Sunday, May 5, 2024

ဖယ်ခုံ

ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက် ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pekhon PDF) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီက...

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ညအချိန်မတော် လက်နက်ကြီးခြိမ်းခြောက်ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိ ၊ လတိန် ကျေးရွာဘက်သို့ စစ်ကောင်စီက မှ ညအချိန်မတော် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ပြည်သူများ ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၃)ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လအိကျေးရွာ...

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လအိကျေးရွာနေထိုင်သည့် ကလေးတစ်ဦးအပါအဝင် အရပ်သား (၃)ဦးထိခိုက် လဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၉) ရက် ည ၉ နာရီခွဲတွင် စစ်ကောင်စီဘက်မှလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကလေးတစ်ဦး အပါအဝင်...

ဖယ်ခုံ PDF ကျည်ဆံလိုအပ်ချက်ကြောင့် တိုက်စစ်ထက် ခံစစ်တာ လုပ်နေရ

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော် ကာလမှာ ဖယ်ခုံမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု အခြေနေ နဲ့ လက်ရှိ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ အခြေအနေ နဲ့ အခက်အခဲတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန် က ဖယ်ခုံ PDF တပ်ဖွဲ့မှ ရဲဘော် လောက်ပန်...

စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် PDF မှ (၂) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( အောက်တိုဘာ ၆)ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ ဖယ်ခုံအမြောက်တပ် နှင့်လွိုင်ကော်အမြောက်တပ်တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဆောင်ကန်းရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။ “...

ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ထောက်ပို့များ အကြွေးတင်နေသဖြင့် စစ်ရှောင်များကိုကူညီရန် ကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ၊ ကရင်နီပြည် ဒီမော့ဆို ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူများ ၁ နှစ်ကျော်...

ဖယ်ခုံ စစ်ကောင်စီ လက်နက်ရမ်းသမ်းပစ်ခတ် နာရေးအိမ်မှ အသက် (၇၀)ကျော် အမျိုးသားသေဆုံး

သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် နာရေးပြုလုပ်သည့် နေအိမ်မှ အသက် (၇၀)ကျော် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၅)ရက် ည ၉နာရီကျော်တွင် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ရမ်းသမ်းပစ်ခတ် သဖြင့် နာရေးပြုလုပ်နေသည့် နေအိမ်မှ အသက် (၇၀)အရွယ်ရှိ အမျိုးသားတစ်ဦး...

တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ

၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။ ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။ အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းဟာ...

ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦး အဆက်သွယ်မရသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာသားတစ်ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီး (၂)လကျော် ကြာအထိ အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသည့် ဦးဟန်ဝင်း အသက် (၃၈)နှစ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတို့ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူ (၅)ဦးကို ဖမ်းဆီးထားပြီး (၄)ဦးကို လွှတ်ပေးကာ...

စစ်ကောင်စီဖျက်ဆီးလိုက်တဲ့ သူတို့သားအမိ အိမ်ပြန်လမ်းခရီး

“စစ်တပ်က အာဏာစစသိမ်းတုန်းကတော့ ဒီလိုပဲဆန္ဒပြကြရင်းနဲ့ ပြီးသွားမယ်လို့ပဲတွေးခဲ့မိတယ်။ ဒီလိုစစ်ဘေး ရှောင်စခန်းကို ရောက်လာရလိမ့်မယ်ဆိုပြီး မတွေးမိခဲ့ဘူး “ လို့   ဖယ်ခုံမြို့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ရောက်ရှိ နေတဲ့ နော်ထူးမြတ်က တိုးညှင်းသော အသံဖြင့် ပြောလာပါတယ်။ နော်ထူးမြတ် ဟာ ကလေး ၂ ယောက်ရဲ့  မိခင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီ...

Latest news