လက်နက်ကိုင်တပ်ဖွဲ့များကြား ရွာငံဒေသခံများ လုံခြုံရေးစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်သားများရှိပြီး မကြာခဏ အရပ်သားသေဆုံးမှုရှိမှုကြောင့် ဒေသခံများ လုံခြုံရေး စိုးရိမ်နေရကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးနောက် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ် ၎င်း၏လက်အောက်ခံ ပျူစောထီးတပ်များ ၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်များ နှင့် ဓနုပြည်နယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DSNDA)၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်(DPLA) တို့ နေရာယူ ထားကြသည်။

အဆိုပါ လက်နက်ကိုင်များကြားတွင် ဒေသခံများ အုပ်ချုပ်ရေးမှူး များက သဟဇာတ ဖြစ်အောင် နေထိုင်နေရပြီး စစ်ကော်မရှင်ဘက်မှလည်း ဒေသခံများကို မကြာခဏ ဖမ်းဆီးခြင်း ၊ ပေါ်တာဆွဲခြင်း၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းခြင်းများ ပြုလုပ်ပြီး အသတ်သေဆုံးသည့်အထိရိုက်နှက်မှုများလည်း ရှိသည်။

“ လက်နက်ကိုင်တွေများလေ ကျမတို့ ပြည်သူတွေမလုံခြုံလေ၊ စစ်တပ်က ဖမ်းလိုက် ၊ပေါ်တာဆွဲလိုက် PDFက စစ်တပ်နဲ့ ပတ်သက်လို့ သတ်လိုက်၊ ကြားထဲက ဘယ်အဖွဲ့မှန်းမသိ လက်နက်ပြပြီး ငွေတောင်းခံရလိုက်နဲ့ အရင်လို လုံခြုံမှု မရှိတော့ဘူး၊ ဖိအားတွေကြားထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတာပဲ။”ဟု ရွာငံဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အစတွင် စစ်ကော်မရှင်တပ်က နွားဘန်းကြီးကျေးရွာ၊ ရေချမ်းကျေးရွာ နှင့် ကျောက်ငှက် ကျေးရွာ တို့မှ ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်း၊ ၎င်းတို့ တောင်းသည့် ငွေပမာဏ မပေးနိုင်လျှင် ဖမ်းဆီးထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် တပ်မှ ဒေသခံများကို ပျူစောထီးများ၊ စစ်ကော်မရှင်တပ်များနှင့် နီးကပ်စွာမနေရန်နှင့် ပြည်သူများ အသွားလာ သတိရှိကြရန်DSNDAတပ် မှ တာဝန်ရှိသူတစ်ဦးက အသိပေးပြောထားသည်။

“အခုတလောက ရွာငံမှာ ငြိမ်တယ်လို့ကို မရှိဘူး။ စစ်တပ်ဘက်မှလည်း ရွာတွေမှာ တပ်စွဲထားတာတို့ရှိတယ်။ တချို့အုပ်ချုပ်ရေးမှူးတို့ ပျူစောထီးတို့က စစ်တပ်ကို သတင်းပေးတာတို့၊ ပြည်သူတွေကို ကျနော်တို့နဲ့ ပတ်သက်တယ်လို့ စွတ်စွဲပြီး ဖမ်းခိုင်းတာ လုပ်တယ်၊ အဲဒါကြောင့် စစ်တပ်နဲ့ ပျူတွေနဲ့ ဝေးဝေးနေကြဖို့ ပြောလိုပါတယ် ”ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ တော်လှန်းရေးတပ်ဖွဲ့များ ရှိရာ တောတောင်ဘက်သို့ ဒေသခံ ကားများကို ချောဆွဲသွားခြင်း၊ တောစပ်နှင့် နီးသည့် ကျေးရွာများတွင် တပ်စွဲပြီး လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ဇန်နဝါရီလ နောက်ဆုံးပတ် ည ၁၀ နာရီခန့်တွင် ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာနေ အသက် ၄၀ မှ ၆၀ နှစ်ခန့်ရှိ ပြည်သူ (၄)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးပြီး နှစ်ပတ်ကျော်ကြာပြီးနောက် ရုပ်အလောင်းသာ ပြန်ရတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...