Tuesday, January 27, 2026

ဖယ်ခုံမြို့အနောက်ဘက် လအိကျေးရွာကို စစ်ကောင်စီဗုံးကြဲ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက် လအိကျေးရွာရှိ ကလေးငယ်များစာသင်ကြားနေသည့် ဘုန်းတော်ကြီးကျောင်း (ဘကကျောင်း) ကို စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်သောကြောင့် မူလတန်းမှ ကလေးငယ် (၂)ဦး ထိခိုက်ဒဏ် ရာရရှိသွားကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ဘကကျောင်းအာ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စာသင်နေသည့် ကလေးငယ် (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုန်းကြီးကျောင်းမှ ပရဝဏ် အချို့ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဖယ်ခုံ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်လာသည်။

“ဒီတစ်ပတ်ထဲမှာ စစ်ကောင်စီက ခနခန စစ်ကြောင်းထိုးတယ်။နေ့တိုင်းလက်နက်ကြီးသံကြားနေရတယ်။မနေ့က လေယာဉ်နဲ့ လာဝဲသေးတယ်။ ဒီနေ့ မနက်မှာလည်း စစ်ကောင်စီက လအိရွာကိုဒရုန်းနဲ့ ဗုံးကြဲသွားတယ် ကြားလိုက်တယ်။ သေဆုံးတာ ဒဏ်ရာရတာတော့ မသိရသေးဘူး။”ဟု စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။

ယခုလက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ လွယ်ပေါင်းရွာ၊ လဟယ်ရွာနှင့် မိုးဗြဲဘက်ခြမ်းတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး အဆိုပါ ကျေးရွာအနီးနားရှိ ဒေသခံများမှာ တောတောင်ထဲ၌ စစ်ဘေးတိမ်းရှောင် နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ခြံရှိတဲ့ သူက ခြံထဲမှာ စစ်ရှောင်ကြတယ်။ မရှိတဲ့ သူက တောတောင်ထဲ ရှောင်ကြတာ။ မိုးတွင်းကာလဆိုတော့ မိုးကာတွေ စုတ်ပြဲနေပြီး နေစရာ အခက်ခဲရှိတယ်။မိုးရွာတော့ ရေတွေလည်း မသန့်ဘူး။စားသောက်ဖို့တွေ အခက်ခဲဖြစ်တယ်။ မိုးကာတို့ စားစရာတို့ လိုတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄)ရက်နေ့တွင်လည်း စစ်ကောင်စီက မိုးဗြဲအနောက်ဘက်ခြမ်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MBPDF) မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၁၅)ရက်တွင်လည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့ခြင်းကြောင့် အဆောက်ဦးတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...