ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးမရှောင်နိုင်သော သက်ကြီးသူနှင့် နာမကျန်းသူများ အကူအညီလိုအပ်နေ

သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ဘေးမရှောင်နိုင်ဘဲကျန်ရှိနေသော သက်ကြီးရွယ်အိုနှင့် နာမကျန်းဖြစ်နေသူများ အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံသတင်းရရှိသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိကျေးရွာများသို့ စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲမှုများကြောင့် ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိတွင် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများမှာ တိမ်းရှောင်နိုင်ခြင်းမရှိဘဲ တောတောင်အတွင်း ခက်ခဲစွာနေထိုင်နေရကြောင်း စစ်ရှောင် အရေးကူညီပေးနေသူ အမျိုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

“လက်နက်ကြီးဒဏ်၊ လေယာဉ်ဒဏ်ကြားမှာ ခုထိနေနေရသူတွေရှိပါသေးတယ်၊ ခုရွာလေးက ဟိုဖက် ဒီဖက်လက်နက်ကြီးကျော်လွှားသံတွေ ညတိုင်းကြားနေရတဲ့ နေရာပါ၊ အကုန်အိုးအိမ်စွန့်ပြီးထွက်သွားကြပေမယ့် နာမကျန်း သက်ကြီးရွယ်အိုတွေလည်း များလို့ ပြောင်းရွှေ့ဖို့မလွယ်၊ စစ်ရှောင်စခန်းတွေကလည်း အတော်နာမကျန်းသူပါလို့ လက်မခံရဲလို့ တောင်ကြားထဲ တောင်ယာတဲတွေမှာပဲ မဖြစ်မနေ နေနေကြပါတယ်” ဟု စစ်ရှောင် အရေးကူညီပေးနေသူ အမျိုးသမီးတစ်ဦးမှ ပြောသည်။

လက်ရှိမှာ ကျန်းမာရေးအခြေအနေဆိုးဝါးနေသော သူများပါဝင်နေခြင်းကြောင့် စစ်ရှောင်စခန်းများမှာလည်း လက်မခံရဲကြဘဲ နာမကျန်းဖြစ်နေသူများသည် တောတောင်များထဲတွင် တဲထိုးပြီးနေနေရကြောင်းသိရသည်။

ထို့အပြင်‌ဆောင်းရာသီဖြစ်သောကြောင့် ရာသီဥအအေးဒဏ်ကိုလည်း ပြင်းထန်စွာခံစားနေရပြီး သက်ကြီးရွယ်အိုများအတွက် အဆင်မပြေကြောင်း ၎င်းအမျိုးသမီးကဆက်ပြောသည်။

“မိသားစု ၉ စု စာလောက်ကျန်နေခဲ့ပါသေးတယ်၊ အန္တရာယ်များတဲ့ နေရာလည်း ဖြစ်တာကြောင့် အလှူရှင်တွေလည်း မသွားရဲကြပါဘူး၊ ဒီဘက်ကို ဆေးခန်းလာပြတဲ့ ရပ်ဆွေရပ်မျိုးတစ်ဦးက ပြောပြလာတာကြောင့် သိရတာပါ” ဟု ၎င်းအမျိုးသမီးမှ ဆက်ပြောသည်။

ထို့ကြောင့် ထိုဒေသများသို့ အလှူရှင်များအနေဖြင့် ဆက်သွယ်စုံစမ်းလှူဒါန်းပေးနိုင်ရန်လည်း ထိုအမျိုးသမီးမှ တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ သျှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံမြိုနယ်အတွင်း ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲမှုများပြန်လည်ပြုလုပ်လာပြီး အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာကြောင်း စစ်ရှောင်လူငယ်အမျိုးသားတစ်ဦးကပြောသည်။

အလားတူ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁ရက်) ညနေပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှသတင်းရရှိသည်။

အလုပ်သင် သတင်းထောက် ယူဂျင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...