည်း ကြောက်ရ ဘယ်အဖွဲ့နဲ့မှကို မပတ်သက်ရဲတာ။ ဒီလိုပဲ ဒေသခံတွေက ကြားခံဆိုတော့ သတိရှိရှိနဲ့ လိုက်လျောညီထွေအောင် နေထိုင်ရတာပေါ့။ PDF လို့လည်း စွပ်စွဲလို့ မရဘူး၊ သူတို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပျူစောထီးတွေက အမြင်ကပ်ပြီး သတ်တာတို့၊ သူတို့သတ်ပြီး တော်လှန်ရေး အဖွဲ့ကို လွှဲချတာလည်း ဖြစ်နိုင်တယ်”ဟု ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်တွင်လည်း ရွာငံမြို့နယ် တပ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် မြသိန်းတန်ကျေးရွာမှ အရပ်သားတစ်ဦးကို ရွာငံမြို့ ဝက်သတ်ခုံတွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဓားဖြင့် ထိုးသတ်သွားခဲ့သည်။

စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ရွာငံမြို့နယ် အခြေစိုက် လက်နက်ကိုင် တော်လှန်ရေးတပ်များ ပေါ်လာပြီး စစ်ကော်မရှင်တပ်နှင့် မကြာခဏ ထိတွေ့မှု ဖြစ်ကာ စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးကာ ရွာသားများကို မကြာခဏ ဖမ်းဆီး စစ်ဆေးလေ့ရှိသည်။

လက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ၎င်း၏လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်နှင့် ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLF/DPLA အပြင် ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(DSNDA) တို့ အခြေစိုက်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...