Sunday, May 5, 2024

ဖယ်ခုံ

ဖယ်ခုံတွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံရ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးစစ်ဆင်ရာ ဧပြီလ ၂၁ ရက်က ဖယ်ခုံအနောက်ဖက်ခြမ်းရှိ တောင်တွင်းတစ်နေရာတွင်...

မိုးဗြဲ ခမရ (၄၂၂) တိုက်ပွဲ KNDF ဒုတပ်ရင်မှူး အပါအဝင် တပ်ပေါင်းစုရဲဘော် ကျဆုံးမှုများ

သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေရာ ယမန်နေ့ (ဧပြီလ ၂၁ ရက်) အထိ တိုက်ပွဲ ပြင်းထန်နေပြီး ၂ ဖက် ထိခိုက် ကျဆုံးမှု များပြားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ နာမည်ကျော်...

ဖယ်ခုံနှင့် မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၂၂ ကို ကရင်နီတော်လှန်ရေး အင်အားစု တပ်ဖွဲ့များဖြစ်သည့် KNDFနှင့် PDFs တို့က ဧပြီလ ၃ ရက်စတင်...

ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြား တိုက်ပွဲပြင်းထန်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြား ဒေသများတွင် စစ်ကောင်စီ PNO ပူးပေါင်းတပ်နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၇) ရက်နေ့တွင် ပြောသည်။ ဖယ်ခုံမြို့နယ်နှင့် ဆက်စပ်နေသည့် ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာအုပ်စု၊ တောင်မဲသင်းကျေးရွာနှင့် အနီးတဝိုက်တွင်...

ဖယ်ခုံ တိုက်ပွဲ စစ်ဦးစီးတက္ကသိုလ် နည်းပြ ဒုတိယဗိုလ်မှူးကြီးအောင်ကိုဝင်း သေဆုံး

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း စစ်ဦးစီး တက္ကသိုလ် နည်းပြ ဒုတိယဗိုလ်မှူးကြီးအောင်ကိုဝင်း မတ်လ ၈ ရက်နေ့က ဒရုန်းဗုံး ထိမှန်ပြီးနောက် မတ်လ ၉ ရက်နေ့တွင် သေဆုံးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၁ ရက်နေ့)...

ဖယ်ခုံအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦးဒဏ်ရာရ

သျှမ်း-ကရင်နီ (ကယား) ပြည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။  ဖယ်ခုံမြို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်နီးပါးလိုပင် ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နှင့်...

ကရင်နီတော်လှန်ရေး ထိန်းချုပ်သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့် ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည် ဖယ်ခုံမြို့ရှိ ရပ်ကွက်အချို့နှင့်ရဲစခန်းအပါအဝင် အစိုးရဌာနများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်းသိရသည်။ ဖယ်ခုံမြို့ရှိ မြို့မရဲစခန်းအပါအဝင် အစိုးရဌာနရုံးများကို ယမန်နေ့ ( ဇန်နဝါရီလ ၁၁) ရက်တွင် ကရင်နီတော်လှန်ရေးအင်းအားစုမှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ ထို့သို့ ကရင်နီတော်လှန်ရေး အင်းအားစုမှ သိမ်းပိုက်ရရှိခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ...

ဖယ်ခုံမြို့ စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်

သျှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်‌ရေးအင်အားစုတို့ ဇန်နဝါရီလ ၇ ရက်မှ စ၍မြေပြင်တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းသုံးကာ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သျှမ်းတောင်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့နေ့လည်က နည်းနည်းငြိမ်ပြီး...

ဖယ်ခုံ တိုက်ပွဲကြား ပြည်သူများ ပိတ်မိနေ

သျှမ်းပြည် ဖယ်ခုံမြို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသည့်အတွင်ကြောင့် မြို့ထဲအတွင်း ပိတ်မိနေသူများပြားနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့တွင် ဒီဇင်ဘာလ လလယ်မှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး မြို့၏အဝင်၊အထွက်တို့ တွင် တိုက်ပွဲများပြင်းထန်နေသည့် အတွက်ကြောင့် ပြည်သူဒေသခံများပိတ်မိနေပြီး ထွက်ပြေးရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖယ်ခုံက စစ်ပြန်ဖြစ်နေတာ...

ဖယ်ခုံမြို့ တိုက်ပွဲပြင်းထန်နေ ရဲစခန်း မီးလောင်ပြာကျ၊ ထိုင်တော်မူစခန်းကို တော်လှန်‌ရေးတပ်ပေါင်းစု သိမ်းပိုက်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင် တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း မီးလောင်ပြာကျကာ မြို့မြောက်ဘက်ရှိ စစ်ကောင်စီ ထိုင်တော်မူ စခန်းကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လက်ရှိ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၁)...

Latest news