တောင်းခမ်းဒေသ အမြောက်တပ်ရင်းများမှ TNLA သိမ်းပိုက်ထားနိုင်သည့် နေရာအချို့ လက်လွတ်ရ

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာအချို့ကို လက်လွတ်လိုက်ရပြီး စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လဆန်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာအချို့ကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီထံ ပြန်လည်လက်လွတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်က ဒရုန်းနဲ့ပါ အုပ်လိုက် တက်လာတာ ဒီတစ်ခေါက်က၊ မြေပြင်ထိုးစစ်ကော တော်တော်လေး အင်အားဖြည့်လာတာ တွေ့တယ်။ သိမ်းထားတဲ့ စခန်းတချို့ကနေ တော်လှန်ရေးဘက်က နောက်ဆုတ်လိုက်ရတယ်လို့ ပြောတယ်”ဟု နောင်ချိုမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ပုံစာ – တောင်းခမ်းတိုက်ပွဲမှ ပြန်လာသည့် စစ်ကောင်စီတပ်သားများကို တပ်မိသားစုမှ ကြိုဆိုနေစဉ် (ဓာတ်ပုံ – တယ်လီဂရမ်)

နောင်ချိုမြို့နယ်‌ တောင်းခမ်းဒေသရှိ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်းအချို့ကို စစ်ကောင်စီထံ လက်လွှတ်လိုက်ရခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အလားတူ တောင်းခမ်းဒေသရှိ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် အမတ-၃၅၄ တို့မှ တပ်ရင်းများကို စစ်ကောင်စီတပ်မှ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အပြင် တောင်းခမ်းတိုက်ပွဲမှ ပြန်လာသည့် စစ်ကောင်စီတပ်သားများကို တပ်မိသားစုဝင်များက ကြိုဆိုနေကြသည်ကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များထဲ ယမန်နေ့ (မတ်လ ၁၀ ရက်)တွင် ဖြန့်ဝေကြသည်။

ဖေဖော်ဝါရီလအတွင်း တောင်းခမ်းဒေသရှိ စစ်ကောင်စီအမြောက်တပ်ရင်း ဌာနချုပ်ကို TNLA ပူးပေါင်းတပ်ဖွဲ့မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွှေမုဌော၊ တောင်ရှည်၊ ရေဖြူ၊ နားရှိုး၊ မကျည်းပင် စသည့် ကျေးရွာများမှ ပြည်သူများ ထိခိုက်သေဆုံးရပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။

TNLA နှင့် စစ်ကောင်စီတို့ ရှစ်လနီးပါး တိုက်ပွဲပြင်းထန်နေသည့် တောင်းခမ်းဒေသသည် နောင်ချိုမြို့နှင့် မိုင် ၂၀ ခန့်၊ စစ်တက္ကသိုလ် တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် မိုင် ၄၀ ကျော်သာ ကွာဝေးပြီး မန္တလေးတိုင်းနှင့် သျှမ်းပြည်တောင်ပိုင်းသို့ ဆက်လက်သွားရောက်နိုင်ခြင်းကြောင့် စစ်ရေးအရ အချက်အခြာကျသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...