တောင်းခမ်း စစ်ရေးအထူးတင်းမာ၊ ပြင်ဦးလွင်မြို့အဝင် စစ်ကောင်စီ တင်းကြပ်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ စစ်ရေး အထူးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ ၁၅ မိုင် အကွာအဝေးတွင် ရှိသည့် စစ်ကောင်စီ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခု နောက်ဆုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနိုင်သဖြင့် ဒေသခံများ တိမ်းရှောင်သွားပြီဟု သတင်းရင်းမြစ်က ဆိုသည်။

“သီပေါက တပ်တွေ ကျပြီးတဲ့နောက် တောင်းခမ်းဘက် လှည့်မယ်ဆိုတာ စစ်ကောင်စီကလည်း သိတယ်။ သူတို့လည်း ပြင်ဦးလွင်ဘက်ကကော၊ ရပ်စောက်ဘက်ကကော ရသမျှ အင်အား ဖြည့်နေတာပဲ။ လေကြောင်းကနေလည်း ဗုံးကြဲတယ်၊ လက်နက် ရိက္ခာ ချပေးတယ်။ အခုက အဆုံးအဖြတ် တိုက်ပွဲ ဖြစ်တော့မယ့် သဘောရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ယခုရက်ပိုင်း အတွင်း TNLA ပူးပေါင်းတပ်များ တောင်းခမ်းဒေသသို့ အင်အား အလုံးအရင်း ဖြည့်တင်းနေကြောင်း၊ စစ်ကူ အလုံးအရင်း မပို့ပါက အခြေအနေ မကောင်းနိုင်ကြောင်း၊ လက်ရှိ ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်ထားသည်မှာ မှန်ကန်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

“တောင်းခမ်းကျရင် ပြင်ဦးလွင်နဲ့ မန္တလေး အခြေအနေ မကောင်းဘူး။ သျှမ်းတောင် ရပ်စောက်အထိပါ စစ်မီးကူးနိုင်တယ်။ ရပ်စောက်မှာ SSPP လည်းရှိတယ်၊ ဓနုလည်းရှိတယ် ဆိုတော့။ ရက်ပိုင်း အတွင်း တိုက်ပွဲကြီး ဖြစ်မယ်လို့ သူတို့လည်း (စစ်ကောင်စီ) တွက်ထားတာပဲ”ဟု ၎င်းက ရှင်းပြသည်။

ယမန်နေ့က TNLA ပူးပေါင်းတပ်များ အင်အားဖြည့်တင်းနေသည့် သတင်းရရှိသဖြင့် အမြောက်တပ်များ အနီးရှိ နားရှိုး၊ မက်လွတ်၊ တောင်ရှည်နှင့် တောင်းခမ်းရွာများကို Y-12 လေယာဉ်ဖြင့် ဗုံးပတ်ကြဲသွားရာ ယင်းရွာများသာမက တိုက်ပွဲ ဧရိယာအတွင်း ကျရောက်နိုင်သည့် ယာပြင်၊ အင်းဖို၊ နောင်တော၊ သဲတိုက် စသည့် ရွာများနေ ဒေသခံများ ပြောင်းရွှေ့ရန် TNLA က ပြောဆိုထားကြောင်း ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

တောင်းခမ်းဒေသ စစ်ရေးတင်းမာနေစဉ် နောင်ချိုမြို့နယ် အင်းဝိုင်း- ဘန့်ဘွေးမှ ပြင်ဦးလွင်သို့ ဆက်သွယ်ထားသည့် ကားလမ်းကို ယမန်နေ့က TNLA ဘက်က ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“အင်းဝိုင်း-ဘန့်ဘွေးလမ်းက ပိတ်ထားတာကြာပြီ။ မနေ့က ပြန်ဖွင့်ပေးတယ်။ ထွက်ချင်တဲ့ ဒေသခံတွေထွက် ဝင်ချင်တဲ့လူတွေလည်း အထဲဝင်လာပေါ့။ အချိန် ၅ ရက် ဖွင့်ပေးမယ်လို့ကြားတယ်” ဟုဒေသခံ တစ်ဦးက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်မူ စစ်ကောင်စီဘက်က ပြင်ဦးလွင်-မန္တလေး လမ်းမပေါ်ရှိ (၁၆) မိုင်ဂိတ်တွင် ပြင်ဦးလွင်သို့ ဝင်ရောက်မည့် အတက်ကားများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း၊ ပြင်ဦးလွင်မြို့တွင်း၌မူ လာရောက်လည်ပတ်သည့် ခရီးသွားများဖြင့် စည်ကားနေကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ပြီးနောက် တောင်းခမ်းဘက်သို့ တပ်များ ပြောင်းရွှေ့ရာက ယခုကဲ့သို့ စစ်ရေး တင်းမာလာခြင်း ဖြစ်ပြီး နောက်ဆုံး တိုက်ပွဲအဖြစ် သုံးသပ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တောင်းခမ်းဒေသ စစ်ရေး အခြေအနေနှင့် ပတ်သက်၍ ထပ်မံ သိရှိနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းထားဆဲ ဖြစ်သည်။

နောင်ချိုမြို့နယ်၊ တောင်းခမ်းဒေသတွင် စစ်ကောင်စီ အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်နှင့် အမြောက်တပ်ရင်း (၃၅၄)၊ (၂၀၆)၊ (၄၀၆) တို့ တည်ရှိသည်။

ယင်းအနက် အမှတ် (၂၀၆) နှင့် (၄၀၆) တို့ကို ဩဂုတ်လ ၂၆ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင်မူ ယင်းတပ် ၂ ခု ကျဆုံးခြင်းမရှိဟု ငြင်းဆိုထားဆဲ ဖြစ်သည်။

တောင်းခမ်းဒေသသည် သျှမ်းမြောက်နှင့် သျှမ်းတောင် အဆက်နေရာဖြစ်ပြီး စစ်ရေးအရ အချက်အခြာကျသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...