နောင်ချို နေရပ်ပြန်စစ်ရှောင်အချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးမှုရှိ၊ ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်‌ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA နှင့် PDF ထောက်ခံသူများဟု စွပ်စွဲကာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“တောင်းခမ်းဘက် ရွာထဲ ပြန်နေကြတဲ့လူတွေကို စစ်တပ်က ဖမ်းခေါ်သွားတာတွေ ရှိတယ်။ အရင်က ပလောင်တပ်တွေ၊ ဓနုတပ်တွေကို ထောက်ပို့ လုပ်တယ်ဆိုပြီး လာဆွဲသွားတာ။ ရွာဘက်ဆိုတော့ ဓနုအမျိုးတွေ ပါသွားတာများတယ်၊ အခုက သတင်းလည်း မထွက်ရဲဘူး။ မြို့ထဲသွားရင်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင်တောင် တခြားမြို့ကဆို ပေးမဝင်ဘူး၊ နောင်ချိုမှတ်ပုံတင်မှ ရတာ”ဟု နေရပ်ပြန် နောင်ချိုစစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် နောင်ချိုစစ်ဘေးရှောင်အချို့၏ အမည်နှင့် နေရပ်များကို ဖော်ပြ၍ TNLA နှင့် DPLA တို့ကို ထောက်ခံအားပေးသူများအဖြစ် စွပ်စွဲကာ စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးပေးရန် လှုံ့ဆော်ခြင်းများလည်း ရှိနေပြီး ထိုသို့ ဖော်ပြခံရပြီးနောက် အမှန်တကယ် ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

နောင်ချိုမြို့ပေါ်ရှိ ရွှေဆိုင်နှင့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံများ လိုက်လံချိတ်ပိတ်စဉ် (ဓာတ်ပုံ -တယ်လီဂရမ်)

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် နေရပ်ပြန် စစ်ဘေးရှောင်များ ဖမ်းဆီးစစ်ဆေးခံရသည့် ကျေးရွာများမှာ နောင်ချိုမြို့တောင်ဘက်ရှိ ဓနုလူမျိုး အများဆုံးနေထိုင်သည့် နောင်ချိုလေး၊ မဲပုတ်၊ နောင်လင်၊ နောင်ဩ၊ ဉာဏ်တော၊ ရွှေသွန်းနှင့် ရွှေပြည်ညွန့်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နောင်ချိုမြို့ပေါ် ရပ်ကွက်များတွင်လည်း TNLA ထိန်းချုပ်ထားစဉ်က TNLA နှင့် DPLA တို့ကို ထောက်ခံအားပေးသူများအဖြစ် စွပ်စွဲခံရသူများ၏ နေအိမ် (၂၀) ခန့်ကိုလည်း စစ်ကောင်စီတပ်က ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

“ပလောင်တွေ မြို့ပေါ်မှာ ရှိတုန်းက လူကြီးလုပ်တဲ့ မြို့မိမြို့ဖတချို့နဲ့ DPLA ကို ထောက်ခံတယ်ဆိုပြီး စွပ်စွဲခံရတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်တွေ (၁၇) အိမ်ကို ချိတ်ပိတ်လိုက်တယ်။ မြို့ထဲပြန်လာတဲ့ ဒေသခံကိုလည်း ၃ လအတွင်း အပြင်ပြန်မထွက်ဖို့ လိုက်ပြောထားတယ်၊ တချို့လည်း ကလေးကျောင်းထားဖို့ အဝေးကနေ ပြန်လာကြတာ ရှိတယ်”ဟု ၎င်းနေရပ်ပြန် စစ်ရှောင်အမျိုးသားက ဆက်ပြောသည်။

နောင်ချိုမြို့ပေါ်ရှိ ရွှေဆိုင်နှင့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံများ လိုက်လံချိတ်ပိတ်စဉ် (ဓာတ်ပုံ -တယ်လီဂရမ်)

လက်ရှိတွင် နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားလည်း မိုင်းခွဲဖျက်စီးခံထားရခြင်းကြောင့် ဖြတ်သန်းသွားလာ၍ မရဘဲ ကျောက်မဲမြို့နယ် နောင်ပိန်ဘက် ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ဘေးရှောင်များမှာ နောင်ချိုသို့နေရပ်ပြန်ရန် တစ်ဦးလျှင် ကားခ ကျပ်ငွေ ၅ သောင်းမှ တစ်သိန်းကြား ပေးရပြီး အထက်ရဲရွာဘက်မှတဆင့် သာစည်လမ်းသို့ ကွေ့ပတ်သွားလာရကြောင်း သိရသည်။

နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် နောင်ချို-ပြင်ဦးလွင်-မန္တလေးလမ်းနှင့် နောင်ချို-ကျောက်ဂူ-အင်တော-ရပ်စောက်လမ်းတို့ကို ဖြတ်သန်းသွားလာနိုင်သော်လည်း စစ်ကောင်စီဘက်မှ စစ်ဆေးမှု တင်းကြပ်နေကြောင်း ခရီးသွားများက ပြောသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲမှတဆင့် မိုးကုတ်မြို့ကို ဦးတည်၍ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးအတိုင်း မြေပြင်ထိုးစစ် ဆက်လက်ချီတက်နေကြောင်း ဒေသခံများက ပြောဆိုနေသည်။

ပုံစာ – နောင်ချိုမြို့ပေါ်ရှိ ရွှေဆိုင်နှင့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံများ လိုက်လံချိတ်ပိတ်စဉ် (ဓာတ်ပုံ -တယ်လီဂရမ်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...