ကျောက်ဂူဘက်တွင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ ဇူလိုင် (၁၅) ရက် မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု လွိုင်ငင်းတောင်ဘက်တွင် ပစ်ခတ်သံများ ကြားရခြင်းဖြစ်ပြီး ၁ နာရီနီးပါးအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲက မွန်းလွဲပိုင်း ၁၂ နာရီကျော်ကနေ ၁ နာရီဝန်းကျင်အထိ လွိုင်ငင်းတောင်ဘက်မှာ တိုက်ပွဲဖြစ်ကြပါတယ်၊ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်ခတ်ကြလို့ ကျနော်တို့ဆို ယာတောမှာ အလုပ်လုပ်ရာကနေ အိမ်ကိုပြန်ပြေးလာခဲ့ရတယ်” ဟု ကျောက်ဂူကျေးရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီလတုန်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စစ်ရှောင်များ စစ်ဘေးတိမ်းရှောင်ရ

တိုက်ပွဲဖြစ်ပွားရာ လွိုင်ငင်းတောင်သည် ကျောက်ဂူကျေးရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့်အတွက် ပစ်ခတ်သံများ ထွက်ပေါ်လာစဥ်တွင် အနီးရှိ ဒေသခံရွာသားများက ကြောက်လန့်ကြကြောင်း ၎င်းက ဆက်လက် ပြောဆို ထားသည်။

အဆိုပါ လွိုင်ငင်းတောင်ကြောတစ်ဝိုက်တွင် SSPP/SSA သွားလာလှုပ်ရှားနေလျက်ရှိပြီး ယမန်နေ့ (ဇူလိုင် ၁၄ ) ရက်တွင် RCSS/SSA စစ်ကြောင်းတစ်ခု အဆိုပါ လမ်းကြောင်းဘက် ထွက်သွားကြောင်း မြင်တွေ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဘက်မှာ SSPP/SSA စစ်အင်အားဖြည့်ပြီး လှုပ်ရှားနေတာတော့ ကြာပြီပေါ့နော်၊ မနေ့ကတော့ အဲ့လွိုင်ငင်း ဘက်ကို RCSS ခြေလျင်နဲ့ စစ်ကြောင်းချီသွားတာ မြင်လိုက်ရတယ်၊ ဒီနေ့တော့ တိုက်ပွဲသံကြားရတယ်ပေါ့၊ ဒါပေမဲ့ ဆက်စပ်မှု ရှိမလားတော့ ကျနော်လည်း မသိဘူး” ဟု အမည်မဖော်လိုသူ အသက် ၄၀ ဝန်းကျင် ကျောက်ဂူရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များ ကျေးရွာထဲဝင်ပြီး ဘော်ဒါဆွဲ ရိုက်နှက်ဖမ်းဆီးမှု ပြုလုပ်မည်ကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း ရပ်စောက်မြို့နယ်အတွင်း SSPP/SSA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအိမ် တချို့ပျက်စီးခဲ့ရသည့်အပြင် ရာနှင့်ချီသော ဒေသခံပြည်သူတို့က စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ရပ်စောက်မြို့သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း တည်ရှိရာမြို့ဖြစ်ပြီး သင်တန်းကျောင်းများ နှင့် ခြေလျင် တိုက်ခိုက်ရေး တပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်သည့် နေရာတစ်ခု ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...