Wednesday, January 28, 2026

ရပ်စောက်မြို့နယ် အမျိုးသားတစ်ဦး ကျားကိုက်ခံရ၊ ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အမျိုးသားတစ်ဦးသည် ကျားကိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိသွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် အသက် ၃၅ နှစ်ရှိ စိုင်းစံအောင်သည် ရပ်စောက်မြို့နယ် ပန်ဆေးကျေးရွာအုပ်စု ကွန်ကောက် ကျေးရွာ အရှေ့ဘက်ရှိ တောထဲတွင် မျှစ်နှင့် ဟင်းစားရှာထွက်စဥ် ကျားကိုက်ခံရကြောင်း ဖြစ်စဥ်များကို သိရှိ ရသူ အမည်မဖော်လို ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက မျှစ်သွားရှာတာတဲ့၊ တောကောင်အသေးတွေလည်း လိုက်ရင်းနဲ့ပေါ့၊ ဒါပေမဲ့ ကျားနဲ့တွေ့ပြီး တူမီးသေနတ် နဲ့ ပစ်လိုက်တာ ကျားကို မထိလို့၊ ကျားက သူ့ကို ပြန်ကိုက်လိုက်တာ၊ လက်တွေ ခြေထောက်တွေ ရင်ဘတ်တွေ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ကျားကိုက်ခံရသည့် ဒဏ်ရာ

ကျားကိုက်ခံရသူ စိုင်းစံအောင်သည် ရပ်စောက်မြို့နယ် ပန်ဆေးကျေးရွာအုပ်စုမှ ကွန်ကောက်ကျေးရွာတွင် နေထိုင်သူ လုံးခမ်းလူ နှင့် ပါနန်းငွေတို့၏ သားဖြစ်ပြီး လက်ရှိတွင် ငှဲကျန်ကျေးရွာသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေလျက်ရှိ ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံအမျိုးသား ကျားကိုက်ခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး သစ်တောပြုန်းတီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် စားကျက်ပြောင်းလာသည့် တောရဲတိရိစ္ဆာန်များ ရှိနိုင်ရာ ပြည်သူများအနေဖြင့် တောနင်း သွားလာမှုများ အထူးဂရုပြုရန်လိုအပ်ကြောင်း သျှမ်းပြည်သဘာဝ အဖွဲ့ စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိမှာ သစ်တောတွ ပြုန်းတီးလာတာရယ်၊ ပြီးတော့ သားကောင်တွေအတွက် စားကျက်နေရာက ပူနွေးတာ ရယ်ကြောင့် ကျားက အခုလို ဒီဘက်တောကို ရောက်ရှိလာတယ်လို့ မြင်မိပါတယ်၊ ကျားက ပူနွေးတဲ့နေရာ မကြိုက်ဘူး၊ အဲ့ကြောင့် တောကောင်းတဲ့ နေရာကို သူရှာမှာ၊ ဒါကြောင့် ဒီရှေ့ဆက် ဒေသခံပြည်သူတွေ အထူးသတိထား သွားလာဖို့ လိုတယ်” ဟု စိုင်းခေးဆိုင်က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်လည်း တန့်ယန်းမြို့နယ်၌ အမျိုးသား ၃ ဦး ကျားကိုက်ခံရပြီး ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...