နောင်ချို-ပြင်ဦးလွင်ကြား တောလမ်းတွင် ကားရာနှင့်ချီ ပိတ်မိ

သျှမ်း-မန္တလေးနယ်စပ် နောင်ချိုနှင့် ပြင်ဦးလွင်မြို့အကြား တောလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ မရတော့ခြင်းကြောင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ရာတွင် တောလမ်းမှတဆင့် သွားလာနေရပြီး မိုးရွာသွန်းမှုကြော်င့ ကားအစီးရေ (၅၀၀) ကျော် ပိတ်မိနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“နောင်ချို အုမ္မသီးလမ်းခွဲကနေ ပန်ခံ၊ သပြေဝန်းဘက် သွားပြီးတော့ လွန်းကျော်ကနေ ထွက်လာပြီး ပြင်ဦးလွင် ဆက်သွားတာ။ ဗွက်နဲ့ဆိုတော့ ပြောင်းသယ်တဲ့ ၁၂ ဘီးကားတွေလည်း နစ်တယ်၊ လိုင်းကားကော ကားကြီးကားသေး ပေါင်းစုံပဲ။ အဲ့မှာ ကားအစီးပေါင်း ၅၀၀ ကျော် ပိတ်နေတာ။ ကားခံရင် ပိုက်ဆံရှိလည်း ဘာမှဝယ်စားလို့ မရဘူး”ဟု နောင်ချိုမြို့မှ ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့ တောင်ရပ်ကွက်တွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် နေအိမ်ပျက်စီးမှု

နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ လမ်းခွဲမှ ပန်ခံ၊ သပြေဝန်းမှတဆင့် လွန်းကျော်အကြား လမ်းမှာ အမာခံလမ်း မဟုတ်ဘဲ နွေရာသီ ကြံသယ်သည့် သဲခင်းလမ်းဖြစ်ကာ မိုးရွာသွန်းမှုကြောင့် ဗွက်ထပြီး ကားကြီး၊ ကားသေးများ လမ်းကျွံချိန် ပြန်မထွက်နိုင်ဘဲ အစီးရေ ရာနှင့်ချီ ပိတ်မိနေကြောင်း ဆိုသည်။

ထို့အပြင် စက်တင်ဘာလ (၁၂) ရက်မှ စပြီး နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲ တိုက်ခိုက်လျက်ရှိရာ အုမ္မသီးကျေးရွာတွင် ပြည်သူနေအိမ် (၅) လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး (၂၀) လုံးထက်မနည်း ထပ်မံပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့ပေါ် ဘူတာရပ်၊ ရဲစခန်း၊ တိုးဂိတ်နှင့် ကံကြီး-တောင်းခမ်းဘက် သွားသည့် မြို့အထွက်ဘက်လည်း လေကြောင်းဗုံးကြဲခံရခြင်းကြောင့် နေအိမ်အများအပြား ပျက်စီးကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“တောင်ခမ်း၊ သရက်ကုန်း၊ သရက်ချို၊ မကျီးရေဘက်မှာတော့ တိုက်နေတာ မပြီးသေးဘူးထင်တယ်။ လက်နက်ကြီးသံတော့ နေ့နေ့ညည ကြားနေရတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာတယ်၊ မနက်မိုးလင်းတာနဲ့ လာဝဲနေပြီ။ မြို့ထဲဘက်တော့ အဆက်အသွယ် ပြတ်နေတယ်”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၃) ရက်တွင် နောင်ချိုမြို့နယ် ပင်တီးအုပ်စု ပန်စုံကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး မြေးအဖွား (၂) ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ (၁၄) ရက်နေ့ကလည်း နောင်ချိုမြို့ တောင်ရပ်ကွက်နှင့် ရွှေမုဋ္ဌောဘုရားဘက်တွင် ပေါင် (၅၀၀) ဗုံး သုံးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံနေအိမ် (၅) လုံး ထိခိုက်ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ စက်တင်ဘာလ (၁၅) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...