Tuesday, January 27, 2026

ကရင်နီသို့ စစ်ကြောင်းထိုးဖောက်နိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

သျှမ်းတောင်မှ ကရင်နီ (ကယား) ပြည်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နိုင်ရန်အတွက် ပအိုဝ်းပြည်သူ့စစ် (PNO) စစ်အင်အားသုံးပြီး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နယ်စပ်ဒေသရှိ ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

PNO စိုးမိုးထားသည့် ပင်လောင်းမြို့ကို အခြေပြုပြီး စစ်ကောင်စီတပ်သည် ထောက်ပို့လမ်းကြောင်းအရ အရေးပါသော ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သျှမ်းတော်တပ်ရင်း SSRY ထံမှ သိရသည်။

လက်ရှိတွင် ဖယ်ခုံမြို့မှ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၂၂) သို့ အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီ အင်အားဖြည့်တင်းထားကြောင်း သျှမ်းတော်တပ်ရင်း SSRY ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်နီကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီ က PNO ကို အသုံးပြုနေ

“မိုးဗြဲ ၄၂၂ ကို အင်အား ၄၀၀ ဖြည့်ထားတယ်။ ထီရီးဘက်ကိုလည်း ညောင်ရွှေကနေ စစ်ကား ၄ စီးထပ်ဝင်လာတယ်။ နေရာစုံကနေ စစ်ကြောင်းထိုးနေတာပေါ့” ဟု ၎င်းကပြောသည်။

ဖယ်ခုံမြို့နယ်တွင် ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၃၃၆) နှင့် (ခမရ-၄၂၁) အပြင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်တစ်ခုဖြစ်သော အမှတ် (၇) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် (စကခ) ရှိထားသည်။

ဖယ်ခုံမြို့သည် စစ်ကောင်စီ၏ ရုံးစိုက်နေပြည်တော်နှင့် ၁၁၄ မိုင်သာ ကွာဝေးသဖြင့် စစ်ရေးအရ အရေးပါသော ဒေသတစ်ခုဖြစ်သည်။

ထို့ပြင် ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့တို့သည် ကရင်နီပြည်၏ တံခါးပေါက်အဖြစ် အရေးပါသည်။

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကရင်နီ (ကယား) ပြည်မှ ဒေသများကို အထိုင်ပြန်ချနိုင်ရန်အတွက် စစ်ကောင်စီဘက်မှ ၂၀၂၄ နိုဝင်ဘာလဆန်းမှစ၍ ပြန်လည်ထိုးစစ်ဆင်နေရာ တော်လှန်ရေးတပ်များက ခုခံတော်လှန်တိုက်ခိုက်နေသဖြင့် ရှေတိုးမရဖြစ်နေကြောင်း ဆိုသည်။

“အခုဖယ်ခုံက တိုက်ပွဲအခြေအနေအရ တက်လိုက်ဆုတ်လိုက်ပဲ။ စစ်ရေးအခြေအနေအရ အလုံးစုံက ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု သျှမ်းတော်တပ်ရင်း SSRY ထံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့် ဖယ်ခုံမြို့ဒေသခံနေအိမ်များ

ထို့ပြင် ဆီဆိုင်မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် PNO တိုသည့် ပအိုဝ်းလွတ်မြောက်ရေး တပ်မတော် PNLA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများသည် ပွင်းလင့်ရာသီမှာ ဆက်တိုက်ဆိုသလို ဖြစ်လာနိုင်မည့် အခြေအနေရှိသောကြောင့် ပြည်သူများအနေဖြင့် သတိထား သွားလာရန်လိုအပ်ကြောင်း ဆိုသည်။

စစ်ကြောင်းထိုးကာလအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် အရှေ့ဖယ်ခြမ်းရှိ ကျေးရွားများသို့ ကျရောက်ပေါက်ကွဲရာ သီတင်းပတ် ၂ ပတ်အတွင်း ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...