ရွေးကောက်ပွဲ မဲစားရင်းအတွက် ရပ်စောက်မြို့နယ် အသက်မပြည့်ကလေး စာရင်းတွေပါကောက်နေ

အာဏာသိမ်းစစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအတွက် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အမည်စာရင်းကို ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

ယခုလ (သြဂုတ်) တတိယပတ်မှစတင်ကာ ရပ်စောက်မြို့နယ် တပ်ဦးရွာအတွင်းရှိအိမ်ခြေများကို အလှည့်ကျဖြင့် နေ့စဥ် အိမ်ထောင်စုဦးရေ စားရင်းကောက်ယူနေရာ အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အမည်စာရင်းကိုလည်း စစ်ကောင်စီ အုပ်စုက ကောက်ယူနေကြောင်း ဒေသခံ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်အတွင်း စကစ ကျောင်းသန့်ရှင်းရေးလုပ်နေစဥ်

“ကျနော်တို့ရွာထဲကို စစ်ကောင်စီတပ်သား နှစ်/သုံးယောက်နဲ့ စာရေးနဲ့ ပြီးတော့ ရွာအုပ်ချုပ်ရေးမှူးနဲ့ တစ်အိမ် တက် တစ်အိမ်ဆင်း အိမ်ထောင်စုဦးရေ စာရင်းတောင်းတယ်၊ နောက်ရွေးကောက်ပွဲအတွက် ကောက်တာတဲ့၊ တချို့အိမ်က ကလေးငယ်နာမည် ပါကောက်တော့ ပုံမှန်ဟုတ်လို့လားပေါ့၊ ဘယ်လိုမဲပေးရမလဲမေးတော့ သူတို့ပဲ လုပ်ပေးမယ်ပြောတယ်” ဟု ၎င်းက ပြောပြသည်။

ယင်းကဲ့သို့ မဲစာရင်းအတွက် အမည်စာရင်းများကောက်ယူရာတွင် ၎င်းတို့ပါလာသည့် ဇယားကွက်များအတွင်း ရေးမှတ်ဖြည့်ရပြီး မိသားစုဝင်နည်းသည့် အိမ်ထောင်စုများတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်၏ အမည်စာရင်းများလည်း ကောက်ယူသွားကြောင်းဒေသခံများက ပြောသည်။

ထို့အပြင် မဲပေးရန်အတွက် အမည်စာရင်းကောက်ယူခြင်းဟု ၎င်းတို့မှ ပြောဆိုသွားသည့်အတွက် ဒေသခံပြည်သူများသည် ၎င်းတို့အမည်စာရင်းများကို တလွဲသုံးစားပြုလုပ်မှာကိုလည်း စိုးရိမ်ကြောင်း ရပ်စောက်ဒေသခံ အသက် ၃၀ အရွယ်ရှိ အမျိုးသား ကပြောသည်။

“အခုလို စာရင်းလာကောက်တာဟာ ကျနော်တို့ သဘောဆန္ဒနဲ့ မဟုတ်ပဲ သူတို့မဲစာရင်း အရေအတွက်များဖို့၊ ကျနော်တို့စာရင်းတွေ အလွဲသုံးစား လုပ်ခံရမှာ တွေးပူမိတာပေါ့” ဟု အထက်ပါ လူငယ်က ဆက်ပြောသည်။

လက်ရှိတွင် တပ်ဦးကျေးရွာအတွင်းရှိ အိမ်ခြေ ၄၀ နီးပါးခန့်သည် အမည်စာရင်းကောက်ယူပြီးစီးနေကြောင်းနှင့် တချို့သောရွာသားများလည်း စာရင်းမသွင်းကြောင်း သတင်းသိရသည်။

လက်ရှိ တပ်ဦးကျေးရွာသည် ဗထူးတပ် နှင့် နီးကပ်လျက် ရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...