ဖယ်ခုံမြို့အနောက်ဘက် လအိကျေးရွာကို စစ်ကောင်စီဗုံးကြဲ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက် လအိကျေးရွာရှိ ကလေးငယ်များစာသင်ကြားနေသည့် ဘုန်းတော်ကြီးကျောင်း (ဘကကျောင်း) ကို စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်သောကြောင့် မူလတန်းမှ ကလေးငယ် (၂)ဦး ထိခိုက်ဒဏ် ရာရရှိသွားကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ဘကကျောင်းအာ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စာသင်နေသည့် ကလေးငယ် (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုန်းကြီးကျောင်းမှ ပရဝဏ် အချို့ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဖယ်ခုံ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်လာသည်။

“ဒီတစ်ပတ်ထဲမှာ စစ်ကောင်စီက ခနခန စစ်ကြောင်းထိုးတယ်။နေ့တိုင်းလက်နက်ကြီးသံကြားနေရတယ်။မနေ့က လေယာဉ်နဲ့ လာဝဲသေးတယ်။ ဒီနေ့ မနက်မှာလည်း စစ်ကောင်စီက လအိရွာကိုဒရုန်းနဲ့ ဗုံးကြဲသွားတယ် ကြားလိုက်တယ်။ သေဆုံးတာ ဒဏ်ရာရတာတော့ မသိရသေးဘူး။”ဟု စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။

ယခုလက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ လွယ်ပေါင်းရွာ၊ လဟယ်ရွာနှင့် မိုးဗြဲဘက်ခြမ်းတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး အဆိုပါ ကျေးရွာအနီးနားရှိ ဒေသခံများမှာ တောတောင်ထဲ၌ စစ်ဘေးတိမ်းရှောင် နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ခြံရှိတဲ့ သူက ခြံထဲမှာ စစ်ရှောင်ကြတယ်။ မရှိတဲ့ သူက တောတောင်ထဲ ရှောင်ကြတာ။ မိုးတွင်းကာလဆိုတော့ မိုးကာတွေ စုတ်ပြဲနေပြီး နေစရာ အခက်ခဲရှိတယ်။မိုးရွာတော့ ရေတွေလည်း မသန့်ဘူး။စားသောက်ဖို့တွေ အခက်ခဲဖြစ်တယ်။ မိုးကာတို့ စားစရာတို့ လိုတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄)ရက်နေ့တွင်လည်း စစ်ကောင်စီက မိုးဗြဲအနောက်ဘက်ခြမ်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MBPDF) မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၁၅)ရက်တွင်လည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့ခြင်းကြောင့် အဆောက်ဦးတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...