ရပ်စောက်မြို့နယ် အာဏာာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူများ ထောင်ဒဏ် ၂ နှစ်ချမှတ်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်တပ်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်)၌ ဖမ်းဆီးထိန်းသိမ်း ခံရသော ရပ်စောက်မြို့နယ်မှ ပြည်သူ ၆ ဦးကို ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

“တချို့က သပိတ်ကြောင်းမှာ ပါလို့ အဖမ်းခံရတဲ့သူတွေဖြစ်တယ်၊ ဒါပေမဲ့ တချို့က မတရားစွပ်စွဲချက်တွေနဲ့ အဖမ်းခံရတာ၊ ထောင်ထဲမှာပဲ တရားရင်ဆိုင်ရင်းနဲ့ ပြီးခဲ့တဲ့ ၂၂ ရက်နေ့မှာ ထောင်တွင်းတရားရုံးကနေ သူတို့ ၆ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် ဆန္ဒပြသူများကို စားသောက်ဖွယ်ရာများ ဝေငှပေး သူများဖြစ်ကြသည့် ဦးမောင်မောင်တင့် (ခ) ကိုတူး၊ ကိုကာစင်၊ ကိုဇော်ဝင်းထွန်း၊ ကိုဇော်ထူးနှင့် အမည်မသိရ သေးသည့် ရပ်စောက်မြို့နယ်မှ ပြစ်ဒဏ်ချခံရသူ ၂ ဦးတို့ကို သဘာဝဘေးအန္တရာယ် ပုဒ်မဖြင့် စွဲဆိုထားရာမှ ထောင် ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်းလည်း ၎င်းက ပြောသည်။

“စစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့ ၉ လကျော် ၁၀ လ အတွင်းမှာ စစ်ကောင်စီက ဥပဒေကို အလွဲသုံးစားလုပ်ပြီး မူမမှန်တဲ့ လုပ်ဆောင်ချက်တွေရှိနေတယ်၊ အာဏာကလည်း သူတို့လက်ထဲမှာပဲရှိနေတော့ တရားခံဘက်ကလည်း အယူခံခွင့်မရှိဘူး၊ တရားမျှတမှုဆိုတာလည်း မရှိပါဘူး” ဟု ရပ်စောက်မြို့နယ်အတွင်းမှ ရှေ့နေတစ်ဦးကလည်း ပြောသည်။

ထို့အပြင် သျှမ်းပြည် အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင်လည်း အာဏာသိမ်းစစ်တပ်အားဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံ ထားရသည့် အသက် (၁၈)နှစ်မှ (၂၄)နှစ်အရွယ် လူငယ် (၅)ဦးကို အာဏာသိမ်းစစ်ကောင်စီ တရားရုံးက ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...