Tuesday, January 27, 2026

သျှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်လူငယ် ၂၀၀ ကျော် ရပ်စောက်မြို့တွင်းသန့်ရှင်းရေးပြုလုပ်

သျှမ်းလူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော်သည် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်ကြောင်းသိရသည်။

သျှမ်းလူငယ်ကွန်ယက် TYN အင်အား ၂၀၀ ကျော် ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်

မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရပ်စောက်မြို့နယ် ၊ တောင်ကြီး၊ ကျောက်မဲ၊ သီပေါနှင့်နမ့်လန်တို့မှ သျှမ်းလူငယ်ကွန်ယက်မှ လူငယ်အင်အား ၂၀၀ ကျော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတခုအဖြစ် ရပ်စောက်မြို့နယ် ၀မ့်စလိုင်းရွာအတွင်း အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ် ခဲ့ကြောင်းသိရသည်။

သျှမ်းလူငယ်ကွန်ယက်မှ အမှုဆောင်တဦးဖြစ်သူ နန်းမိုသီတာက – သျှမ်းလူငယ်တွေ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတတ်စေဖို့၊ လူမှုအသိုင်းအဝိုင်းမှာ စည်းနဲ့ဘောင်နဲ့နေတတ်ဖို့ရည်ရွယ်ပါတယ်။ တဖက်ကလည်းကျမတို့မြို့နဲ့ သူများမြို့ယှဉ်ကြည့်ပြီးတော့ သူများမြို့လောက် မသန့်ရှင်း မတိုးတက်ပေမယ့် အမှိုက်ပုံကြီးထဲမှာနေရတာမျိုးတော့မဖြစ်စေချင်ဘူး။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လူငယ်တိုင်းမှာ တာဝန်ရှိတယ်ဆိုတာကိုလည်းမမေ့စေချင်ဘူး။ ဟု တိုက်တွန်းပြောဆိုသည်။

သျှမ်းလူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော် ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်

သျှမ်းလူငယ်ကွန်ယက် TYN သည် ရပ်စောက်မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးရေးလှုပ်ရှား မှုပြုလုပ်ရန် စီစဉ်နေသည်ဟုလည်းသိရသည်။

သျှမ်းလူငယ်ကွန်ယက် TYN သည် ၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလာခဲ့သည်။

သျှမ်းလူငယ်များသဘာဝပတ်ဝန်းကျင်မြတ်နိုးတတ်စေရန်၊ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရန် ရည်ရွယ်ပြီး သျှမ်းပြည်အနှံ့ လူငယ်များစုပေါင်းကာ သျှမ်းပြည်တွင်းရှိ အထင်ကရတောင်ပေါ်သို့ နှစ်စဉ်တောင်တက်ခြင်းလှုပ်ရှားမှုပြုလုပ်လျှက်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို တိမ်းရှောင်ခိုင်း

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံများကို ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဇွန်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် အင်တောမြို့အနီး ကျောက်ဂူကျေးရွာအုပ်စုရှိ လွိုင်ဟောင်နှင့် ပုန်းအင်းကျေးရွာများသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြည်သူများကို ဘုန်းကြီးကျောင်းနှင့် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခိုင်းကြောင်း အင်တောမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ကျောက်ဂူဒေသ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေပြီး မကြာခဏထိုးစစ်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေပြီး မကြာခဏထိုးစစ်ဆင်နေကြောင်း DPLFက ယမန်နေ့ မေလ (၂၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေလ (၂၀)ရက်နေ့ နေ့လည် (၁၂)နာရီမှ ညနေ (၃)နာရီအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၄)လုံးနှင့် လက်နက်ကြီး (၂)လုံးဖြင့် ကျောက်ဂူဒေသ လွယ်ဟောင်ရွာနှင့်...

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်လေယာဉ်ဗုံးကြဲနေ

0
သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေရာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် လမှစတင်၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)...

ရပ်စောက်မြို့နယ်ရှိ ဒေသခံများ နိုင်ငံရေး နှင့် ပတ်သက်သည်ဟုဆိုကာ PNO မှ ဖမ်းဆီးရိုက်နှိက်

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ ဒေသခံများကို PDF နှင့် နိုင်ငံရေးအကြောင်း ဆက်စပ်ပတ်သက်မှုရှိသည်ဟုဆိုပြီး ပအိုဝ်းပြည်သူ့စစ် ( PNO) မှ ဖမ်းဆီးရိုက်နှိက်ကာ ငွေတောင်းခံမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO သည် အင်အား ၂၀ ခန့်ရှိ စစ်ဝတ်စုံ...

ရပ်စောက်မြို့နယ် ရဲများကို အခွန်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချနေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာတွင် တာဝန်ရှိ ရဲများကို အခွန်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိသည်။ စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် နီးပါးတွင် ရပ်စောက်မြို့နယ် ကျေးရွာများထဲတွင် မူးယစ်ဆေးဝါးကို ပေါ်တင် ရောင်းဝယ်နေကြကြောင်း သိရသည် ။ “ကျနော်တို့ ကျေးရွာမှာ ရဲတွေကို ပိုက်ဆံပေးပြီး...