တောင်းခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြည့်တင်းနေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်းများတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။

ဧပြီလ(၂)ရက်နေ့မှ (၂၂)နေ့အထိ ရက်ပေါင်း (၂၀)ကြာ TNLAတို့ အပစ်အခတ် ရပ်စဲကြောင်း စစ်ကောင်စီဘက်မှ ကြေညာထားသော်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်အင်အား အလုံးအရင်း ဖြည့်တင်းခြင်း၊ TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ အပြင်းအထန် ထိုးစစ်ဆင်နေပြီး လေကြောင်းအသုံးပြု တိုက်ခိုက်လာသည်မှာ ယခုရက်ပိုင်းတွင် ခပ်စိတ်စိတ်တွေ့လာရကြောင်း ၎င်းက ဆက်ပြောသည်။

“ခုထိ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ မြေပြင်လည်း ထိုးစစ်ဆင်တာတွေ ရှိတယ်။ လေကြောင်းဗုံးကြဲတာက မကြာခဏဆိုသလို ဗုံးကြဲနေတယ်။ သူတို့ဘက်က အပစ်ရပ်တယ်ဆိုပေမဲ့ လေကြောင်းနဲ့လည်း ပစ်တယ်။ အခုထိလည်း တိုက်ပွဲ ဆက်ဖြစ်တုန်းပဲ” ဟု DPLA နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီ၏ အမြောက်တပ်ရင်း ကွပ်ကွဲမှုဌာနချုပ် အခြေစိုက်ထားပြီး သျှမ်းပြည်မြောက်ပိုင်းမှ စစ်ရှုံးသွားသည့် စစ်ကောင်စီတပ်သား အများစုမှာ တောင်းခမ်းဘက်တွင် လာရောက်စုပေါင်း၍ ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ရှည်ကြာနေခြင်းဖြစ်ကြောင်း အဆိုပါ DPLA နှင့် နီးစပ်သူ အမျိုးသားက ပြောသည်။

DPLA ရဲဘော်များ

အလားတူ အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီတပ်မှ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်နှင့် နောင်ချိုမြို့နယ်များကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ကြောင်းခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် တရုတ်ဖိအားကြောင့် သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်အပ်ပြီး ဧပြီလ (၁၇) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ဆုတ်ခွာမည် ဆိုသောကြောင့် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို ထိန်းချုပ်ထားသည့် TNLA နှင့် တော်လှန်ရေးအင်အားစုအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်ဟု DPLA နှင့် နီးစပ်သူ ၎င်းအမျိုးသားက ဆက်ပြောသည်။

“လားရှိုးကို စစ်ကောင်စီထံ ပြန်အပ်မယ်ဆိုတော့ ကျနော်တို့ တော်လှန်ရေး အင်အားစုအပေါ်မှာ သက်ရောက်မှု တစ်မျိုးမျိုးတော့ ရှိလာနိုင်တယ်။ ကျနော်တို့အနေနဲ့ အများကြီးတော့ မစိုးရိမ်ပါဘူး။ ပြင်ဆင်မှုတွေတော့ အများကြီး ရှိတယ်။ နိုင်ငံရေး အပြောင်းအလဲအတွက်လည်း ပြင်ဆင်ထားတယ်။ ကျနော်တို့ ရည်မှန်းချက်အတိုင်းတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပဲ” ဟု အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၅) ရက် နေ့လယ်(၂)နာရီတွင် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ (၉၀၂) တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး( ၃)လုံး လာရောက်ကြဲချခဲ့ကြောင်း TNLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မတ်လ (၂၈) ရက်တွင် မြန်မာနိုင်ငံတဝှမ်း အင်အားပြင်း ငလျင် လှုပ်ခတ်နေစဉ် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA မှ စစ်မေ (၆) ဦးနှင့် တပ်သား (၁) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်မေ(၆)ဦးနှင့် တပ်သားတစ်ဦးတို့သည် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်စဉ် ဗုံးခိုကျင်းထဲ ဝင်ပြေးရာမှ ဗုံးသီးများသည် ၎င်းတို့ ခိုအောင်းရာ ကတုတ်ကျင်းထဲသို့ ကျရောက်ခဲ့ခြင်းကြောင့်‌ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...