ကရင်နီသို့ စစ်ကြောင်းထိုးဖောက်နိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

သျှမ်းတောင်မှ ကရင်နီ (ကယား) ပြည်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နိုင်ရန်အတွက် ပအိုဝ်းပြည်သူ့စစ် (PNO) စစ်အင်အားသုံးပြီး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နယ်စပ်ဒေသရှိ ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

PNO စိုးမိုးထားသည့် ပင်လောင်းမြို့ကို အခြေပြုပြီး စစ်ကောင်စီတပ်သည် ထောက်ပို့လမ်းကြောင်းအရ အရေးပါသော ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သျှမ်းတော်တပ်ရင်း SSRY ထံမှ သိရသည်။

လက်ရှိတွင် ဖယ်ခုံမြို့မှ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၂၂) သို့ အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီ အင်အားဖြည့်တင်းထားကြောင်း သျှမ်းတော်တပ်ရင်း SSRY ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်နီကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီ က PNO ကို အသုံးပြုနေ

“မိုးဗြဲ ၄၂၂ ကို အင်အား ၄၀၀ ဖြည့်ထားတယ်။ ထီရီးဘက်ကိုလည်း ညောင်ရွှေကနေ စစ်ကား ၄ စီးထပ်ဝင်လာတယ်။ နေရာစုံကနေ စစ်ကြောင်းထိုးနေတာပေါ့” ဟု ၎င်းကပြောသည်။

ဖယ်ခုံမြို့နယ်တွင် ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၃၃၆) နှင့် (ခမရ-၄၂၁) အပြင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်တစ်ခုဖြစ်သော အမှတ် (၇) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် (စကခ) ရှိထားသည်။

ဖယ်ခုံမြို့သည် စစ်ကောင်စီ၏ ရုံးစိုက်နေပြည်တော်နှင့် ၁၁၄ မိုင်သာ ကွာဝေးသဖြင့် စစ်ရေးအရ အရေးပါသော ဒေသတစ်ခုဖြစ်သည်။

ထို့ပြင် ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့တို့သည် ကရင်နီပြည်၏ တံခါးပေါက်အဖြစ် အရေးပါသည်။

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကရင်နီ (ကယား) ပြည်မှ ဒေသများကို အထိုင်ပြန်ချနိုင်ရန်အတွက် စစ်ကောင်စီဘက်မှ ၂၀၂၄ နိုဝင်ဘာလဆန်းမှစ၍ ပြန်လည်ထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်များက ခုခံတော်လှန်တိုက်ခိုက်နေသဖြင့် ရှေတိုးမရဖြစ်နေကြောင်း ဆိုသည်။

“အခုဖယ်ခုံက တိုက်ပွဲအခြေအနေအရ တက်လိုက်ဆုတ်လိုက်ပဲ။ စစ်ရေးအခြေအနေအရ အလုံးစုံက ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု သျှမ်းတော်တပ်ရင်း SSRY ထံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့် ဖယ်ခုံမြို့ဒေသခံနေအိမ်များ

ထို့ပြင် ဆီဆိုင်မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် PNO တိုသည့် ပအိုဝ်းလွတ်မြောက်ရေး တပ်မတော် PNLA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများသည် ပွင်းလင့်ရာသီမှာ ဆက်တိုက်ဆိုသလို ဖြစ်လာနိုင်မည့် အခြေအနေရှိသောကြောင့် ပြည်သူများအနေဖြင့် သတိထား သွားလာရန်လိုအပ်ကြောင်း ဆိုသည်။

စစ်ကြောင်းထိုးကာလအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် အရှေ့ဖယ်ခြမ်းရှိ ကျေးရွားများသို့ ကျရောက်ပေါက်ကွဲရာ သီတင်းပတ် ၂ ပတ်အတွင်း ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...