မိုးဗြဲမြို့ ၊ ဖယ်ခုံမြို့ စစ်တပ် နှင့် ကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်း နှင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတို့တွင် စစ်ကော်မရှင်တပ် နှင့် ကရင်နီတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် (မတ်လ ၇ ရက်မှ ယမန်နေ့ ၁၀ ရက်) မိုးဗြဲမြို့ အနောက်ဘက်ခြမ်း နှင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း တို့တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၇ ရက်နေ့ နဲ့ ၈ ရက်က သူတို့ဘက်( စစ်ကော်မရှင်)က လက်နက်ငယ်ကော လက်နက်ကြီးကော သုံးပြီး တိုက်ပွဲဖြစ်တယ်။၉ ရက် နေ့လယ်ပိုင်းမှာတော့ နှစ်ဘက်တိုင်းပွဲနည်းနည်းပြင်းတယ်။ မိုးဗြဲ အနောက်ဘက်လည်း နှစ်ဘက် အပြန်အလှန်ပစ်နေတာတွေရှိတယ်။မိုးဗြဲဘက်မှာ စစ်တပ်က လက်နက်ကြီးကော ဒရုန်းကော နေ့တိုင်းနီးပါးသုံးတယ်။”ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (မတ်လ ၇ ရက်) မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ် နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)တို့ လက်နက်ကြီး၊ဒရုန်များဖြင့် ပတ်ခတ် တိုက်ခိုက်မှုကြောင့် အနီးအနားရှိ ကျေးရွာနေ ဒေသခံများ အရေးပေါ်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာ ဖက်ကို စစ်ကောင်စီတပ် နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် ကန့်သတ်ထားသည့် နယ်မြေများအတွင်း ဖြတ်သန်း သွားလာခြင်း လုံးဝ (လုံးဝ) မပြုရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ အသိပေး ထုတ်ပြန်ခဲ့သည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင် (၆) ထောင်ကျော်ရှိပြီး ၂၀၂၅ခုနစ် နိုဝင်ဘာလ၌ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO )တို့ ပူးပေါင်းပြီး ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...