ရပ်စောက်မြို့နယ် မူးယစ်ဆေးသုံးစွဲသူဟု စွပ်စွဲသူတစ်ဦး PNO ရိုက်နှက်မှုကြောင့် သေဆုံး

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု မြို့ဆိုးကျေးရွာတွင်နေထိုင်သည့် အမျိုးသား (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသူဟု ပအိုဝ်းပြည်သူ့စစ် PNO မှ စွပ်စွဲပြီး ဖမ်းဆီးကာ ရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထို ဖမ်းဆီးရိုက်နှက်မှုကြောင့် အမျိုးသား (၃) ဦးထဲမှ အသက် ၂၃ နှစ် အရွယ်ရှိ ကိုသိန်းကျော်ထွန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ယမန်နေ့ (အောက်တိုဘာ ၁၃) ရက်တွင် သေဆုံးသွားကြောင်း သိရသည်။

ထိုသေဆုံးသွားသည့် ကိုသိန်းကျော်ထွန်း၏ နားရွက်ပြတ်သွားသဖြင့် နောက်ကျောတွင် ရိုက်နှိက်ခံထားရပြီး လည်ပင်းတွင်လည်း ကြိုးတုတ်ထားသော ဒဏ်ရာများလည်း ရှိထားကြောင်း ကိုသိန်းကျော်ထွန်း နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မျက်နှာတွေလည်း ဒဏ်ရာတွေ ရထားတယ်။ နောက်ကျောတွေမှာလည်း သူတို့ ဝိုင်းရိုက်ထားတယ်။ ပြီးတော့ နားမှာလည်း အနာရထားတယ်။ တုတ်ဒဏ်ရာတွေနဲ့ ပြည့်နေတယ်။ နှိပ်စက်ခံရပြီး လမ်းတောင်သူ မလျှောက်နိုင်ဘူး။ ဒဏ်ရာတော်တော်ပြင်းထန်တယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ထိုသူများကို အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားပြီး ၁၀ ရက်နေ့၌ သက်ဆိုင်ရာ မိသားစုဝင်များက ပိုက်ဆံပေးပြီး ပြန်လည်သွားခေါ်ထုတ်လာခဲ့ကြောင်း သိရသည်။

သေဆုံးသူ ရုပ်အလောင်း

လက်ရှိမှာ ကျန်ရှိနေသည့် (၂) ယောက်သည်လည်း ဆေးကုသခံနေရကြောင်း သိရသည်။

“ကျန်တဲ့ ၂ ယောက်ကလည်း ဆေးကုသ နေရတယ်။ တစ်ယောက်က နားရွက်ပြတ်ထားတယ်လေ။ ကျန်တဲ့တစ်ယောက်ကလည်း ဗိုက်ထိပြီးတော့ ဆေးရုံတွေ လိုက်ပြထားရတယ်” ဟု အမည်မဖော်လိုသူက ပြောသည်။

အလားတူ ထိုပြည်သူ ၃ ဦးကို ဖမ်းဆီးနှိပ်စက်ခြင်းမရှိကြောင်း ရှိခဲ့ပါကလည်း နိုင်ငံတော် နှင့် အတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးသန်းကြွယ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မဟုတ်ဘူးထင်တယ်။ ကျနော်ဘာမှ မကြားရဘူး။ တကယ်လို့ မူးယစ်ဆေးဝါး ဖမ်းတယ်၊ ရိုက်သတ်တယ်ဆိုရင် အမှုဖွင့်မှာပေါ့လေ။ ကျနော်တို့ အဖွဲ့အနေနဲ့တော့ အဲ့လိုရိုက်သတ်တာတော့ လုံးဝမဖြစ်နိုင်ဘူး။ တကယ်လို့ ဖြစ်ခဲ့ရင်လည်း နိုင်ငံတော်အနေနဲ့ပဲ တာဝန်ယူသွားမှာ။ မဖြစ်နိုင်ဘူးထင်တယ်။ ကျနော်တော့ ဘာမှ မကြားရသေးဘူး” ဟု ဗိုလ်မှူးသန်းကြွယ်က ပြောသည်။

လက်ရှိတွင်လည်း မြို့ဆိုးကျေးရွာဒေသခံ နှင့် လူငယ်များကလည်း ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင် သွားနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်သူများကလည်း မျှော်လင့်တောင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...