Tuesday, January 27, 2026

တောင်းခမ်း

နောင်ချို နေရပ်ပြန်စစ်ရှောင်အချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးမှုရှိ၊ ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်‌ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA...

တောင်းခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြည့်တင်းနေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်းများတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။ ဧပြီလ(၂)ရက်နေ့မှ (၂၂)နေ့အထိ ရက်ပေါင်း (၂၀)ကြာ TNLAတို့ အပစ်အခတ် ရပ်စဲကြောင်း စစ်ကောင်စီဘက်မှ ကြေညာထားသော်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်အင်အား...

တောင်းခမ်းဒေသ အမြောက်တပ်ရင်းများမှ TNLA သိမ်းပိုက်ထားနိုင်သည့် နေရာအချို့ လက်လွတ်ရ

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာအချို့ကို လက်လွတ်လိုက်ရပြီး စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်း...

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ တောင်းခမ်း တိုက်ပွဲ ပြင်းထန်နေ

သျှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်းခမ်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၂၁ ရက်)၊ နံနက် ၁ နာရီ ဝန်းကျင်တွင် နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း စုစုပေါင်း ဗုံး...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ ညနေပိုင်းတွင် ပြောသည်။ စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့တွင် စုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်လာ သဖြင့် ယမန်နေ့ (အောက်တိုဘာလ ၁၉...

တောင်းခမ်း စစ်ရေးအထူးတင်းမာ၊ ပြင်ဦးလွင်မြို့အဝင် စစ်ကောင်စီ တင်းကြပ်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ စစ်ရေး အထူးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ ၁၅ မိုင် အကွာအဝေးတွင် ရှိသည့် စစ်ကောင်စီ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းဒေသတွင်...

နောင်ချို-ပြင်ဦးလွင်ကြား တောလမ်းတွင် ကားရာနှင့်ချီ ပိတ်မိ

သျှမ်း-မန္တလေးနယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်မြို့အကြား တောလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ မရတော့ခြင်းကြောင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ရာတွင် တောလမ်းမှတဆင့် သွားလာနေရပြီး မိုးရွာသွန်းမှုကြော်င့ ကားအစီးရေ (၅၀၀)...

Latest news