နောင်ချိုမြို့နယ် စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ ညနေပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့တွင် စုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်လာ သဖြင့် ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) ကစပြီး နောင်ချိုမြို့နယ်၊ အုမ္မသီးဒေသတွင် တိုက်ပွဲများ ပြင်းထန်နေပြီး TNLA ပူးပေါင်းတပ်ဖွဲ့က ဟန့်တား တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ပြင်ဦးလွင်ကနေ အုမ္မသီးဘက် သူတို့ (စစ်ကောင်စီတပ်) တက်လာတယ်။ ဒါပေမယ့် TNLA က ဟန့်ထားနိုင်တော့ သူတို့ ပြန်လန်ကျတဲ့ အနေအထေားမှာပဲ ရှိပါသေးတယ်။ မြေပြင် တိုက်ပွဲ ပြင်းထန်နေတာတော့ မှန်ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

နောင်ချို

စစ်တပ် ဝါဒဖြန့် ချန်နယ်များတွင် နောင်ချိုမြို့နယ် ဇာလီ၊ ဂန့်ဂေါ်နှင့် အုမ္မသီးရှိ TNLA တပ်စခန်းများကို ယနေ့ သိမ်းပိုက်ရရှိကြောင်း ဖော်ပြနေမှုနှင့် ပတ်သက်၍ “အဲဒါကတော့ သတင်းမှားပါ။ TNLA ကစ်ထည့်လိုက်လို့ သူတို့ (စစ်ကောင်စီတပ်) ထိုးစစ်ကနေ ခံစစ်သေနဲ့ ပြန်ခုခံနေရတဲ့ အခြေအနေ ပြန်ရောက်နေပါပြီ” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

နောင်ချိုမြို့နယ်၊ အုမ္မသီးဒေသတွင် တိုက်ပွဲများ ပြင်းထန်နေသည်ကို ဒေသခံ တစ်ဦးက အတည်ပြုပြီး ပြည်သူများ ပြင်ဦးလွင်ဘက်မှ နောင်ချိုဘက်သို့ တက်မလာရန် ပြောဆိုသည်။

“တိုက်ပွဲ ပြင်းနေတယ်။ ပြင်ဦးလွင်ဘက်ကနေ နောင်ချိုဘက် တက်မလာကြပါနဲ့။ စစ်တပ်က ဝက်ဝံဂိတ် ပိတ်ထားလည်း ဝက်ဝံ ကွင်းလမ်းက အခုညနေ ပြန်ဖွင့်ထားတော့ တက်လာကြမှာ စိုးလို့ပါ။ ဆင်းတဲ့လူတွေကတော့ ဆင်းလို့ရပါတယ်။ ပြင်ဦးလွင်က လူတွေလည်း သတိရှိကြပါ” ဟု ၎င်းကပြောဆိုသည်။

ယခုကဲ့သို့ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ပြင်ဦးလွင်မြို့တွင်မူ ခရီးသွား ဧည့်သည်များနှင့် စည်ကားနေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ယခု ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း နှစ်ဖက်တပ် ထိခိုက် ကျဆုံးမှုနှင့် တကွ မြေပြင် စစ်ရေးအခြေအနေများကို ထပ်မံ မေးမြန်း စုံစမ်းနေဆဲ ဖြစ်သည်။

ယခုရက်ပိုင်း အတွင်း စစ်ကောင်စီက နောင်ချိုမြို့နယ်ကို ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) က နောင်ချိုမြို့ပေါ်ရှိ အရပ်ဘက် ပစ်မှတ်များကို လေကြောင်းက ဗုံးနှစ်ကြိမ် ကြဲချသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...