Tuesday, January 27, 2026

ရွာငံ-PDF ချိုးဖြူတပ်သည် တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီး DPLA နှင့်ပူးပေါင်း

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အခြေစိုက် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) သည် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/ DPLA နှင့် ပူးပေါင်းကာ လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရွာငံ-PDF ခေါ် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ အနေဖြင့် တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီး တော်လှန်ရေး အရွေ့တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်နိုင်ရန် ရည်ရွယ်ပြီး တစ်ဖွဲ့ချင်း မရပ်တည်တော့ဘဲ DPLA တပ်ဖွဲ့နှင့် ပူးပေါင်းကာ လှုပ်ရှားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

“ကျနော်တို့ တစ်ဖွဲ့တည်းနဲ့ ရေရှည်ရပ်တည်နေလို့လည်း အဆင်မပြေဘူးလေ၊ အခုလို ပူးပေါင်းလိုက်တော့ ဓနုအဖွဲ့အစည်းတွေ အချင်းချင်း စည်းလုံးမှုကိုလည်း ပြတာပဲ။ အဖွဲ့အစည်းတွေ စည်းလုံးမှ လိုချင်တဲ့ခရီး ရောက်မယ်ထင်လို့ ပူးပေါင်းဖြစ်သွားတာပါ”ဟု ချိုးဖြူတော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ ဓနုတပ်ဖွဲ့နှစ်ခု ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းသွားမည် ဖြစ်ပြီး ဓနုဒေသအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများကို အခက်အခဲကြား ရသည့်ဘက်မှ ကာကွယ်သွားမည်ဟု ၎င်းတပ်ဖွဲ့ဝင် တစ်ဦးက ဆက်ပြောသည်။

ထို့အပြင် DPLA တပ်ဖွဲ့မှလည်း JPRF တပ်ဖွဲ့ ပူးပေါင်းလာမှုကို ဝမ်းသာကြိုဆိုကြောင်း၊ ဓနုဒေသအတွင်း တိုင်းရင်းသားလူမျိုးများကို အတူတကွ ကာကွယ်ပြီး အရွေ့တစ်ခု သွားနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း DPLA တပ်ဖွဲ့မှ တာဝန်ရှိသူ ဦးထွန်းထွန်းနိုင်မှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ယောက်တည်း လုပ်တာထက်စာရင် နှစ်ယောက်ဆို ပိုပြီး တွင်ကျယ်မယ်။ သုံးယောက်ဆို ပိုပြီး ခရီးရောက်မှာ၊ ဒေသတွင်းမှာ အတူနေတဲ့ ညီနောင်တိုင်းရင်းသား အားလုံးကို အတတ်နိုင်ဆုံး ကာကွယ်သွားဖို့ ရှိတယ်”ဟု DPLA တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်က ပြောသည်။

ချိုးဖြူတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စ၍ တော်လှန်ရေးခရီး စတင်လှုပ်ရှားခဲ့ပြီး စစ်ကော်မရှင်တပ်ကို ပျောက်ကြားစစ်ဆင်ရေးများဖြင့် နေရာဒေသ မျိုးစုံမှ ရသည့်နည်းလမ်းဖြင့် ဆင်နွှဲခဲ့ပြီး ယနေ့အထိ တော်လှန်နေဆဲဖြစ်သည်။

DPLA တပ်ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ စစ်ကော်မရှင်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

DPLA နှင့် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF တို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးချိန်တွင် ဓနုလူမျိုးကိုယ်စားပြု တော်လှန်ရေးတပ်အဖြစ် စတင်ပေါ်ပေါက်ခဲ့သည့် တပ်ဖွဲ့များဖြစ်သည်။

ထို့အပြင် စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA အနေဖြင့် လက်မခံကြောင်း အောက်တိုဘာလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ အခြေစိုက်သည့် ရွာငံမြို့နယ်သည် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပါဝင်ပြီး အဆိုပါ ရွေးကောက်ပွဲမတိုင်မှီ စစ်ကော်မရှင်တပ်မှ တော်လှန်ရေးတပ်ဖွဲ့များကို အင်အားအလုံးအရင်းဖြင့် ရှာဖွေနှိမ်နင်းနေကြောင်း ဒေသခံများက ပြောသည်။

“စစ်ကော်မရှင်က တောနဲ့ နီးစပ်တဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်တယ်။ တောထဲတွေမှာ သေနတ်ဖောက်တယ်၊ တစ်ရွာဝင် တစ်ရွာထွက် လိုက်ရှာနေတယ်။ ဒေသခံတွေက ကြောက်ပြီး ခြံမသွားရဲကြတာမျိုးတွေ ရှိတယ်”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး အသတ်ခံရပြီးနောက် စစ်ကော်မရှင်ဘက်က ကျေးရွာအတွင်း အဝင်အထွက် ကန့်သတ်ကာ အစစ်အဆေး တင်းကြပ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဉီး ဒလန်ဟု စွပ်စွဲခံရပြီး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြိုင်ကျေးရွာတွင် အမျိုးသားတစ်ဉီးကို ဒလန်ဟုဆိုကာ အမည်မသိ လက်နက်ကိုင်မှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်းသတင်းရရှိသည်။

နောင်ချို နေရပ်ပြန်စစ်ရှောင်အချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးမှုရှိ၊ ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ဟုဆို

0
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်‌ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA...

“ငြိမ်းချမ်းရေးဖိုရမ်”ကျင်းပ ကာလ TNLAထိန်းချုပ်ဒေသ စစ်ကောင်စီ လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်

0
နေပြည်တော်တွင် “ ငြိမ်းချမ်းရေး ဖိုရမ်” “ Peace Forum” ကျင်းပနေသည့်ကာလ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သော နယ်မြေများကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေသည်။ ယခုရက်ပိုင်း စစ်ကောင်စီလေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း...

နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော

0
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) မနက်ပိုင်းမှစ၍ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...

လွတ်မြောက်နယ်မြေတွင် DPLA၏ အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA/DPLF)၏ အမှတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန်လ (၂၁)ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း DPLAက ထုတ်ပြန်ခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် ဓနုဒေသအတွင်းရှိ ပြည်သူလူထုအားကာကွယ်နိုင်ရန်၊ ရန်သူကို အမြဲသတိထားတတ်စေရန် နှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေရန် အဓိကထား၍ သင်တန်းအချိန်ကာလ (၃)ကျော်ကြာ စစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။ စစ်သင်တန်း ဆင်းပွဲ...