ဖယ်ခုံ နေရပ်ပြန်စစ်ရှောင် ပြန်လည်ထူထောင်ရေး အတွက် ခက်ခဲနေ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် တိုက်ပွဲများကြောင့် မိမိနေရပ်အိုးအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်း ရှောင်နေရသော ဖယ်ခုံစစ်ဘေးရှောင်များသည် ယခုသြဂုတ်လဆန်းတွင် နေရပ်ပြန်လာနိုင် ကြသော်လည်း နေအိမ်များမီးရှို့ခံရသဖြင့် နေထိုင်ရန်အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်များက ပြောသည်။

စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၄ နှစ်ကုန်ပိုင်းမှစပြီး မိုးဗြဲမြို့ တိုက်ပွဲများကြောင့် မိမိနေရပ်အိုးအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

“တချို့မိသားစုဆိုရင် နေစရာအိမ်ရှိတော့ဘူး၊ အိမ်တွေ မီးရှို့ပြာကျကုန်ပြီ။ မီးလောင်သွားတဲ့ အိမ်ထောင်စု ၅၀ ကျော်ကတော့ အကူအညီလိုအပ်နေတုန်းပဲ” ဟု နေရပ်သွားသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေအိမ်မီးရှို့ ခံထားရသည့် ကျေးရွာများသည် ဖယ်ခုံမြို့နယ် နားဟီးကျေးရွာအုပ်စု နားကုန်းကျေးရွာမှ နေအိမ် ၂၇ လုံး၊ ညောင်ရွှေမြို့နယ် ဘန့်ပြင်အုပ်စု စန့်စွဲကျေးရွာမှ နေအိမ် ၃၀ လုံး စသည့်ဖြင့် ကျေးရွာများမှ အိုးမဲ့အိမ်မဲ့သူ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း ဖယ်ခုံသျှမ်းလူငယ်များအသင်းမှ ထုတ်ပြန်ထားသည်။

အဆိုပါ နေအိမ်များသည် ပြီးခဲ့သော (ဇူလိုင် ၂၆ ရက်) မှစ၍ ဖယ်ခုံအင်း အရှေ့ဖက်ကမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့က မီးရှို့သွားခဲ့ခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင် အသက် (၃၀) ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ စစ်ရှောင်ရတုန်းက ရွာထဲမှာ PDF တွေလာနေတာ။ အဲ့ကြောင့် PDF တွေလာနေတယ်ဆိုပြီး စစ်ကောင်စီနဲ့ PNO တွေက နေအိမ်တွေကို မီးရှို့သွားတာ” ဟု ၎င်းက ပြောသည်။

မိုးဗြဲ၊ ဖယ်ခုံ စစ်ဘေးရှောင်များ

လက်ရှိ ဖယ်ခုံမြို့နယ် လွယ်ပေါ၊ နမ့်ပေါ်လုံ၊ ဆောင်နန်းခဲ၊ လဟယ်၊ မခေခမ်း၊ ပိန္နဲကုန်း၊ နားဟီး၊ အုံတိုင်း၊ ဘန့်ခူး၊ နားကုန်း၊ ကာလရှေ့၊ ညောင်မွန်း၊ တောင်ပို့ကြီး၊ ဆင်ဖြူ၊ ငါးမူးနှင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ၊ စန့်စွဲ၊ စန့်လိတ်၊ လွယ်လုံရွာမှ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၀,၀၀၀ ခန့် နေရပ်တွင် ပြန်နေကြကြောင်း သိရသည်။

ထိုစစ်ဘေးရှောင်းများသည် လက်ရှိတွင် နေရပ်ပြန်နိုင်ကြသော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် အကူညီလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသည့် ဖယ်ခုံသျှမ်းလူငယ်များအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“အခုလောလောဆယ်တော့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်။ ပြီးတော့ အိမ်တွေ ပြန်ဆောက်မယ်ဆိုရင် တော်တော်မလွယ်ဘူး၊ အကူညီအများကြီး လိုအပ်နေတယ်” ဟု ၎င်းကပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းလာပြီး နိုင်ငံရေး အကျပ်အတည်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေသည့် အခြေအနေတွင် သွပ်မိုး ၂ ပေလျှင် ၂,၀၀၀ ကျပ် ရှိနေသဖြင့် (အလျား ၁၄ ပေ၊ အနံ ၈ ပေ) ထရံကာအိမ်တစ်လုံးသည် ကျပ်သိန်း ၆၀ ကုန်ကျစရိတ်ရှိကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၆လကြာ ထိုးစစ်ဆင်ပြီးနောက် (ဇူလိုင် ၇ ရက်) တွင် မြို့ကို ပြန်လည်ထိန်းချုပ်ထားသလို လွိုင်ကော်-ဖယ်ခုံ-မိုးဗြဲ-ပင်လောင်း လမ်းမကြီးကိုလည်း (ဇူလိုင် ၁၂ ရက်) တွင့် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...