ရပ်စောက်မြို့နယ် ကျောက်ဂူ အမျိုးသမီး ၂ဦး မိုင်းထိ ဒဏ်ရာပြင်းထန်

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ဒေသခံ အမျိုးသမီး ၂ ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ကျောက်ဂူတိုက်နယ် နောင်ဝိုးကျေးရွာနှင့် ကုန်းသာ ကျေးရွာအကြား ကြိုးတံတား အနီးတွင် မိုင်းနင်းမိခဲ့တာဖြစ်ကြောင်း သိရသည်။

“ညီအစ်မ နှစ်ယောက်ပါ၊ ညီမဖြစ်သူက နောင်ဝိုးရွာကနေ ပန်ဟိုင်းရွာမှာ ရှိတဲ့ အစ်မဖြစ်သူကို သွားကြိုတာ၊ သွားတုန်းက ဘာမှ မဖြစ်ဘူး၊ ပြန်လာတဲ့အချိန်မှာ ဖြစ်သွားတာ၊ ကြိုးတံတား အကျော် ကုန်းအတက် ဆိုင်ကယ်က မတက်နိုင်တော့လို့ ခြေလှမ်းထောက်လိုက်တဲ့ အချိန် မိုင်းနင်းမိတာ၊ လမ်းလယ်ခေါင်မှာကို ဖြစ်သွားတာ” ဟု ကျောက်ဂူကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို အမျိုးသမီး ၂ဦးမှာ နန်းမိုခေါင် (၂၃)နှစ် နှင့် နန်းကြာဥ (၁၉)နှစ်တို့ ဖြစ်ကြောင်း၊ ဒဏ်ရာပြင်းထန်မှုကြောင့် ရပ်စောက်ဆေးရုံမှ တဆင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“အစ်မဖြစ်သူက ခြေထောက်၊ တင်ပါး၊ ခါးတွေမှာ ဒဏ်ရာရခဲ့တာ၊ ညီမဖြစ်သူကတော့ ပေါင်ရင်း၊ ကျောကုန်းနဲ့ တင်ပါးတွေမှာ ထိမှန်ခဲ့တယ်၊ ဒဏ်ရာတွေကတော့ ပြင်းတယ်၊ ပြီးတော့ ငွေကြေးလည်း အခက်ခဲ ဖြစ်နေသေး တယ်၊ ခွဲစိတ်ရမှာတွေ ရှိတယ်လို့ ပြောတယ်” ဟု မိုင်းထိလူနာကို ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံနေအိမ်များ၊ ဂိုဒေါင်၊ ဆောက်လက်စ ဘုန်းကြီးကျောင်းတို့ လက်နက်ထိမှန် ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ထိုတိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်မှ ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်း လာရောက်ခိုလှုံနေသည့် စစ်ရှောင် (၅၀၀)ကျော်သည် ဟိုပုံးမြို့နယ် ဖာလိုင်းကျေးရွာတို့ ထပ်မံပြောင်းရွေ့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...