နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ တောင်းခမ်း တိုက်ပွဲ ပြင်းထန်နေ

သျှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်းခမ်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာလ ၂၁ ရက်)၊ နံနက် ၁ နာရီ ဝန်းကျင်တွင် နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း စုစုပေါင်း ဗုံး ၁၂ လုံး ကြဲချ တိုက်ခိုက်ရာ သပြေရပ်နှင့် ပါဟတ် ရပ်ကွက်ရှိ လူနေအိမ်နှင့် ဆိုင်များ ပျက်စီးပြီး အရပ်သား ထိခိုက် ဒဏ်ရာရမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် နောင်ချိုမြို့နယ်၊ ဂန့်ဂေါ် နှင့် တောင်းခမ်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၉ ရက်) မှ ယနေ့ (အောက်တိုဘာလ ၂၁ ရက်) အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း အသက် ၃၀ ဝန်းကျင် နောင်ချို ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် ကတည်းကနေ ဒီနေ့ အခုချိန်ထိ လက်နက်ကြီး/ငယ် လေယာဉ်သံတွေ ကြားနေရတာ၊ တိုက်ပွဲတွေက တော်တော် ပြင်းနေတာ။ ဒီမနက်ကတော့ လက်နက်ကြီးသံက ပိုကျယ်လာတယ်။ တိုက်ပွဲဖြစ်နေတာကလည်း နှစ်နေရာ ဖြစ်နေတာ၊ ဂန့်ဂေါ် မှာကော တောင်းခမ်းနေမှာကော ၃ ရက်ဆက်တိုက်ပေါ့ တိုက်ပွဲတွေ ဖြစ်နေတာ။” ဟု ၄င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အနီးတဝိုက် ဒေသနေ ကျေးရွာခံများ ဆွေမျိုးအိမ်၊ နီးစပ်ရာကျေးရွာနှင့် နောင်ချိုမြို့သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့က လက်နက်ကြီးတွေနဲ့ ပစ်တော့ ဘေးကရွာတွေကိုလည်းကျတယ်လို့ သိရတယ်။ ဘေးရွာက ဒေသခံတွေ လည်း မနေ့ညက ထွက်ပြေးလာကြတယ်။ ထိခိုက်တာကတော့ ကျနော်တို့လည်း မသိရသေးဘူး။ အများစု ကတော့ ဆွေမျိုးတွေဆီ ထွက်ပြေးနေကြရတာ”ဟု ဒေသခံ အမျိုးသားက ဆက်ပြောသည်။

တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးနေရပြီး လယ်ယာစိုက်ခင်းများ အတွက် စိုးရိမ်ရသည့်အပြင်၊ လက်နက်ကြီး၊ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံ ရမည်ကို စိုးရိမ်ကြောင်း နောင်ချို ဒေသခံ နောက်တစ်ဦးက ပြောသည်။

“တချို့တွေက လယ်တွေ ကျွဲနွားတွေရှိလည်း ယူပြေးမရတော့ သွားကြည့်ဖို့လည်း သွားမကြည့် ရဲကြဘူး။ တိုက်ပွဲတွေကြောင့် လုပ်ထားတဲ့ လယ်ယာတွေ မသိမ်းရမှာကိုလည်း စိုးရိမ်တယ်။ လက်နက်ကြီးတွေ လေယာဉ်တွေကလည်း နေ့ ညမရွှေး ပစ်နေတာဆိုတော့ ကြောက်နေရတယ်”ဟု ၎င်းကပြောသည်။

တောင်ခမ်းဒေသတွင် ယနေ့ ညနေပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်ကောင်စီ လေကြောင်း အသုံးပြု ခုခံနေကြောင်း၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေမည်ဟု သုံးသပ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် တောင်ခမ်းကျေးရွာသည် နောင်ချိုမြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးပြီး၊ ဂန့်ဂေါ်ကျေးရွာ သည် နောင်ချိုမြို့ နှင့် ၁၅ မိုင်ကျော် ကွာဝေးကြောင်း ဒေသခံများက ပြောသည်။

တောင်ခမ်းဒေသတွင် စစ်ကောင်စီ၏ အရေးကြီး အမြောက်တပ် ဌာနချုပ်အပါအဝင် တပ်စခန်း ၄ ခု အထိုင်ချ တပ်စွဲထားပြီး စစ်ရေးအရ အရေးပါသဖြင့် TNLA ပူးပေါင်းတပ်ဖွဲ့၏ နှစ်လကျော်ကြာ ထိုးစစ်ဆင်မှုကို အသည်းအသန် ခုခံကာကွာနေခြင်း ဖြစ်သည်။

ယခုရက်ပိုင်း အတွင်း စစ်ကောင်စီက နောင်ချိုမြို့နယ်ကို ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်လျက်ရှိရာ (အောက်တိုဘာလ ၁၉ ရက်) တွင် နောင်ချိုမြို့ပေါ်ရှိ အရပ်ဘက် ပစ်မှတ်များကို လေကြောင်းက ဗုံးနှစ်ကြိမ် ကြဲချသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ (စက်တင်ဘာလ ၁၃ ရက်) တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...