ရပ်စောက်မြို့နယ် ဘုန်းကြီးကျောင်းဝင်းထဲ စစ်ကောင်စီ နေရာယူပြီး တဖက်သတ် ပစ်ခတ်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်စုံကျေးရွာမှ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ နေရာယူထားပြီး တဖက်သတ် သေနတ် ပစ်ခတ်နေကြောင်း သတင်းသိရသည်။

ယနေ့ (အောက်တိုဘာ ၁၇) ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ စတင်ကာ ကျောက်စုံကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် နောင်လုံကျေးရွာအုပ်စု တောအုပ်အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေ့လည် ၁ နာရီ နောက်ပိုင်းကနေ စပြီးတော့ ကျောက်စုံဘုန်းကြီးကျောင်းဝင်းထဲ စခန်းချနေတဲ့ စစ်ကောင်စီတွေက နောင်လုံ ကျေးရွာအုပ်စုဘက် ရောက်သွားပြီး 60 MM လက်နက်ကြီး နဲ့ တောတွေ တောင်တွေ ထဲကို တစ်ဖက်သတ်လှမ်းပစ်နေတာ၊ ပြည်သူတွေကတော့ တော်တော်စိုးရိမ်နေကြတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်လုံကျေးရွာ

အဆိုပါ စစ်ကောင်စီသို့ လက်နက်လှမ်းပစ်သည့် တောတောင်အနီးပတ်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ SSPP/SSA တို့ နေရာယူ လှုပ်ရှားမှု ရှိသည့်အတွက် ၎င်းတို့မှ တန်ပြန်ပစ်ခတ်ပါက ပြည်သူ့အိမ်ရာများ ထိခိုက်နိုင်သည့်အတွက် ပြည်သူများက စိုးရိမ်ကြောင်း သိရသည်။

“ရွာ နဲ့ လည်း သိပ် အလှမ်းမဝေးတဲ့အတွက် တကယ်လို့ တောထဲရှိတဲ့ တပ်ဖွဲ့က စစ်ကောင်စီတွေကို တန်ပြန် ပစ်လိုက်ရင် လက်နက်ကျည်ဆန်တွေ ရွာထဲ ကျမှာကို ရွာသားတွေက ကြောက်နေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဘုန်းကြီးကျောင်းဝင်းထဲမှ တစ်ဆင့် နောင်လုံကျေးရွာအုပ်စု သာစည်ကျေးရွာ ခမ်းခွဲမှ နောင်ချိုဘက်သွားသည့် လမ်းခွဲတွင်လည်း စစ်အင်အား အများအပြားဖြင့် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆက်ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ နေရာယူလှုပ်ရှားမှု အများအပြား ရှိသည့်အတွက် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်နေကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစတင်ပြီး သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရေး နောက်တစ်ဖန် ကြုံတွေ့ရမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...