စစ်ကောင်စီက မိုးဗြဲမြို့ နှင့် ဖယ်ခုံတစ်ကြောပြန်လည်ထိန်ချုပ်နိုင်ရန် အပြင်းအထန်ကြိုးစား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၅ လကျော်ကြာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO အင်အားတို့သည် မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တစ်ကြောကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၅ နှစ်ဆန်းပိုင်းမှစ၍ မြေပြင်ထိုးစစ်ဆင်မှုအပြင် ဝေဟင်လေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်နေလျက်ရှိသည်။

လက်ရှိ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာနှင့် ညောင်ရွှေမြို့နယ် ရေပူကျေးရွာရှိ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံအရှေ့ခြမ်းကျေးရွာအထိ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ကောင်စီဘက်က ထိုးစစ်ဆင်ပြီးတိုက်ခိုက်လာတာ ၉ ရက်လောက်ရှိပြီ။ ဒီနေ့ မနက်တစ်မနက်လုံး တိုက်ပွဲဖြစ်နေတာ။ ဒီရက်ပိုင်း လေကြောင်းနဲ့ တိုက်ခိုက်တာမျိုးမရှိပေမယ့် ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာ။ နှစ်ဖက်လုံးထိခိုက် သေဆုံးတာတွေ များတယ်” ဟု သတင်းစစ်အရေး သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာခန့်က အိမ်ထောင်စု ၁,၀၀၀ ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်လက် ပြောသည်။

မိုးဗြဲ နှင့် ဖယ်ခုံတကြော တိုက်ပွဲကြောင့် ပြည်သူများ လွတ်ရာသို့ ထွက်ပြေးနေရသည့် ပုံ

“အခုစစ်ဘေးရှောင်တွေကတော့ တောထဲရယ်၊ ဘေးကင်းတဲ့ အနီးအနားကရွာတွေမှာပဲ ရှောင်နေထားတယ်ဗျ။ လွယ်ပေါအုပ်စုက လက်နက်ကြီး ရမ်းသမ်းပစ်နေလို့ပါ။ တစ်ခြားဖက်က ထွက်လမ်းမရှိတော့ဘူး။ ပြီးခဲ့ရက်ပိုင်း ကလည်း စစ်ရှောင်ရင်း ဗုံးကျလာလို့ တံအားအောက်ဝင်ပုန်းကြတာ။ တောင်ပို့ကွဲက ပြည်သူတွေတော့ လွယ်ပေါဖက်ပြေးလာတာ၊ အခုလွယ်ပေါကဆက်ပြေးနေရတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ပြည်သူလူထုအနေဖြင့် မိုးဗြဲမြို့တွင်းနှင့် လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် Mobye PDF ကလည်း ထုတ်ပြန်ထားသည်။

အလားတူ ယနေ့ နေ့လယ် (၁၁)နာရီ ဝန်းကျင်တွင် ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာအနီးရှိ ကယန်းပြည်သစ်တပ်မတော် နယ်မြေလုံခြုံရေးဂိတ်ကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့က ဒရုန်းဗုံးကြဲချသွားကြောင်း သိရသည်။

ဖယ်ခုံ ပြည်သူများစစ်ဘေးရှောင်နေကြသည့်ပုံ

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းပိုင်သည် ကရင်နီပြည်အတွက် ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသလို ကရင်နီပြည်အတွက် တံခါးပေါက်အဖြစ် အလွန်အရေးပါသည်။

ထို့အပြင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၁၂၀ ကျော် ကွာဝေးပြီး မိုးဗြဲမြို့မှ ဖယ်ခုံ-ပင်လောင်း၊ မိုးဗြဲမြို့မှ လွိုင်လင်လေး-ဆီဆိုင်၊ မိုးဗြဲမြို့မှ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆိုအထိ ဆက်သွယ်သွားလာ နိုင်သည့်အတွက် စစ်ရေးအရ အရေးပါသည့် နေရာဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...