ကျောက်ဂူဒေသ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေပြီး မကြာခဏထိုးစစ်ဆင်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေပြီး မကြာခဏထိုးစစ်ဆင်နေကြောင်း DPLFက ယမန်နေ့ မေလ (၂၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် မေလ (၂၀)ရက်နေ့ နေ့လည် (၁၂)နာရီမှ ညနေ (၃)နာရီအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၄)လုံးနှင့် လက်နက်ကြီး (၂)လုံးဖြင့် ကျောက်ဂူဒေသ လွယ်ဟောင်ရွာနှင့် ဖက်ရင်းကုန်းကျေးရွာ ကြားတွင် တိုက်ခိုက်ခဲ့ပြီး စစ်အင်အားဖြည့်တင်းကာ မကြာခဏထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

“မနေ့ကထိ ဗုံးတွေလာကြဲတယ်။ဟိုနေ့က လာကြဲတဲ့ အဆိပ်ငွေ့ဗုံးက ရဲဘော်တွေကို တော့မထိလိုက်ဘူး။ အရင်က ကြဲတုန်းကဆို ရဲဘော်တွေထိတယ်။အဆိပ်ငွေ့က တော်တော်ပြင်းတာ။သုံးရက်လောက် ဆေးကုပြီးမှ အဆင်ပြေတာ။ ခုတစ်လောက် စကစ(စစ်ကောင်စီ) က မကြာခဏ ထိုးစစ်တော့ရှိတယ်။” ဟု DPLAတပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ထားသော အဆိပ်ငွေ့ဗုံးများ အသုံးပြု၍ စစ်ရာဇဝတ်မှုဥပဒေ ချိုးဖောက်မှုများ မကြာခဏပြုလုပ်လျက်ရှိပြီး နောင်ချိုမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှု မကြာခဏလုပ် ဆောင်နေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ခုတလော ပင်းတယနဲ့ ရပ်စောက်ကြားက ရွာတွေမှာ စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်ထားတယ်။ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်။ သူတို့ကို ဆန်တွေ သွားပို့ရတယ်။ ချက်စားစရာ ကြက်တွေလည်း ပေးရတယ်။”ဟု ပင်းတယ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသောကြောင့် ပြည်သူများကို စစ်ရေးအရသတိရှိရန်နှင့် လေကြောင်းအန္တရာယ်သတိပြုရန် DPLFက အသိပေးထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီလ (၂၁)ရက် တွင်လည်း စစ်ကောင်စီတပ်နှင့် ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် (DPLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျရှုံးမှုရှိခဲ့ကာ စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၃)ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...